မိုးရာသီရောက်လာလို့ ပလက်ဝမြို့ပေါ်က စစ်ဘေးရှောင်စခန်းတွေမှာ နေအိမ်သွပ်မိုးများစွာအရေးပေါ်လိုအပ်နေ

မိုးရာသီရောက်လာလို့ ပလက်ဝမြို့ပေါ်က စစ်ဘေးရှောင်စခန်းတွေမှာ နေအိမ်သွပ်မိုးများစွာအရေးပေါ်လိုအပ်နေ

မိုးရာသီရောက်လာလို့ ချင်းပြည်နယ် ပလက်ဝမြို့ပေါ် စစ်ဘေးရှောင်စခန်းက စစ်ဘေးရှောင် အိမ်ထောင်စုတွေ အတွက် သွပ်မိုးများစွာ အရေးပေါ်လိုအပ်နေတယ်လို့ ပလက်ဝစစ်ဘေးရှောင် စခန်းက တာဝန်ရှိသူက ပြောပါ တယ်။

ပလက်ဝစစ်ဘေးရှောင်စခန်းက တာဝန်ရှိသူတစ်ဦးက “ဒီဘောလုံးကွင်းမှာနေတဲ့ အိမ်ထောင်စု (၁၇၃) အိမ် ထောင်စုတွက် IRC  အဖွဲ့ကလည်း အိမ်လေးတွေ ပြန်ပြင်နိုင်ဖို့ ဝါးတွေလှူတာတို့ သစ်လုံးတွေ လှူတာတို့ရှိတယ် ခုလိုအပ်နေတာက အမိုးတွက် သွပ်မိုး (၂၀၀)ကျော်ဝန်းကျင် အရေးပေါ်လိုအပ်နေတယ် မိုးတွင်းလည်း ရောက် နေပြီဆိုတော့ ခုတော်တော်များများ အိမ်မလုံတာတို့ ဖြစ်တော့ အရေးပေါ်သွပ်မိုးတွေ လိုအပ်နေတယ်” လို့ ပြော ပါတယ်။

ပလက်ဝမြို့ပေါ် ဘောလုံးကွင်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းမှာ အိမ်ထောင်စု (၁၇၃) အိမ်က လူဦးရေ (၇၄၆) ဦး တို့တွက် နေအိမ်ပြုပြင်ရမှာတွေနဲ့ အသစ်ဆောက်ဖို့ လိုအပ်တာလည်း (၅) အိမ်လောက်ရှိတယ်လို့ တာဝန်ရှိသူ တွေက ပြောတယ်။

ရက္ခိုင့်တပ်တော် (AA)နဲ့ စစ်တပ်တို့ကြား တိုက်ပွဲတွေကြောင့် ၂၀၁၈ ခုနှစ် ဝန်းကျင်လောက် ကတည်းက ကျေးရွာ တွေမှာ မနေထိုင်နိုင်တော့ဘဲ ပလက်ဝမြို့ပေါ်ကို စစ်ဘေးရှောင်လာကြသူတွေ ဖြစ်ပါတယ်။

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်(AA) ယာယီအပစ်ရပ်ပြီးတဲ့ နောက်ပိုင်း ပလက်ဝမြို့ပေါ်က စစ်ဘေးရှောင် အများ စုကို နေရပ်ပြန်လည်အခြေချနိုင်ဖို့ စစ်ကောင်စီက  စီစဉ်ဆောင်ရွက်တာ တိုက်တွန်းတာတို့ ရှိခဲ့ပေမယ့် လက်ရှိ ပလက်ဝမြို့ပေါ်မှာ စစ်ဘေးရှောင် နှစ်ထောင်ကျော် ကျန်ရှိနေသေးတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီ ဆောင် ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေက ပြောပါတယ်။

ပလက်ဝစစ်ဘေးရှောင်တွေက အရေးပေါ်သွပ်မိုးတွေ လိုအပ်နေသလို တခြားအခြေခံစားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်လို့ ဆိုကြပါတယ်။

ပလက်ဝမြို့နယ်နဲ့ ဆက်စပ်နေတဲ့ ရခိုင်ပြည်နယ်ထဲ မိုခါမုန်တိုင်းဝင်ရောက်ပြီးခဲ့တဲ့နောက် ပလက်ဝမှာ ဆန်စျေး တွေ အဆမတန် စျေးတက်သွားတယ်လို့လည်း ပလက်ဝဒေသခံတွေအပြင် စစ်ဘေးရှောင်တွေ အခက်တွေ့နေ ကြပါတယ်။

စစ်ဘေးရှောင်တွေအနေနဲ့ ကူညီထောက်ပံ့မှုတွေ လျော့နည်းလာတဲ့နောက်ပိုင်း နေ့စားရရာ အလုပ်ကို လုပ်ကိုင် နေကြသူတွေရှိနေသလို တချို့တွေက တောတောင်တွေထဲ ဟင်းစားရှာဖွေ စားသောက်ရင်း နေ့စဉ်ဘဝတွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်နေရတာလို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

အခုလို ဆန်စျေးနှုန်းတွေလည်း တက်သွားချိန်မှာတော့ ပလက်ဝဒေသအတွင်းရှိ အခြေခံ လက်လုပ်လက်စား တွေနဲ့ စစ်ဘေးရှောင်တွေဟာ ဆန်ကိုဝယ်ယူ စားသောက်နိုင်ဖို့ အခက်ခဲတွေများစွာ ကြုံနေရတယ်လို့ ဆိုကြပါ တယ်။

အရင်မိုခါမုန်တိုင်း မဖြစ်ခင်က ပလက်ဝမြို့နယ် ဒေသခံတွေ အများစု စားကြတဲ့ ပေါ်ဆန်းဂျိုးက တစ်အိတ်ကို ကျပ်ခြောက်သောင်းလောက်ကနေ မုန်တိုင်းဖြစ်ပြီးနောက် တစ်သိန်းကိုးသောင်းအထိ စျေးရုတ်တရက် တတ် သွားတယ်လို့ ပလက်ဝဒေသခံတွေ က ပြောပါတယ်။

Most read this week

December 4, 2025
ဒီဇင်ဘာလ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ တီးတိန်မြို့နယ် ဘဲကန့်ရွာကို စစ်ရှောင်ရာကနေ နွားနောက်ရှာရန်...
December 3, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ အာရက္ခတပ်တော်(ULA / AA) က အသက် ၁၈ နှစ်ကနေ ၄၀ အကြား အရွယ်ရှိသူ...
December 2, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ မော်လိုက်အကျဉ်းထောင်က မနေ့ဒီဇင်ဘာလ ၁ ရက်နေ့မှာ လွတ်ရက်နီးနေတဲ့...
Photo credit - CJ
November 28, 2025
နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲ ခန့်ကနေ စတင်ပြီး တီးတိန်မြို့အဝင် တောင်ကုန်းဖြစ်သော Saimual...