မွန်ပြည်နယ်တွင် ၅ လအတွင်း မြွေကိုက်ခံရသူ ၉၀ ကျော်ရှိပြီး ၅ ဦးသေဆုံး

မွန်ပြည်နယ်တွင် ၅ လအတွင်း မြွေကိုက်ခံရသူ ၉၀ ကျော်ရှိပြီး ၅ ဦးသေဆုံး

မွန်ပြည်နယ်အတွင်း မြွေကိုက်ခံရသူများပြားပြီး ၅ လတာကာလအတွင်း မြွေကိုက်ခံရသူ ၉၀ ဦးရှိပြီး၊ ၅ ဦးသေဆုံးသွားကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။

ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ စာရင်းများအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မေလကုန်အထိ မြွေကိုက်ခံ ရသူ ၉၆ ဦးရှိပြီး၊ သေဆုံးသူ ၅ ဦးရှိခဲ့သည်။

သေဆုံးသူ ၅ ဦးတွင် ကျိုက်မရောမြို့နယ်မှ ၃ ဦး၊ မုဒုံမြို့နယ်မှ ၁ ဦးသေနှင့် ကျိုက်ထိုမြို့နယ်မှ ၁ ဦး ဖြစ်သည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

“မြွေကိုက်ခံရသူများတယ်။ မနှစ်ကဆို ရွာမှာ မြွေထိလို့ဆေးရုံးပို့ပေးဖြစ်တာ ၃၇ ယောက်လောက်ရှိတယ်။ တခြားရွာကလူတွေလည်းပါတယ်။ အချို့ကတော့ မြွေအမျိုးအစားသိတယ်။ အချို့က မြွေအမျိုးအစား မသိ တာလည်းရှိတယ်။ အသက်သေဆုံးရှံးသွားတာလဲရှိတယ်” ဟု မုဒုံမြို့နယ်၊ ကလော့သော့ရွာမှ လူမှုကယ်ဆယ် ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။

မြွေကိုက်ခံရသူများပြီး အသက်သေဆုံးသွားသူများလည်းရှိခဲ့သည့်အတွက် မြွေအန္တရာယ် မပေါ့ဆကြရန်၊ အထူး သဖြင့် တောင်သူလယ်သမားများ၊ လယ်ကွင်းအနီးနေထိုင်ကြသူများ သတိထားသွားလာကြရန် ကျန်းမာရေး ဝန်ထမ်းနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။

“အရင်တုန်းကဆို မြွေဟောက်တွေ ထိတာများပါတယ်။ ကျွန်တော်တို့ အနေနဲ့ သတိထားရမှာက ထွန်ယက်ပြီး သား လယ်ယာတွေမှာ မြက်ပေါက်နေတဲ့ နေရာတွေမှာ ကန်သင်းရဲ့ ဘေးဘက်တွေမှာ ရေတွေရှိတဲ့နေရာတွေမှာ သတိထားရမှာဖြစ်တယ်” ဟု တောင်သူလယ်သမားတစ်ဦးက ဆိုသည်။

မြွေကိုက်ခံရသူ ၉၆ ဦးထဲတွင် မော်လမြိုင်မြို့နယ်မှ ၅ ဦး၊ ကျိုက်မရောမြို့နယ်မှ ၅၁ ဦး၊ ချောင်းဆုံမြို့နယ်မှ ၅ ဦး၊ မုဒုံမြို့နယ်မှ ၃ ဦးဖြစ်သည်။

ထို့အပြင် သံဖြူဇရပ်မြို့နယ်မှ ၃ ဦး၊ ရေးမြို့နယ်မှ ၇ ဦး၊ သထုံမြို့နယ်မှ ၁၁ ဦး၊ ပေါင်မြို့နယ်မှ ၃ ဦး၊ ကျိုက်ထိုမြို့ နယ်မှ ၂ ဦး၊ ဘီးလင်းမြို့နယ်မှ ၆ ဦး ရှိခဲ့သည်။

ပုံ-SAC (စစ်တပ်လေ့ကျင့်ရေးရဟတ်ယာဉ်တစ်စီး တွေ့စဉ်)
May 8, 2026
တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာရှိ မြေယာများကို စစ်ကော်မရှင်တပ်က ရဟတ်ယာဉ်ကွင်း တည်ဆောက်ရန်...
May 7, 2026
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ရှိ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဘုရားဖူးဧည့်သည်ဝင်ရောက်မှု...
May 6, 2026
မွန်ပြည်နယ် ရေးမြို့နယ်တွင် လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် ရက်ပေါင်း (၁၀၀) စီမံကိန်းအောက်ရှိ...
May 5, 2026
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့တွင် ရေလုပ်သားများအပါအဝင် ဒေသခံတချို့...