ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပေးသောကြောင့် သရုပ်ဆောင်ပိုးကြာဖြူခင် ဖမ်းဆီးခံထားရ

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဆုတောင်းပေးသောကြောင့် သရုပ်ဆောင်ပိုးကြာဖြူခင် ဖမ်းဆီးခံထားရ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့အား Facebook (လူမှုကွန်ရက်စာမျက်နှာ) ပေါ်တွင် ဆုတောင်းပိုစ့် (Post) တင်ခဲ့သောကြောင့် သရုပ်ဆောင် ပိုးကြာဖြူခင်အား စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေး နေသည်။

ဇွန်လ ၁၉ ရက်နေ့ ကစတင်ကာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်း ဖြစ်သည်။

“ဇွန် ၁၉ နေ့က ‘ငြိမ်းချမ်းသောမွေးနေ့ဖြစ်ပါစေ’ လို့ သူ့ ဖေ့ဘုတ် (Facebook) မှာတင်လို့ သူ့အိမ်မှာ လာဖမ်းသွား တာပါ။ ငွေလိုချင်လို့၊ ငွေညှစ်ချင်လို့ပါဗျာ” ဟူ၍ တရားရေး အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးက မဇ္ဈိမသို့ အတည်ပြု ပြောသည်။

စစ်အာဏာသိမ်းမှုအား ဆန့်ကျင်တော်လှန်သော ပုဂ္ဂိုလ်များနှင့် စပ်လျဉ်း၍ ပတ်သက်ဆက်နွယ်သည့် အရေး အသားများအား၊ အားပေးအားမြောက်ပြုသည့် အရေးအသားများအပြင်၊ ထောက်ခံသည့် အရေးအသားများကို လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြမိလျှင် စစ်ကောင်စီတပ်က ဖမ်းဆီးခြင်းများ ဆက်တိုက်လုပ်နေခြင်း ဖြစ်သည်။

စစ်တပ်လော်ဘီ ဟန်ငြိမ်းဦး အမည်ခံ တယ်လီဂရမ်ချန်နယ်များမှ ထိုသူများအားဖမ်းဆီးရန် နာမည်၊ နေရပ်လိပ် စာနှင့် အကြောင်းအရာ အချက်အလက်များအား အတိအကျ ဖော်ပြပြီး တိုက်တွန်း‌လေ့ရှိကြောင်း တွေ့မြင်ရ သည်။

ထိုထဲတွင် သရုပ်ဆောင် ပိုးကြာဖြူခင်နှင့် ၎င်း၏ မိခင်လည်း ပါဝင်ခဲ့ပြီး သူမတို့နှစ်ဦးကို ဖမ်းဆီးရန် ဇွန်လ ၁၉ ရက်နေ့က ဖော်ပြထားမှုများရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်အား Facebook (လူမှုကွန်ရက်စာမျက်နှာ) တွင် မွေးနေ့ဆုတောင်းပေးသည့် သရုပ် ဆောင် ပိုးကြာဖြူခင် ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ ပြည်သူတစ်ဦးက ယခုကဲ့သို့မှတ်ချက်ပြုသည်။

“အဲ့ဒါကြောင့် ဒီနိုင်ငံထဲနေရင် ဘာမှကို မ share ရဲ၊ မရေးရဲ၊ like မလုပ်ရဲ၊ သူတို့ဖမ်းချင်ရင် like လုပ်တာကအစ အပြစ်ရှာတာ detail (အသေးစိတ်) ကျကျ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် ပန်းသပိတ်ပြုလုပ်ကြသူများ၊ ပန်းပွင့်ကိုင်ဆောင် သွားလာကြသူများ၊ ပန်းရောင်းချသူ၊ ဝေငှသူများကိုလည်း စစ်ကောင်စီတပ်မှ လိုက်လံရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သေးသည်။

ထိုသို့ ဖမ်းဆီးခံရသူများထဲမှ အချို့မှာ ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခံထားရသူများပင် ရှိနေပြီဟု တရားရေး အသိုင်းအဝိုင်းနဲ့ နီးစပ်သူများက သတင်းမီဒီယာများတွင် ပြောဆိုထားသည်။

March 12, 2026
အိန္ဒိယ - မြန်မာ ကုန်သွယ်မှုပြုလုပ်မည့် ကုလားတန်ဘက်စုံသုံးသယ်ယူပို့ဆောင်ရေး စီမံကိန်း (Kaladan...
March 11, 2026
မောင်ခက်နွေ — အာဏာသိမ်းမြန်မာစစ်တပ်၏ ဝင်ငွေအရင်းအမြစ်ဖြစ်သည့် ပုလဲလုပ်ငန်းတွင် ပါဝင်ပတ်သက်နေသော...
March 10, 2026
ဇာမဏီလင်းမောင် — မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဖယ်ထုတ်၍မရသည့် လူထုခေါင်းဆောင်...
March 9, 2026
ပါခွီး — ကချင် ၊ ချင်းနှင့် ရခိုင်ပြည်နယ်များသို့ ပို့မည့် စက်သုံးဆီများ NUG၏ တိုင်း/ ဖက်ဒရယ်...