မီဇိုရမ်ပြည်နယ်က ချင်းစစ်ဘေးရှောင်များအရေး အမေရိကန်ပြည်ထောင်စုတွင် ဆွေးနွေးမည်

မီဇိုရမ်ပြည်နယ်က ချင်းစစ်ဘေးရှောင်များအရေး အမေရိကန်ပြည်ထောင်စုတွင် ဆွေးနွေးမည်

အမေရိကန်ပြည်ထောင်စု မေရီလဲန်းပြည်နယ်အခြေစိုက် Chin Association of Maryland က လာမည့်ဇွန်လ ၂၇ ရက်နေ့တွင် မီဇိုရမ်ပြည်နယ်ရှိ ချင်းစစ်ဘေးရှောင်များအရေးနှင့် ပတ်သက်သော အစီရင်ခံစာထုတ်ပြန်ခြင်းနှင့် အတူ ဆွေးနွေး ပွဲတရပ်ကျင်းပပြုလုပ်မည် ဖြစ်သည်။

ဇွန်လ ၂၇ ရက် နေ့လည် ၂ နာရီမှ ၃ နာရီခွဲအထိ ဝါရှင်တန်ဒီစီ Open Society Foundations မှာ ယင်းအစီစဉ်ကို ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး Chin Association of Maryland ၏ “အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ ချင်းဒုက္ခသည် များ - ဒုက္ခသည်များကို ကူညီပေးခြင်းနှင့် ၎င်းတို့အား ကြိုဆိုနေသည့် ဒေသခံအသိုင်းအဝိုင်းများကို ပံ့ပိုးပေး ခြင်း’’ ဆိုသည့် အစီရင်ခံစာနှင့်ပတ်သက်၍ ဆွေးနွေးကြမည်ဟု ဇွန်လ ၁၄ ရက်နေ့က Chin Association of Maryland က ထုတ် ြန်သည်။

Chin Association of Maryland မှ Reverend Tim Siemens, CAM Board Chairman, Matthew Wilch, Advisor နှင့် Zo Tum Hmung, Executive Director တို့သည် ပြီးခဲ့သည့် မတ်လ ၁၀ ရက်နေ့မှ ၂၄ ရက်နေ့အထိ အိန္ဒိယနိုင်ငံ နယူး ဒေလီနှင့် မီဇိုရမ်ပြည်နယ်သို့ သွားရောက်ကာ ချင်းနှင့် မြန်မာနိုင်ငံမှ ဒုက္ခသည်များ၏ အခြေအနေကို အကဲ ဖြတ်လေ့လာခဲ့ကြပြီး ယခု ထုတ်ပြန်မည့် အစီရင်ခံစာသည် ခရီးစဉ်မှ အဓိက တွေ့ရှိချက်များနှင့် လူသားချင်း စာ နာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြေရှင်းရန်အတွက် အကြံပြုချက်များကို တင်ပြထားသည် ဟု ဆိုသည်။

CAM အကြံပေးနှင့် အစီရင်ခံစာ ရေးသားသူ Matthew Wilch က “မီဇိုရမ်ပြည်နယ် အစိုးရ၊ NGO တွေနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေက ချင်းတွေနဲ့ တခြားဒုက္ခသည်တွေကို  လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြတာကို တွေ့ခဲ့ရပါတယ်” ဟု ပြောသည်။

“ဒါပေမယ့် ဒုက္ခသည်တွေနဲ့ သူတို့ကို ကြိုဆိုတဲ့အသိုင်းအဝိုင်းတွေက နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အကူ အညီကိုလည်း လိုအပ်နေပါတယ်” ဟု Matthew Wilch ကပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံရေးမတည်ငြိမ်မှု၊ စစ်ရေးပဋိပက္ခနှင့် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီး သတ်ဖြတ်မှုရန်မှလွတ်မြောက်ရန် မြန်မာနိုင်ငံသားအမြောက်အများသည် အိမ်နီးချင်းအိန္ဒိယနိုင်ငံ ဘက် သို့ ထွက်ပြေးခို လုံခဲ့ကြရသည်။

အိန္ဒိယနိုင်ငံတွင် မီဇိုရမ်ပြည်နယ်သည် မြန်မာနိုင်ငံသားများ အထူးသဖြင့် ချင်းလူမျိုးများ ထွက်ပြေးခိုလုံမှု အများဆုံး ပြည်နယ်ဖြစ်ပြီး မီဇိုရမ်ပြည်နယ်အစိုးရ၏ စာရင်းအရ မီဇိုရမ်ပြည်နယ်တစ်ခုတည်းတွင် လူဦးရေ ၃၀၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်ခိုလုံနေကြရသည်ဟုဆိုသည်။

အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခိုလုံခဲ့ကြသည့် မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူများသည် လူသားချင်းစာနာမှု အကူအညီများ လိုအပ်နေပြီး ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများကလည်း အကူအညီများ ပေးအပ်သင့်သည်ဟု CAM အမှုဆောင် ဒါရိုက်တာ Pu Zo Tum Hmung ကပြောသည်။

“ဒုက္ခသည်တွေအတွက် အကာအကွယ်နဲ့ လူသားချင်းစာနာတဲ့ အကူအညီတွေ ပိုလိုအပ်တယ်။ UNHCR၊ UNICEF၊ WFP နှင့် အခြားသော သက်ဆိုင်ရာ UN အေဂျင်စီများ အပါအဝင် ကုလသမဂ္ဂ အေဂျင်စီများအနေနဲ့ ယင်းကိစ္စကို ကူညီဖြေရှင်းပေးနိုင်ပါလိမ့်မယ်” ဟု Pu Zo Tum Hmung ကပြောကြားခဲ့သည်။

“တစ်ဖက်မှာလည်း ချင်းပြည်နယ်နဲ့ အနီးနား စစ်ကိုင်းနဲ့ မကွေးတိုင်း ဒေသကြီးတွေမှာ ပြည်တွင်းနေရပ်စွန့်ခွာသူ တစ်သန်းကျော်ဟာ သူတို့ကို အကာအကွယ်ပေးဖို့နဲ့ သူတို့ရဲ့ ဆိုးရွားလှတဲ့ လူသားချင်းစာနာမှု လိုအပ်ချက် တွေ ကို ဖြည့်ဆည်းပေးဖို့ အိန္ဒိယ-မြန်မာ နယ်စပ်ကို ဖြတ်ကျော်ပြီး အကူအညီတွေ ရယူသင့်တယ်” ဟု ၎င်းက ဆက် ပြောသည်။

ယခုထုတ်ပြန်မည့် အစီရင်ခံစာသည် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် Chin Association of Maryland ၏ စတုတ္ထမြောက် အစီရင်ခံစာဖြစ်သည်။

April 27, 2026
ချင်းပြည်နယ်မြောက်ပိုင်းက ဒုတိယမြို့တော်ဟူ၍ တင်စားပြီး စစ်ရေးအချက်အချာ ကျသည့် ဖလမ်းမြို့နှင့်...
April 25, 2026
စစ်အာဏာရှင် မင်းအောင်လှိုင်က သမ္မတအဖြစ် အသွင်းပြောင်းလဲပြီး ရက်ပိုင်းအကြာတွင် ချင်းပြည်နယ်...
April 24, 2026
ကြားကာလတော်လှန်ရေးအတွင်း မတူပီမြို့နယ်တွင် ဒေသန္တရအစိုးရအဖွဲ့အပါအဝင် ယန္တရားများကို...
April 23, 2026
ချင်းပြည်တောင်ပိုင်းက ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းပြည်သူ့အစည်းအရုံး (CPU/ CPA)...