စစ်တွေတွင် ဆန်စပါးကုမ္ပဏီက ဆန်အိတ်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချနေ

စစ်တွေတွင် ဆန်စပါးကုမ္ပဏီက ဆန်အိတ်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချနေ
ဓာတ်ပုံ - Shwe Tun Aung
ဓာတ်ပုံ - Shwe Tun Aung

ရခိုင်ပြည်၊ စစ်တွေမြို့တွင် ရခိုင်ဆန်စပါး ကုမ္ပဏီလီမိတက်က မုန်တိုင်းသင့်ပြည်သူများ စားသုံးနိုင်ရန်အတွက် ဆန်အိတ်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။

ဆန်အိတ်များကို စစ်တွေမြို့မဈေးကြီးအနီးရှိ ဈေးမိဈေးဖကော်မတီရုံးတွင် ယနေ့ကစပြီး နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီ အထိ ရောင်းချပေးသွားမည်ဖြစ်ကြောင်း  ရခိုင်ဆန်စပါးကုမ္ပဏီလီမိတက် တာဝန်ရှိသူက ပြော သည်။

“အဓိကကတော့ မုန်တိုင်းကြောင့်ခက်ခဲနေတဲ့ ရခိုင်ပြည်သူတွေအတွက် ရည်ရွယ်ပြီး ရောင်းချပေးတာ ဖြစ် တယ်။ ကျနော်တို့ ကုမ္ပဏီကတော့ အမြတ်မယူဘဲ ရောင်းချပေးနေတာပါ။ ပြန်ရောင်းမယ်ဆိုပြီး လာဝယ်တာ တွေတောင် ရှိတယ်။ ဒါပေမယ့် ကျနော်တို့ မရောင်းပါဘူး” ဟု ရခိုင်ဆန်စပါး ကုမ္ပဏီလီမိတက် ဒါရိုက်တာ ဦးစံဦးကျော်က ပြောသည်။

ဆန်အိတ်များကို ရန်ကုန်မှ စစ်တွေသို့ သင်္ဘောဖြင့် တိုက်ရိုက်သယ်ယူကာ တစ်အိတ်လျှင် ငွေကျပ် ၈၉,၀၀၀၊ အိတ်ငယ်(နှစ်တောင်းအိတ်) ၄၉,၀၀၀ ကျပ်နှင့် တစ်တောင်းလျှင် ၂၄,၅၀၀ ကျပ် နှုန်းထားဖြင့် ရောင်းချနေခြင်း ဖြစ်သည်။

ဆန်အိတ်များရောင်းချနေမှုကို အရေအတွက်နှင့် အချိန်ကာလ ကန့်သတ်မထားဘဲ ရန်ကုန်မှ သယ်ယူ၍ ရရှိနေ သမျှ ရောင်းချပေးသွားမည်ဖြစ်ကြောင်း ရခိုင်ဆန်စပါးကုမ္ပဏီလီမိတက်က ပြောဆိုထားသည်။

မုန်တိုင်းကြောင့် အများပြည်သူ အခက်အခဲဖြစ်နေချိန် ဆန်အိတ်များအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး မှုအပေါ် ပြည်သူလူထုက ဝမ်းသာကြိုဆိုကြသည်။

“ဒီလို ရောင်းချပေးလို့ ခက်ခဲနေသူတွေဘက်က ကျေးဇူးတင်ပါတယ်။ အပြင်မှာဆို ဒီငွေတွေနဲ့ ဆန်နည်းနည်းပဲ ရမယ်။ အခုကျတော့ အဆင်ပြေတာပေါ့။ နောက်လည်း များများရောင်းပေးဖို့ မျှော်လင့်နေပါတယ်” ဟု မင်းဂံရပ်ကွက်နေ ဒေါ်နုနုက ပြောသည်။

မုန်တိုင်းလွန်ပြီးနောက် ရခိုင်တွင် ဆန်ရိက္ခာပါအဝင် အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက် နေပြီး ဒေသခံပြည်သူများမှာ နေ့စဉ်လူမှုဘဝရပ်တည်ရေးတွက် အခက်အခဲများရှိနေကြသည်။

“ဆန်ကလည်းကောင်းတယ်၊ ဝယ်ရတာလည်းအဆင်ပြေတယ်၊ ဈေးလည်းသက်သာတယ်။ ပုံမှန်ရောင်းနေတဲ့ ဈေးနှုန်းဆို ကျနော်တို့ မတတ်နိုင်ဘူးလေ။ မုန်တိုင်းနဲ့ အိမ်လည်းပါသွားတော့ အခက်အခဲက အများကြီးပဲ” ဟု ရူပမြောက်ရပ်ကွက်နေ ဦးအောင်ကျော်သိန်းက ပြောသည်။

ရခိုင်ပြည်တွင် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် “ မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် နေအိမ်၊ အဆောက်အအုံ အများအပြားပျက်စီးကာ ပြည်သူတစ်သန်းနှစ်သိန်းကျော် ထိခိုက်နစ်နာခဲ့ရသည်။

မုန်တိုင်းသင့်ပြည်သူများမှာ စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာ၊ သောက်သုံးရေ အရေးပေါ်လိုအပ်နေသည့်အပြင် ပြန်လည်ထူထောင်ရေးအတွက် စိန်ခေါ်မှုများစွာ ရှိနေကြသည်။

Most read this week

ဓာတ်ပုံ - (DMG / ပန်းမြောင်းကြီးချောင်းဒေသရှိ ဒေသခံအချို့အား ဇူလိုင်လအတွင်း တွေ့ရစဉ်။)
August 19, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ပန်းမြောင်းကြီးချောင်းဒေသရှိ ကျေးရွာအများအပြားတွင်...
စစ်တွေမြို့နယ်မှ မွတ်ဆလင်ဒုက္ခသည်စခန်းတစ်ခုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
August 18, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် ကျေးရွာအချို့တွင် ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုနှုန်း...
ဓါတ်ပုံ - (ပေးပို့) ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၁၄ ရက်နေ့က ဖုံသာချောင်းဒေသ နတ်ထောင့်ကျေးရွာ မူလွန်စာသင် ကျောင်းတွင် ပညာသင်ကြားနေသည့် ကလေးငယ်များကို တွေ့ရစဉ်။
August 18, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ဖုံသာချောင်းဒေသရှိ နတ်ထောင့် (ရွာဟောင်း) ကျေးရွာတွင်...
(ပုံစာ - ၂၀၂၄ ခုနှစ်အတွင်းက တာမွေမြို့နယ်အတွင်း ဝမ်းပျက်/ဝမ်းလျှောရောဂါ ဖြစ်ပွားခဲ့သည့်နေရာများသို့ ကွင်းဆင်းနေကြစဉ် / ဓာတ်ပုံ - MOI)
August 17, 2026
ရန်ကုန်တိုင်းအတွင်း ကာလဝမ်းရောဂါဖြစ်သည့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားသူ ၂၆၀ ကျော်လာနေပြီး...