ဆရာ/ဆရာမ လုံလောက်မှု မရှိခြင်းကြောင့် ဝေးလံခေါင်ဖျားသည့် ဒေသဘက်က ကျောင်းသူ/သားများ ပူတာအိုမြို့ပေါ်သို့ ပြောင်းရွှေ့လာ

ဆရာ/ဆရာမ လုံလောက်မှု မရှိခြင်းကြောင့် ဝေးလံခေါင်ဖျားသည့် ဒေသဘက်က ကျောင်းသူ/သားများ ပူတာအိုမြို့ပေါ်သို့ ပြောင်းရွှေ့လာ
ပုံဟောင်းအသုံးပြုထားပါသည်။
ပုံဟောင်းအသုံးပြုထားပါသည်။

မြန်မာပြည်မြောက်ဖျားပိုင်း ဝေးလံခေါင်ဖျားတဲ့ ဒေသဘက်မှာ ဆရာ၊ဆရာမ နည်းပါးတာကြောင့် ကျောင်းသူ ကျောင်းသားတွေ အခုနှစ် ပူတာအိုမြို့ဘက်ကို သိသိသာသာ ပြောင်းရွှေ့လာကြတယ်လို့ သိရပါတယ်။

အများစုဟာ ခေါင်လန်ဖူးမြို့ကနေ အလှမ်းဝေးတဲ့ လန်းဒဂျောင်ဒေသဘက်က အလယ်တန်းနဲ့ အထက်တန်း ကျောင်းသူကျောင်းသားတွေ ဖြစ်ပြီး အရင်နှစ်တွေကထက် ပြောင်းလာတာများလာပြီးတော့ အယောက် ၂၀၀ ဝန်းကျင်လောက် ရှိနိုင်တယ်လို့  အဲဒီဒေသတွေဘက်ကို သွားဖြစ်တဲ့ ပူတာအို ဒေသခံတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို အခုလိုပြောပါတယ်။

“အကြောင်းအရင်းကျတော့ အဓိက သင်ကြားရေးဆရာ၊ ဆရာမ မရှိတဲ့ ကိစ္စပေါ့နော်။ ပြောင်းလာတာတော့ မှန်တယ်" လို့ ပြောပါတယ်။

လက်ရှိ အဲဒီဒေသဘက်က တချို့ကျောင်းတွေဖွင့်လှစ်နေပေမဲ့ သင်ပြပေးမယ့် ဆရာ၊ ဆရာမ လုံလောက်မှု မရှိ တာနဲ့ တချို့ကျောင်းတွေဆိုရင် သင်ပြပေးမယ့်သူမရှိလို့ မဖွင့်လှစ်နိုင်တာတွေလည်း ရှိတယ်လို့ ကြားသိရ ကြောင်း  နောက်ထပ် ပူတာအိုဒေသခံတစ်ဦးကလည်း ဆိုပါတယ်။

“ဖွင့်တဲ့ကျောင်းကလည်း ဆရာ၊ဆရာမ အင်အားနဲ့ ကျောင်းသားအင်အား မလုံလောက်ဘူး။ သင်ထောက်ကူ မရှိဘူး။ တောင်ပေါ်ဒေသက ဘယ်နေရာမှ ဝယ်လို့မရဘူး။ တောင်ပေါ်ဒေသကိုတော့ ဦးစားပေးစေချင်တာပေါ့” လို့ ပြောပါတယ်။

ပူတာအိုမြို့ဘက် ပြောင်းရွှေ့လာကြတဲ့ ကျောင်းသူကျောင်းသားတွေဟာ အိမ်ဌားနေတာ၊ ဆွေမျိုးအိမ်မှာနေတာနဲ့ ဘော်ဒါဆောင်မှာနေပြီး ကျောင်းတက်ကြတာကို မြင်တွေ့ရပြီး ပန်းနန်းဒင်အထက် ခါကာဘိုဒေသဘက်က ကျောင်းသူကျောင်းသားတွေလည်း ရှိပါတယ်။

ခေါင်လန်ဖူးမြို့ကနေ ဆိုင်ကယ်နဲ့ ကားလမ်းတွေမပေါက်ဘဲ အလှမ်းဝေးတဲ့ဒေသဖြစ်တာကြောင့် COVID-19 ကပ် ရောဂါ နောက်ပိုင်းကနေ အဲဒီဘက်မှာ မဖွင့်လှစ်နိုင်တဲ့ စာသင်ကျောင်းတွေများတာနဲ့ စာသင်ပြပေးမယ့် ဆရာ၊ ဆရာမ အင်အား လုံလောက်မှု မရှိတာတွေကြောင့် ပူတာအိုမြို့ဘက်ကို ပြောင်းရွှေ့လာကြတာဖြစ်တယ်လို့ ဆိုပါ တယ်။

Most read this week

January 28, 2026
ကောင်ဂျာရွာ လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရရှိတာကြောင့် ဆေးကုသမှုခံယူနေတဲ့ လသားအရွယ်...
January 27, 2026
ကချင်ပြည်နယ်အတွင်း ဗန်းမော်၊ ဖားကန့်၊ ဝိုင်းမော် စစ်မျက်နှာပြင်နဲ့ တပ်မဟာ(၁)၊(၂) နယ်မြေတွေဘက်မှာ...
January 22, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၂ ခုမှာ ရွေးကောက်ပွဲ မကျင်းပဘူးလို့...
January 21, 2026
ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်အတွင်း ဖွင့်လှစ်ထားတဲ့ ခါကာဘို ဘိုးဘွားရိပ်သာမှာ ခက်ခဲပြီး...