ဟားခါးမြို့ Agape ဆေးရုံမှ စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် ကျန်းမာရေးဝန်ထမ်း ၅ ဦး ပြန်လွတ်မြောက်လာ

ဟားခါးမြို့ Agape ဆေးရုံမှ စစ်ကောင်စီက ဖမ်းဆီးခဲ့သည့် ကျန်းမာရေးဝန်ထမ်း ၅ ဦး ပြန်လွတ်မြောက်လာ

ချင်းပြည်နယ် ဟားခါးမြို့ Agape ဆေးရုံမှ စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်း ဆရာဝန်တစ်ဦးနှင့် သူနာပြု ၄ ဦး ပြန်လည်လွတ်မြောက်လာပြီဟု ဖမ်းဆီးခံရသူနှင့် နီးစပ်သူများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မေလ ၂၁ ရက်ည သန်းခေါင်ယံအချိန်တွင် ဟားခါးမြို့ ဈေးဟောင်းရပ်ကွက်ရှိ Agape ဆေးရုံကို စီးနင်းဝင်ရောက်ကာ ဆရာဝန် Sicilia, သူနာပြု Henny, Sianlun, Hniang Sung နှင့် J Mawi တို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။ ထို့နောက် ဇွန်လ ၇ ရက်နေ့ ညနေပိုင်းတွင် ပြန်လွတ်လာကြခြင်း ဖြစ်သည်။

နီးစပ်သူတစ်ဦးက “သူတို့ကို အချုပ်ခန်းထဲမှာ ထားတယ်ဆိုတော့ အခက်အခဲတေတော့ရှိမှာပေါ့နော်။ သူတို့ကို ရိုက်နှက်တာ ကြမ်း ကြမ်းတမ်းတမ်း ပြောတာတော့မရှိဘူး သူတို့မေးချင်တာတွေ အများကြီးမေးတယ်တဲ့။ ပြီးတော့ ဆရာဝန်တစ်ဦးကိုတော့ ကျောင်းပြီးပြီ ဆမလည်းရပြီ ဒါပေမယ့် ဝန်ထမ်းမဖြစ်သေးလို့ ဆေးမကု နဲ့တော့ ဆိုပြီး စောစော လွှတ်ပေးတယ်။ သူနာပြုဆရာမတွေကတော့ CDM မို့လို့ အမျိုးမျိုးမေးပြီးမှ လွှတ် ပေးလိုက်တာလို့ သိရတယ်” ဟု ၎င်းကပြောသည်။

စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် ကျန်းမာရေးဝန်ထမ်း ၅ ဦးအနက် ဆရာဝန် Sicilia သည် ဆေး ကုသခွင့် လက်မှတ် မရှိသေးကြောင့် ဖမ်းဆီးခံပြီးနောက် ၃ ရက်မြောက်နေ့တွင် အစောဆုံး ပြန်လည်လွတ် မြောက်လာပြီး သူနာပြုဆရာမ ၄ ဦးတို့မှာမူ  ဇွန်လ ၇ ရက်နေ့ ညနေတွင် ပြန်လည် လွတ်မြောက်လာကြခြင်း ဖြစ်သည်။

၎င်းတို့ ၅ ဦးအား ဟားခါးမြို့ အချုပ်ခန်းတွင် ထိန်းသိမ်းခံခဲ့ရကြောင်း ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လွန်ခဲ့သည့် ဧပြီလ ၂ ရက်နေ့ကလည်း Agape ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသော ဒေသခံဆရာဝန် ၂ ဦး အပါအဝင် ၃ ဦးကို စစ်ကောင်စီတပ်က ၎င်းတို့ နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ဧပြီလလယ်ပိုင်းတွင် ဒေသ ကာကွယ်ရေးဘက်မှ ထိန်းသိမ်းထားသည့် ဌာနဆိုင်ရာအရာရှိများနှင့် လဲလှယ်ပြီး ပြန်လည်လွှတ်ပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထို့သို့ ဟားခါးမြို့ရှိ အရပ်ဘက်မှ ကိုယ်ထူကိုယ်ထဖြင့် ဖွင့်လှစ်ခဲ့သည့် Agape ဆေးရုံသည် စစ်ကောင်စီ တပ်များ ဝင်ရောက်ပြီး ဝန်ထမ်းများကို ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့သောကြောင့် ဇွန်လ ၁ ရက်နေ့မှစတင်ကာ အတွင်းလူနာ ဆေးကုသမှုကို ရပ်လိုက်ရသည်ဟု ဟားခါး ဒေသခံများက ပြောသည်။

ထို့နောက်  Agape ဆေးရုံတွင် ပြင်ပလူနာများသာ ဆေးကုသပေးပြီး အပတ်စဉ် တနင်္လာနေ့မှ သောက်ကြာ နေ့တိုင်း နံနက်ပိုင်းတွင် ဆေးခန်းပြသနိုင်သည်ဟု ဆိုသည်။

Agape ဆေးရုံသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လာရောက်ပြသသည့် လူနာပိုမိုများပြားလာခဲ့ခြင်း ဖြစ်ပြီး အထွေထွေရောဂါကုသခြင်း၊ ခွဲစိတ်ကုသခြင်း၊ မီးဖွားခြင်းနှင့် မီးယပ်ကုသမှုများ ရရှိနိုင်သော်လည်း စစ်ကောင်စီတပ်မှ လုပ်အားပေး ဆရာဝန်၊ ဆရာမများအား ဖမ်းဆီးခြင်းများ ရှိခဲ့သောကြောင့် ယခု လတ်တ လောတွင် အထွေထွေရောဂါများသာ ကုသပေးနေသည်။

ဓါတ်ပုံ - ပလက်ဝ (wikipedia)
August 17, 2026
ချင်းပြည်တောင်ပိုင်း၊ ပလက်ဝမြို့နယ် အပါအဝင် ရခိုင်ပြည်အတွင်း ULA/AA ၏ ထိန်းချုပ်ဒေသများ၌ အခွန်...
ဓါတ်ပုံ - Chin Defence Force - Asho
August 17, 2026
မကွေးတိုင်းအနောက်ခြမ်းမှ ချင်းတော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် ချင်းကာကွယ်ရေးတပ်ဖွဲ့- အရှို (CDF-...
August 15, 2026
ချင်းပြည် မြောက်ပိုင်း၊ တီးတိန်မြို့နယ်အတွင်း အခြေစိုက်လှုပ်ရှားနေသော PDF-Zoland တပ်ဖွဲ့ဝင် ၇...
ဓာတ်ပုံ - ပုံဟောင်း
August 14, 2026
စစ်တပ်သည် ကလေး-တမူး ကားလမ်းကို ပြန်လည်ထိန်းချုပ်ပြီးနောက် ခမ်းပတ်မြို့ပေါ်တွင် အုပ်ချုပ်ရေး...