မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်က ဆေးရုံ၊ ဆေးခန်း ၇၀၀ ကျော် ပြန်လည် ဖွင့်လှစ်ထားပြီးဟု စစ်ကောင်စီဆို

မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရခိုင်က ဆေးရုံ၊ ဆေးခန်း ၇၀၀ ကျော် ပြန်လည် ဖွင့်လှစ်ထားပြီးဟု စစ်ကောင်စီဆို
မုန်တိုင်းကြောင့်ပျက်စီးသွားသည့် ရသေ့တောင်ပြည်သူ့ဆေးရုံတွင် ဆေးကုသနိုင်ရန် ပြင်ဆင်ထားမှုအခြေအနေကို ၂၀၂၃ ခုနှစ်၊ မေလ ၂၁ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Tinmyint Oo (Facebook)
မုန်တိုင်းကြောင့်ပျက်စီးသွားသည့် ရသေ့တောင်ပြည်သူ့ဆေးရုံတွင် ဆေးကုသနိုင်ရန် ပြင်ဆင်ထားမှုအခြေအနေကို ၂၀၂၃ ခုနှစ်၊ မေလ ၂၁ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - Tinmyint Oo (Facebook)

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်တွင် ဆေးရုံ၊ ဆေးခန်းနှင့် ဆေးပေးခန်း ၇၅၂ ခု ပျက်စီးခဲ့ပြီး လက်ရှိတွင် ၇၅၀ ခုကို ပြန်လည်ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း ပြည်နယ် စစ်ကောင်စီ ထုတ်ပြန်ချက်အရ သိရသည်။

မုန်တိုင်းကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ ပေါက်တော၊ ရသေ့တောင်၊ ဘူးသီးတောင် မြို့နယ်တို့တွင် ဆေးရုံနှင့် ဆေးခန်း အများအပြားပျက်စီးခဲ့ရပြီး ပြန်လည်ပြုပြင်မှုမှာ ၅၈ ရာခိုင်နှုန်းထိ ပြီးစီးနေ ပြီဟု ရခိုင်ပြည်နယ် စစ်ကောင်စီ လူမှုကွန်ယက်စာမျက်နှာ “သိကြားစေချင်ငွေသဇင်” တွင် ဇွန်လ ၁၅ ရက်နေ့က ထုတ်ပြန်ထားသည်။

“ဆေးရုံ၊ ဆေးခန်း၊ ဆေးပေးခန်း ၇၅၂ ခု ပျက်စီးခဲ့ပြီး ၇၅၀ ဖွင့်လှစ်ထားပါပြီ။ အဆောက်အဦးတွေ ပြုပြင်နေတာ ၅၈ ရာခိုင်နှုန်း ပြီးပါပြီ” ဟု ထုတ်ပြန်သည်။

မုန်တိုင်းကြောင့်  အပျက်အစီးများပြားခဲ့သည့် ရသေ့တောင်မြို့ရှိ ပြည်သူ့ဆေးရုံကြီးကို ပြန်လည်ပြုပြင်နေဆဲ ဖြစ်သည်ဟု ရသေ့တောင်မြို့နယ် ဆေးရုံအုပ် ဒေါက်တာတင်မြင့်ဦးက ပြောသည်။

“ဆောက်လုပ်ရေးဝန်ကြီးဌာနက လုပ်နေတာတွေရှိတယ်။ ဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာန ချိတ်ဆက်ပြီးတော့ တင်ဒါအောင်တဲ့ ကုမ္ပဏီက လုပ်ဆောင်နေတယ်”  ဟု သူက ပြောသည်။

ရသေ့တောင်မြို့၊ ပြည်သူဆေးရုံကြီးမှာ မုန်တိုင်းအလွန် တစ်ပတ်ကျော်အကြာတွင် ပုံမှန်အတိုင်း လည်ပတ်နိုင်ခဲ့ သော်လည်း လျှပ်စစ်မီးပြတ်တောက်နေမှုကြောင့် ဒီဇယ်စက်ကြီးများနှင့် လည်ပတ်နေရသည်ဟု ဆိုသည်။

မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဆေးရုံ၊ ဆေးခန်း၊ ဆေးပေးခန်းများအား ပြန်လည်ပြုပြင်မှုမှာ ရာနှုန်းပြည့် မပြီးသေး၍ လက်ရှိမှာ တာပေါ်လင်စများမိုးကာ ဆေးကုသပေးနေရပြီး ကျေးလက်ဒေသများတွင် နေအိမ်ကို ဆေးခန်းအဖြစ်အသုံးပြုပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးနေရသည်ဟု ဆိုသည်။

“မုန်တိုင်းကြောင့် ဆေးခန်းပျက်စီးသွားလို့ အခုဆေးကုသမှုတွေကို အိမ်ကပဲ ကုသပေးနေရတယ်။ မုန်တိုင်း အတွင်းမှာ ဆေးတွေက သိပ်ပြီးတော့ အပျက်အစီးမရှိခဲ့ဘူး။ အနည်းငယ်လောက်ပဲ ပျက်စီးသွားတယ်။ ဆေးကုသမှုတွေကတော့ ပုံမှန်အတိုင်း ကုသပေးနေတယ်” ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသရှိ ကျေးလက်ဆေးပေးခန်းတစ်ခုတွင် တာဝန်ကျနေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောသည်။

ပုဏ္ဏားကျွန်းမြို့ ပြည်သူ့ဆေးရုံကြီးတွင် မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဆေးရုံခေါင်မိုးများကို ပြုပြင်ပြီး ဖြစ် သော်လည်း အလုံးစုံ မပြီးစီးသေးပေ။

“မုန်တိုင်းကာလကတည်းက ပုံမှန်အတိုင်း ဆေးကုသပေးနေတာတွေ ရှိတယ်။ ဆေးရုံ(ပြုပြင်မှု)က အကုန်လုံး ပြီးစီးတာတော့ မဟုတ်ဘူး။ ကွဲသွားတဲ့မှန်တွေကို ပြန်ပြီးလဲဖို့လိုသေးတယ်” ဟု ပုဏ္ဏားကျွန်းမြို့က လူမှုကူညီ ရေး ဆောင်ရွက်နေသည့် ဖြူစင်ရင်ခွင် ဖောင်ဒေးရှင်းမှ  ကိုအောင်မင်းဇော်က ပြောသည်။

ရခိုင်ပြည်တွင် မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ဆေးရုံ၊ ဆေးခန်းများနှင့် စာသင်ကျောင်းများကို ပထမ ဦးစား ပေးအနေဖြင့် ပြုပြင်ဆောင်ရွက်ရန် လိုအပ်ကြောင်း စစ်ကောင်စီ ဒု-ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မေလအတွင်း ရခိုင်ပြည်ခရီးစဉ်တွင် ညွှန်ကြားခဲ့သည်။  

မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်မြောက်ပိုင်း စစ်တွေ၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်တွင် အပျက်အစီး ၉၅ ရာခိုင်းနှုန်းခန့်ရှိပြီး ကျန်မြို့နယ်များတွင်လည်း အနည်းနှင့် အများပျက်စီးဆုံးရှုံးမှု ရှိခဲ့ကြောင်း ပြည်နယ်စစ်ကောင်စီက ထုတ်ပြန်ထားသည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...