တောင်စလုံး တိုက်ပွဲကြား အရပ်သား နေအိမ် ၂၂၀ ကျော် ပျက်စီးဆုံးရှုံး

တောင်စလုံး တိုက်ပွဲကြား အရပ်သား နေအိမ် ၂၂၀ ကျော် ပျက်စီးဆုံးရှုံး

သျှမ်းပြည်  ပင်လောင်းမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်း တပ်ဖွဲ့တို့၏ အကြားတိုက်ပွဲကြောင့် အရပ်သား နေအိမ် ၂၂၀ ကျော် ပျက်စီးသွားခဲ့သည်ဟု ဒေသခံများက ပြော သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ  ၂၄ ရက်မှ ယနေ့ ဇွန်လ ၉ ရက်အထိ ၃ လ ကျော်ကြာ တိုက်ပွဲဆက်လက် ဖြစ်ပွားသည့် ပင်လောင်းမြို့နယ် တောင်စလုံးကျေးရွာတွင် စစ်ကောင်စီသည် လေကြောင်းအသုံးပြုပြီး ဗုံးကြဲချခြင်း၊ အဝေး ပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် နေအိမ် ၂၂၀ လုံးကျော် ပျက်စီးသွားခဲ့ကြောင်း နေရပ်ပြန်သွားသည့် စစ်ရှောင်တစ်ဦးက ပြောသည်။

“အရင်လတွေက လေယာဉ် နဲ့ ဗုံးကြဲခံရတာ။ နေ့တိုင်းလိုလိုပါပဲ။ ပေါင် ၅၀၀ ဗုံးတွေ မကွဲပဲ ကျန်နေတဲ့ တစ်လုံး ရှိသေးတယ်။ လက်နက်ကြီးတွေကတော့ မရေတွက်နိုင်အောင်ပါပဲ“ ဟု နေရပ်ပြန်သွားသည့် စစ်ရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ် ၂၂၀ လုံး ပျက်စီးသွားပြီး လူဦးရေ ၁၁၀၀ ကျော်သည် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေကြရသည်။

လက်ရှိ နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်သည့် တောင်စလုံးကျေးရွာမှ စစ်ရှောင်များသည် နေရပ် ပြန်သွားစဉ် နေစရာ အိမ်မရှိတော့သဖြင့် စိတ်မကောင်းဖြစ်မိကြောင်းလည်း ၎င်းအထက်ပါ ပုဂ္ဂိုလ် က ဆက် ပြောသည်။

“စိတ်တော့ မကောင်းဘူးပေါ့ဗျာ။ ဒါပေမယ့် အားတင်းထားရတာပေါ့။ ကျနော်တို့ ကရင်နီပြည်က သေးသေး လေးပါ။ ဒါပေမယ့် ကျွန်တော်တို့ အားလုံးက စည်းစည်းရုံးရုံး ရှိနေကြတယ်ဆိုတာတော့ အာဏာရှင်တွေကိုတော့ သိစေချင်တယ်“ ဟု ၎င်းက ထပ်လောင်း ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်း - ကရင်နီ တလျောက်တွင် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၄၆၃ ကြိမ် ပြုလုပ်ပြီး အရပ်သား သေဆုံးမှု ၄၆၂ ဦး ရှိခဲ့ကြောင်း တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF က ဇွန် ၁ ရက်တွင် ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - (စစ်အုပ်စုတပ်၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသည့် မိုးနဲဒေသခံ စိုင်းမိန်း (ခေါ်) စိုင်းလင်း။ / Crd)
September 21, 2026
သျှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့တွင် ဒေသခံအမျိုးသားတစ်ဦး စစ်မှုထမ်းရန်အတွက် စစ်အုပ်စုတပ်၏...
September 21, 2026
-  ရခိုင် စစ်တွေစစ်မျက်နှာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်အုပ်စု တပ်စခန်းတချို့...
စစ်အုပ်စုတပ်များအား တွေ့ရစဉ်။ / Photo Crd
September 19, 2026
သျှမ်းပြည် တောင်ပိုင်း၊ တောင်ကြီးမြို့နယ်အတွင်း စစ်အုပ်စုတပ်က ဧည့်စာရင်း လိုက်လံစစ်ဆေးရာ၌...
ထိုင်းနိုင်ငံမှ တာချီလိတ်သို့ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို စစ်တပ်က ဖမ်းဆီးသိမ်းဆည်း၍ မြေမြှုပ်ဖျက်ဆီးနေစဉ်။ / Crd
September 17, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်မှ အသားနှင့် ကုန်စိမ်းများ...