နေရပ် အပြီးပြန်လာကြသည့် နမ်ဆန်ယန်ဒေသခံများ တိုက်ပွဲပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်နေ

နေရပ် အပြီးပြန်လာကြသည့် နမ်ဆန်ယန်ဒေသခံများ တိုက်ပွဲပြန်လည်ဖြစ်ပွားလာမည်ကို စိုးရိမ်နေ

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ကျေးရွာမှာ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)နဲ့ စစ်ကောင်စီ တပ်တွေအကြား စစ်ရေးတင်းမာနေလို့ တိုက်ပွဲပြန်ဖြစ်လာမှာကို နေရပ်ပြန်ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

နမ်ဆန်ယန်ကျေးရွာမှာ ရွှေတူးနေတဲ့ လုပ်ငန်းရှင်တွေကို ဖမ်းဆီးဖို့ဆိုပြီး ဗန်းမော်မြို့နယ်ဘက်၊ ခါရာဘက်ကနေ လာကြတဲ့ စစ်ကောင်စီတပ်တွေနဲ့ KIA တပ်တို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြတယ်လို့ နမ်ဆန်ယန်ဒေသခံ တွေက ပြောပါတယ်။

နမ်ဆန်ယန်ဒေသခံ အမျိုးသမီးတစ်ဦးက “ကျွန်မတို့က ဖြစ်နိုင်တဲ့ဘက်၊ နီးစပ်တဲ့ နေရာတွေဘက်ကို ရွှေ့ပြောင်း ဖို့တော့ မျှော်လင့်ထားပါတယ်။ ပြင်ဆင်တဲ့ အပိုင်းကတော့ ကျွန်မတို့ အမြဲတမ်း အဆင့်သင် ပြင်ဆင်ထားကြပါ တယ်” လို့ ပြောပါတယ်။

ဒါ့အပြင် သူတို့တွေက စစ်ရှောင်စခန်းကနေ အပြီးထွက်လာကာ နေရပ်ပြန်ခဲ့ကြတဲ့သူတွေ ဖြစ်တဲ့အတွက် တိုက်ပွဲပြန်ဖြစ်ရင် သူတို့ အနေနဲ့ ပြန်ခိုလှုံမယ့်နေရာ မရှိတော့တာကြောင့် စိုးရိမ်မှုတွေ ရှိနေကြတာပါ။

ဝိုင်းမော်မြို့နယ်က စစ်ရှောင်စခန်းတစ်ခုမှာ  ခိုလှုံနေတဲ့ နောက်ထပ်ဒေသခံ အမျိုးသမီးတစ်ဦးက “ဖြစ်လာခဲ့ရင် ထွက်ပြေးဖို့ အဆင့်သင်လို့တော့ပြောတယ်။ တစ်ခု ခက်နေတာက စစ်ရှောင်စခန်းက ထွက်သွားပြီဆိုတော့  စစ် ရှောင်စခန်းမှာ သူတို့အတွက် နေရာမရှိတော့ဘူး။ လက်မခံတော့ဘူးဆိုတော့ စိတ်မကောင်းစရာပဲ” လို့ ပြောပါ တယ်။

ကျေးရွာအတွင်း စစ်ပြန်ဖြစ်လာရင် မိသားစု စားဝတ်နေရေးအပြင် ကလေးတွေရဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ ကိစ္စ ရပ်တွေမှာ ထိခိုက်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးက ရွာအတွင်း ကိစ္စတစ်ခုခု ဖြစ်ပွားခဲ့ရင် အချင်းချင်း အကြောင်းကြားပြီး ဆွေးနွေး ညှိနှိုင်းတာတွေ ပြုလုပ်သွားကြဖို့ ပြောဆိုမှုတွေရှိတယ်လို့လည်း ဒေသခံတွေကဆိုပါတယ်။

ရွာသားတွေ ပြန်လည်နေထိုင်တဲ့ ၂၀၁၈ ခုနှစ်လောက်ကစပြီး ၂၀၂၀ နှစ်စပိုင်းလောက်အထိ စစ်ကောင်စီတပ်ရဲ့ စခန်းရှိခဲ့ပေမဲ့ ၂၀၂၀ ခုနှစ် နှစ်လည်လောက်ကစပြီး စခန်းတွေမရှိတော့ဘူးလို့ဆိုပါတယ်။

ဇွန်လ ၁၆ ရက်နေ့ ညနေပိုင်းလောက်က ဗန်းမော်မြို့နယ်၊ ခါရာဘက်ကနေ နမ်ဆန်ယန်ကို လာကြတဲ့ စစ်ကောင် စီ တပ်သားအင်အား ၁၀၀ လောက်ရှိတဲ့ စစ်ကြောင်းကို နမ်ဆန်ယန်တံတားအကျော်၊ အောင်ဂျာကျေးရွာ၊ လွယ်လွမ်တောင်အနီးမှာ KIA တပ်က တားဆီးပစ်ခတ်ခဲ့တာကြောင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

ဒီလို ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး နောက်တစ်ရက်မှာ ရွှေတူးသူ အများပိုင်းက လုပ်ငန်းတွေရပ်နားကာ ပြန်သွားကြပြီဖြစ်ပေမဲ့ ရွှေဆိုင်းကြီးတွေကတော့ ဆက်လက်လုပ်ဆောင်နေပါသေးတယ်။

နမ်ဆန်ယန်ကျေးရွာ ဒေသခံတွေဟာ ၂၀၁၁ ခုနှစ်က KIA နဲ့ စစ်တပ်တို့ကြားက တစ်ကျော့ပြန် တိုက်ပွဲတွေကြောင့် ထွက်ပြေးခဲ့ရတာ ဖြစ်ပြီး ၂၀၁၈ ခုနှစ်က ကျေးရွာတွင်း ပြန်လည်နေထိုင်နေကြတာ ဖြစ်ပါတယ်။

ဓါတ်ပုံ- ၂၀၁၈ ခုနှစ်က နမ်ဆန်ယန်ကျေးရွာသို့ နေရပ်ပြန်ခဲ့စဉ်

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...