သထုံတွင် သေဆုံးနေသည့် အမျိုးသားနှစ်ဦးအလောင်းတွေ့

သထုံတွင် သေဆုံးနေသည့် အမျိုးသားနှစ်ဦးအလောင်းတွေ့

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာ၊ ရန်ကုန်-မော်လမြိုင် ကားလမ်းဘေးရှိ PTT စက်သုံးဆီအရောင်းဆိုင်ဟောင်းထဲတွင် ပုပ်ပွနေသည့် အမျိုးသားအလောင်း နှစ်လောင်း တွေ့ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဇွန်လ ၁၃ ရက်နေ့ နေ့လည်ပိုင်းခန့်က သတင်းပေးချက်အရ စစ်ကောင်စီတပ်ဖွဲ့တို့က PTT စက်သုံးဆီ အရောင်း ဆိုင် ဟောင်းဝင်းထဲ သွားရောက်စစ်ဆေးစဉ် သေဆုံးချိန်ကြာပြီးဟု ယူဆရသည့် ပုပ်ပွနေသည့် အမျိုးသား ရုပ် အလောင်း နှစ်လောင်းကို တွေ့ရှိရကြောင်း  လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။

“ယာဉ်တန်း ပစ်ခတ်မှုတွေ ဖြစ်ပွားတဲ့အချိန်တုန်းက သေဆုံးခဲ့တာလို့ ယူဆထားတာပေါ့နော်။ လောလော ဆယ် တော့ သေချာအောင် စုံစမ်းစစ်ဆေးနေဆဲပါပဲ” ဟု ဆိုသည်။

သေဆုံးသူနှစ်ဦးသည် အင်္ကျီအနက်ရောင်၊ ဘောင်းဘီအနက်ရောင် ဝတ်ဆင်ထားကြောင်း မည်သူမည်ဝါ ဖြစ် သည်ကို အတည်မပြုနိုင်သေးဘူးဟု ဆိုသည်။

စစ်ကောင်စီ ထောက်ခံ တယ်လီဂရမ်ချန်နယ်များတွင် သေဆုံးသူတို့သည် စစ်ကောင်စီယာဥ်တန်း ပစ်ခတ် တိုက် ခိုက်ခံရသည့် ဖြစ်စဥ်အတွင်း သေဆုံးသွားခဲ့သည့် KNU/PDF တပ်ဖွဲ့ဝင် ရုပ်အလောင်းများဖြစ်ကြောင်း ရေးသားထားသည်။

အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ အကူအညီဖြင့် သိမ်ဆိပ်တိုက်နယ် ဆေးရုံ သို့ ပို့ဆောင်ထားသည်။

အမျိုးသားနှစ်ဦး ရုပ်အလောင်းတွေ့ရှိသည့် နေရာတဝိုက် ရန်ကုန်-မော်လမြိုင် ကားလမ်းတလျှောက်တွင် စစ်ကောင်စီ ယာဥ်တန်း မိုင်းဆွဲခံရသည့် ဖြစ်စဥ်နှင့် ပစ်ခတ်တိုက်ခိုက်ခံရသည့် ဖြစ်စဥ်များအပြင် ခရီးသည် တင် ကားများ၊ ကုန်တင်ကားများ၊ လူမှုကယ်ဆယ်ရေးကား မိုင်းဆွဲတိုက်ခိုက်ခံရသည့် ဖြစ်စဥ်များလည်း မကြာခဏ ဖြစ်ပွားနေသည်။

ကား မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် ခရီးသွားပြည်သူ ထိခိုက်သေဆုံးမှုလည်း ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...