လေဖိအားနည်းဆဲလ်ကြောင့် ရခိုင်ပြည်တောင်ပိုင်း ရေကြောင်းခရီးစဉ်များ တစ်ပတ်ခန့်ရပ်နားမည်

လေဖိအားနည်းဆဲလ်ကြောင့် ရခိုင်ပြည်တောင်ပိုင်း ရေကြောင်းခရီးစဉ်များ တစ်ပတ်ခန့်ရပ်နားမည်

ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်အရှိန်ကြောင့် ရခိုင်ပြည်တောင်ပိုင်းသို့ ပြေးဆွဲနေသည့် ရေကြောင်းခရီးစဉ်များကို တစ်ပတ်ခန့်ကြာ ယာယီရပ်နားသွားမည်ဟု ရွှေပြည်တန် အမြန်ရေယာဉ်လိုင်း တာဝန်ရှိသူများက ပြောသည်။

စစ်တွေ - ကျောက်ဖြူ - ရမ်းဗြဲ - ကျောက်နီမော် - တောင်ကုတ်၊  တောင်ကုတ် - မာန်အောင် ရေကြောင်းခရီး စဉ်များကို ဇွန်လ ၉ ရက်နေ့မှစတင်၍ ရပ်နားသွားမည်ဖြစ်သည်။

“ဒီရက်ပိုင်းအတွင်း ဝင်ရောက်လာနိုင်တဲ့ လေပွေလှိုင်းရဲ့ အခြေအနေတွေကြောင့် ဒီခရီးစဉ်တွေကို ရပ်နားသွားမှာ ဖြစ်ပါတယ်။ ဒီလေပွေလှိုင်းက မုန်းတိုင်းအဆင့် မဟုတ်ပေမယ့်လည်း မိုးလေဝသက ကြေညာချက်အရ ပင်လယ်ပြင် အဝေးခရီးစဉ်တွေကို ရပ်နားရတာဖြစ်ပါတယ်” ဟု ရွှေပြည်တန် မန်နေဂျာ ဦးစံမော်သိန်းက ပြောသည်။

ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းဆဲလ်အရှိန်ကြောင့် မုတ်သုံလေအားကောင်းရာမှ အားအလွန် ကောင်း နေသဖြင့် မိုးသည်းထန်စွာ ရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

ယနေ့ညနေအထိခန်းမှန်းချက်အရ ရခိုင်ပြည်၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်းနှင့်  ချင်းပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့်နေရာကွက်၍ မိုးကြီးနိုင်သည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်ကာ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင် (၄၀)အထိ တိုက်ခတ်နိုင်သည်။

လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင် ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

Most read this week

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...