ပါတီဝင် ၁,၂၀၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားဆဲဟု NLD ထုတ်ပြန်

ပါတီဝင် ၁,၂၀၀ ဦးကို စစ်ကောင်စီက ဖမ်းဆီးထားဆဲဟု NLD ထုတ်ပြန်
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီခေါင်းဆောင်များကို  အာဏာမသိမ်းမီကာလ ၂၀၂၀ ဇူလိုင် ၅ ရက်နေ့က နေပြည်တော် NLD ရုံးခွဲဖွင့်ပွဲတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - NLD)
ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီခေါင်းဆောင်များကို အာဏာမသိမ်းမီကာလ ၂၀၂၀ ဇူလိုင် ၅ ရက်နေ့က နေပြည်တော် NLD ရုံးခွဲဖွင့်ပွဲတွင် တွေ့ရစဉ်။ (ဓာတ်ပုံ - NLD)

စစ်ကောင်စီက အာဏာသိမ်းမှုကာလအတွင်း လွှတ်တော်ကိုယ်စားလှယ် ၇၇ ဦးအပါအဝင် ပါတီဝင် ၁,၂၀၀ ဦးမှာ ဖမ်းဆီခံထားရဆဲဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ထုတ်ပြန်ထားသည်။

NLD ပါတီ၏ လူ့အခွင့်အရေးချိုးဖောက်မှုမှတ်တမ်းများ ကောက်ယူရေးအဖွဲ့ (NLD-HRDT) မှ ပြုစုထားသော စာရင်းအရ အာဏာသိမ်းထားကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်နှစ်ဦး အပါအဝင် ပါတီဝင် ၉၃ ဦးအထိ သေဆုံးရှိခဲ့ကြောင်း ဇွန်လ ၁၃ ရက်နေ့ ထုတ်ပြန်ချက်တွင်ပါရှိသည်။

စစ်ကောင်စီသည် NLD ပါတီအင်အားကြီးထွားနေမည်ကို မလိုလားသည့်အတွက် နိုင်ငံရေးလောကထဲက ပျောက် ကွယ်သွားစေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ် ဦးသန်းစိုးနိုင်က ပြောသည်။

“အဲဒါကြောင့်လည်း ပါတီအဖြစ်က ရုတ်သိမ်းလိုက်တာလေ။ NLD ထောက်ခံတဲ့သူတွေကတော့ စစ်ကောင်စီကို တောင်လှန်နေကြတယ်။ သူတို့နိုင်သွားရင်တော့ NLD ပိုအားကြီးလာမယ်” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

ဖမ်းဆီးခံထားရသည့် NLD ပါတီဝင်များကို စစ်ကောင်စီက ကြီးမားသောပုဒ်များဖြင့် နှစ်ရှည်ထောင်ဒဏ် ချမှတ်ထားပြီး မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့်မရသည့်အတွက် အကျဉ်းသားများ၏ရပိုင်ခွင့်များ ဆုံးရှုံးနေကြရသည်။

NLD ပါတီဝင်လည်းဖြစ် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်သူ ဦးညီပုမှာ စစ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံခဲ့ရကာ ပုဒ်မသုံးခုနှင့်တရားစွဲခံရပြီး ထောင်ဒဏ် ၁၃ နှစ်အထိ ချမှတ်ခံထားရသည်။

ဦးညီပုဖမ်းဆီးခံရချိန်မှစ၍ မိသားစုဝင်များက တွေ့ဆုံခွင့်ရရှိနိုင်ရန်အတွက် အကြိမ်ကြိမ် တောင်းဆိုခဲ့ သော် လည်း စစ်ကောင်စီက ယနေ့အချိန်ထိ တွေ့ဆုံခွင့်မပေးသေးကြောင်း မိသားစုဝင်များ၏ ပြောပြချက်အရ သိရ သည်။

ဝန်ကြီးချုပ်ဟောင်းဦးညီပု၏ မိသားစုဝင်တစ်ဦးက “ဝန်ကြီးချုပ်အခြေအနေကိုတော့ အတိအကျမသိရဘူ။ တွေ့ခွင့်တောင်းထားတာလည်း မရဘူး။ ကျနော်တို့ကတော့ စိတ်ပူတယ်” ဟု ပြောသည်။

အာဏာသိမ်းမှုနှစ်နှစ်ကျော်အတွင်း နေအိမ်အပါအဝင်ပိုင်ဆိုင်မှုများ ချိတ်ပိတ်သိမ်းဆဲခံထားရသူ စုစုပေါင်း ၆၂၅ ဦးရှိပြီး ထိုအထဲ လွှတ်တော်ကိုယ်စားလှယ် ၁၇၁ ဦးနှင့် ပါတီဝင် ၃၃၃ ဦး၏ ပိုင်ဆိုင်မှုပါဝင်ကြောင်း NLD က ဆိုသည်။

စစ်ကောင်စီက NLD ပါတီရုံးချုပ်အပါအဝင်  အဆင့်ဆင့်သောရုံးများကိုလည်း ကျူးကျော်ဝင်ရောက်ဖျက်ဆီး ခြင်း၊ ပါတီပိုင်ပစ္စည်းများကို ယူဆောင်ခြင်း အကြိမ်ပေါင်း ၁၅၃ ကြိမ်အထိရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြသည်။

စစ်ကောင်စီကကျူးလွန်နေသော ရာဇဝတ်မှုများအတွက် အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝန်း အနေဖြင့် ယခုထက်ပိုမိုထိရောက်စွာ အရေးယူဆောင်ရွက်ပေးကြရန် NLD ပါတီက တိုက်တွန်းထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ စစ်တပ်က အာဏာသိမ်းယူထားသည်မှာ နှစ်နှစ် ကျော်အထိ ကြာမြင့်လာပြီဖြစ်သည်။

အာဏာသိမ်းမှုနှစ်နှစ်ကျော်အတွင်း အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် သေဆုံးသူ ၃,၆၅၉ ဦးနှင့် ဖမ်းဆီးခံရသူ ၂၃,၃၂၃ ဦးအထိရှိကြောင်း AAPP ၏ ဇွန်လ ၁၃ ရက်နေ့အထိ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

April 4, 2026
အာရက္ခတပ်တော်(‌AA) ထိန်းချုပ်မြို့နယ်များအတွင်း လိုင်စင်မဲ့ တရားမဝင် ဆေးကုသမှု ပေးနေသည့် ဆရာဝန်...
ကျောက်နီမော်ကျေးရွာက ရေလုပ်သားများကို ၂၀၂၆ ခုနှစ်၊ မတ်လအတွင်းက တွေ့ရစဉ်။
April 3, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာမှ မွတ်ဆလင် ဦးရေ ၂၀...
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်(အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့)တွင် စစ်ကောင်စီက မြောက်ဉီးဆေးရုံကြီးကို လေကြောင်း တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစုဝင်များ ငိုကြွေးနေသည်ကို တွေ့ရစဉ်။
April 2, 2026
၂၀၂၆ ခုနှစ်၊ မတ်လအတွင်း ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်း၊ ဒရုန်းဖြင့် ဗုံးကြဲမှု၊ လက်နက်ကြီး...
April 1, 2026
အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်သို့ စက်သုံးဆီ ရောင်းချသယ်ယူခွင့်ကို အာဏာပိုင်များက...