ရွေဘိုခရိုင် အမှတ် (၁) စစ်ဒေသရုံးကဖမ်းဆီးထားသည့် ကိုတောက်ထွန်းလင်း၏အမှု အမြန်ဆုံးဖြေရှင်း ပေးရန် မိသားစုဝင်များတောင်းဆို

ရွေဘိုခရိုင် အမှတ် (၁) စစ်ဒေသရုံးကဖမ်းဆီးထားသည့် ကိုတောက်ထွန်းလင်း၏အမှု အမြန်ဆုံးဖြေရှင်း ပေးရန် မိသားစုဝင်များတောင်းဆို

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ရွှေဘိုခရိုင်အမှတ် (၁) စစ်ဒေသရုံးက ဖမ်ဆီးထားသည့် တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ခေါင်းဆောင် ကိုတောက်ထွန်းလင်း၏ အမှုကိစ္စကို NUG အစိုးရ အနေဖြင့် အမြန်ဆုံးဖြေရှင်းပေးရန်နှင့် မိသားစုအား တွေ့ဆုံခွင့်ပေးရန် တောင်းဆိုလိုက်သည်။

အဆိုပါ အမှုနှင့် ပတ်သက်၍ ဇွန်လ ၂၆ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ်၍ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“အမှုကိစ္စကို အမြန်ဆုံး ဖြေရှင်းပေးစေချင်တယ်။ သူ့မှာအပြစ်ရှိလို့ အပြစ်ပေးမယ်ဆိုရင်လည်း လက်ခံ တယ်။ အပြစ်မရှိဘူးဆိုရင်လည်း ပြန်လွှတ်ပေးဖို့ တောင်းဆိုချင်တယ်” ဟု ကိုတောက်ထွန်းလင်း၏ အစ်မ ဖြစ်သူက ပြောသည်။

ကိုတောက်ထွန်းလင်းအား ဖမ်းဆီးထားသည်မှာ ၁ နှစ်-၂လကြာမြင့်လာသည် အထိ မိသားစုဝင်များ အနေဖြင့် မည်သည့်အတွက်ကြောင့် ဖမ်းဆီးခြင်းကိုပင် မသိရသေးဘဲ လူချင်းတွေ့ဆုံခွင့်၊ စားနပ်ရိက္ခာ ပို့ဆောင်ခွင့် တို့လည်း မရကြောင်း ကိုတောက်ထွန်းလင်း၏ ညီဖြစ်သူ ဗိုလ်ရေလှိုင်းကဆိုသည်။

“ဖမ်းဆီးခံရတဲ့အချိန်ကစပြီး အမေနဲ့ ဖုန်းလေးကြိမ်ပဲ ပြောခွင့်ရတယ်” ဟု ဗိုလ်ရေလှိုင်းက ပြောသည်။

ကိုတောက်ထွန်းလင်းအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် ရွှေဘိုခရိုင်အမှတ် ၁ စစ်ဒေသရုံးမှ ဆွေးနွေးစရာ ရှိသည်ဟုဆိုကာ ခေါ်ဆောင်သွားပြီးနောက် တစ်နေရာအရောက်တွင် လူအင်အား လက်နက်အင်အားများ အသုံးပြုကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်း၏ညီဖြစ်သူက ပြောသည်။

“ပြီးခဲ့တဲ့ မေလ ၈ ရက်နေ့ နောက်ဆုံး ဖုန်းပြောခွင့်ရတဲ့အချိန်မှာ သူပြောသွားတာက ဖမ်းဆီးထိန်းသိမ်းခံရ ပြီး နောက်ပိုင်း လများစွာ နှိပ်စက်ညှဉ်းပန်းခံခဲ့ရပြီး အခုတော့ လုံခြုံစိတ်ချရတဲ့နေရာ ရောက်နေပြီ။ ဘယ်နေရာ ဆို တာတော့ မစုံစမ်းနဲ့လို့ပြောပါတယ်” ဟု ကိုတောက်ထွန်းလင်း၏ညီဖြစ်သူ ကိုပြည့်စုံအောင်က ပြောသည်။

ကိုတောက်ထွန်းလင်း၏ အမှုနှင့် ပတ်သက်၍ NUG စစ်ခုံရုံးက တစ်စုံတစ်ရာ စစ်ဆေးခြင်းမရှိဘဲ တရားရေး အဖွဲ့ အစည်း မဖွဲ့ရသေးသည့်အတွက် စောင့်ဆိုင်းပေးရန်သာ ပြောဆိုနေကြောင်း ဆိုသည်။

ကိုတောက်ထွန်းလင်းသည် စစ်အာဏာသိမ်းပြီးနောက် တန့်ဆည်မြို့နယ် သပိတ်ခေါင်းဆောင်အဖြစ် ဆောင် ရွက်ခဲ့ပြီး လက်နက်ကိုင် တော်လှန်ရေးကာလတွင်လည်း တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေစဥ် ရွှေဘိုင်ခရိုင်အမှတ် (၁) စစ်ဒေသရုံး၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။

ဓာတ်ပုံ - ပေါက်မြို့နယ်၊ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဌာန
July 3, 2026
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်အတွင်းသို့ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်နေခြင်းကြောင့်...
July 3, 2026
ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်နှင့် သာကေတမြို့နယ်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်း...
July 2, 2026
ဟန်ထူးဇော် — ကရင်ပြည်နယ် ဘားအံမြို့နှင့် မြဝတီမြို့ အဝေးပြေးကားလမ်းမပေါ်တွင် ဖြတ်သန်းသွားလာနေသော...
July 1, 2026
နော်ဝေနိုင်ငံအခြေစိုက် မြန်မာ (CRPH) အထောက်အကူပြုအဖွဲ့က ဦးဆောင်၍ နိုင်ငံပေါင်း ၁၁ နိုင်ငံမှ...