ဗြိတိန်အခြေစိုက် TJC ကုမ္ပဏီက မြန်မာ့ပတ္တမြားနှင့် ကျောက်မျက်ရတနာ ရောင်းချခွင့်ကို ရပ်ဆိုင်း

ဗြိတိန်အခြေစိုက် TJC ကုမ္ပဏီက မြန်မာ့ပတ္တမြားနှင့် ကျောက်မျက်ရတနာ ရောင်းချခွင့်ကို ရပ်ဆိုင်း
၂၀၂၂ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ တက်ရောက်လာသော စစ်ကောင်စီက္ကဌ။ ဓာတ်ပုံ - မြဝတီ
၂၀၂၂ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ တက်ရောက်လာသော စစ်ကောင်စီက္ကဌ။ ဓာတ်ပုံ - မြဝတီ

စစ်ကောင်စီဝင်ငွေရလမ်းကြောင်းတစ်ခုဖြစ်သည့် မြန်မာ့ပတ္တမြားနှင့် ကျောက်မျက်ရတနာ ဝယ်ယူရောင်းချခွင့်ကို ဗြိတိန်အခြေစိုက် TJC ကုမ္ပဏီက ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း Burma Campaign UK က ထုတ်ပြန်ထားသည်။

စစ်ကောင်စီကို ဝင်ငွေဖို့ပေးနေသည့်လမ်းကြောင်းကို ဖြတ်တောက်ရန်အတွက် Burma Campaign UK အဖွဲ့က ပြီးခဲ့သည့် မေလ ၃၀ ရက်နေ့တွင် နိုင်ငံခြားကုမ္ပဏီ ၄၀ ကို စာရေးသားပေးပို့ခဲ့ပြီးနောက် TJC ကုမ္ပဏီက ရောင်းချခွင့်ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း Burma Campaign UK က ဇွန်လ ၇ ရက်နေ့တွင် ထုတ်ပြန်သည်။

မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းတွင် ပါဝင်လျက်ရှိသော စစ်ကောင်စီပိုင်ကုမ္ပဏီများ၊ စစ်ခေါင်းဆောင်များ၏ မိသားစုဝင်များပိုင်ဆိုင်သည့် ကုမ္ပဏီများကလည်း ဝင်ငွေရရှိနေကာ နိုင်ငံပိုင်လုပ်ငန်းများမှလည်း ဝင်ငွေရရှိနေသည့်အတွက် ထိုသို့ဖြတ်တောက်ဖြစ်ကြောင်း Burma Campaign UK က ဆိုသည်။

“TJC က ဒီကိစ္စနဲ့ပတ်သတ်ပြီး ကျင့်ဝတ်ပိုင်းဆိုင်ရာ ရပ်တည်မူအတွက် ချီးကျူးထိုက်ပါတယ်။ အခြား ဗြိတိန် လက်ဝတ်ရတနာ လက်လီရောင်းချသူတွေလည်း အလားတူလုပ်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု Burma Campaign UK အဖွဲ့၏ ဒါရိုက်တာ Mark Farmaner က ပြောသည်။

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေများကို ကုမ္ပဏီကနားလည်ကြောင်း၊ မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆန့်ကျင်ရပ်တည်ရန် အရေးကြီးသည်ဟုခံယူထားသဖြင့် မြန်မာ့ပတ္တမြားနှင့် ကျောက်မျက်ရတနာ ဝယ်ယူရောင်းချခြင်းကို ပယ်ဖျက်ပေးရန် TJC ကုမ္ပဏီက ဆုံးဖြတ်ချက်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း Burma Campaign UK ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လူမှုကွန်ရက်စာမျက်နှာပေါ်တွင် TJC ကုမ္ပဏီက လက်ဝတ်ရတနာရောင်းချနေကြောင်း ဖော်ပြထားမှုမှာ စာရင်းမှားယွင်းပြီး ထည့်သွင်းထားခြင်းသာဖြစ်ကြောင်း Burma Campaign UK က ဆိုသည်။

မြန်မာ့ကျောက်မျက်ရတနာရောင်းချသည့် မန္တလေးဈေးကွက်တွင် ကျောက်စိမ်းအရည်လိုင်းသည် ပစ္စည်းရှားနေပြီး တရုတ်လိုင်း၊ ဂွင်းလိုင်းဖြစ်သော လက်ကောက်မဖောက်ရသေးသည့် ကျောက်စိမ်းအထည်များသာ အရောင်းအဝယ်ဖြစ်နေကြောင်း ကျောက်စိမ်းလုပ်ငန်းရှင်များထံမှ သိရသည်။

မြန်မာ့ကျောက်မျက်ရတနာ အကြမ်းထည်ရောင်းချသည့် ဈေးကွက်တွင် တရုတ်ကအဝယ်များနေသဖြင့် TJC ကုမ္ပဏီက မြန်မာ့ကျောက်မျက်ရတနာရောင်းချခွင့် ရပ်ဆိုင်းလိုက်သော်လည်း လက်ဝတ်ရတနာဈေးကွက်ကို ထိခိုက်မှုမရှိကြောင်း ကျောက်စိမ်းရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူများက ပြောကြသည်။

မန္တလေးမြို့တွင် ကျောက်ရောင်းဝယ်ရေးလုပ်ကိုင်နေသူ ကိုရန်နိုင်လင်းက “တစ်ခါတစ်လေ ထိုင်းက လာဝယ်ကြတယ်။ တရုတ်က ကိုးဆယ်ရာခိုင်နှုန်းလောက် လာဝယ်ကြတယ်။ တရုတ်ကလူတွေဝယ်ပြီး တရုတ် ရွှေလီဘက်မှာ ပြန်ရောင်းကြတာ။ တရုတ်မပိတ်ရင် မထိခိုက်နိုင်ဘူး။ အထိခိုက်နည်းတယ်လို့တောင် ပြောလို့ရပါတယ်” ဟု ပြောသည်။

နှစ်စဉ် အမေရိကန်ဒေါ်လာ ၂ ဘီလီယံရရှိနေသော ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းကို စစ်ကောင်စီက အာဏာသိမ်းယူသည့်အချိန်မှစ၍ ထိန်းချုပ်လျက်ရှိသည်။

Most read this week

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...