စစ်ကြောင်းထိုးလာလို့ ကလေးတောင်ပိုင်းက ဒေသခံသောင်းနဲ့ချီ ဘေးလွတ်ရာနေရာကို တိမ်းရှောင်

စစ်ကြောင်းထိုးလာလို့ ကလေးတောင်ပိုင်းက ဒေသခံသောင်းနဲ့ချီ ဘေးလွတ်ရာနေရာကို တိမ်းရှောင်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ် တောင်ပိုင်းကကျေးရွာတွေမှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး လာ လို့ ဒေသခံ သောင်းနဲ့ချီပြီး ဘေးလွတ်ရာကို စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ပြောပါတယ်။

ဇွန်လ (၆) ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာဖြစ်ပြီး ယခုလက်ရှိအချိန်ထိ စစ်တပ်က ရွာတွေထဲရှိသေးလို့ ဒေသခံတွေက ဘေးလွတ်ရာမှာ နေနေကြရတယ်လို့ ပြောပါတယ်။

ဇင်းကလင်းကျေးရွာက ဒေသခံတစ်ယောက်က “ရွာက အိမ်တွေမှာ တပ်စွဲထားတာရှိတယ်။ သူတို့ အထိုင်စခန်း ချမယ်လို့လည်း ပြောသံကြားတယ်ပေါ့၊ အဲ့တာတွေကြောင့် ရွာထဲလဲ ပြန်မဝင်နိုင်သေးဘူး။ နောက်ပြီး ရွာနဲ့ နီးတဲ့ ရွာတွေက လူတွေလည်း ဘယ်ချိန်သူတို့ရွာ စစ်ကြောင်း ထိုးလာမလဲ ဆိုတဲ့ စိုးရမ်စိတ်နဲ့ပဲ ရွာထဲ မဝင်ရဲ ကြသေး ဘူး” လို့ ပြောပါတယ်။

ကလေးမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကလေးမြို့နယ်တောင်ပိုင်းက ဇင်းကလင်း၊ သာစည်ကျေး ရွာတွေကို ဇွန်လ ၆ ရက်နေ့၊ မနက်ပိုင်းက စစ်ကြောင်းထိုးလာပြီးနောက် အဲ့ဒီကျေးရွာက ဒေသခံတွေဟာ ဘေး လွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ယခုလက်ရှိအချိန်ထိ ဇင်းကလင်း ကျေးရွာမှာ တပ်စွဲထားတယ်လို့ ဇင်းကလင်း ကျေးရွာက ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဇင်းကလင်းကျေးရွာမှာ ညအိပ်ပြီးတပ်စွဲထားနေတဲ့အချိန် ကလေးမြို့ပေါ်က စစ်တပ် ဘက်ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာနေကြောင့် ထိုမာကျေးရွာက လူနေအိမ်တွေအပေါ် လက်နက် ကြီးကျည် (၃) လုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

ဒါကြော့် ဒေသခံတွေ ကျေးရွာအတွင်းမနေရဲကြတော့ဘဲ ဘေးလွတ်ရာ နေရာတွေမှာ ညတွင်းချင်း ထွက်ပြေး တိမ်းရှောင် နေရတယ်လို့ ထိုမာကျေးရွာက ဒေသခံကပြောပါတယ်။

ထိုမာကျေးရွာက ဒေသခံပြောတာက “လက်နက်ကြီးပေါက်ပြီးတော့ မနေရဲကြတာ။ အဲ့ဒါကြောင့် မနက် (၂) နာရီ လောက်ကတည်းက ဘေးလွတ်ရာနေရာတွေမှာ ခဏတိမ်းရှောင်ကြတာပေါ့။ တစ်ရွာလုံးနီးပါး ထွက်ပြေး ရတယ်“ လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လက်ရှိအချိန်ထိ ဇင်းကလင်းကျေးရွာမှာ တပ်စွဲထားတာကြောင့် အဲ့ဒီကျေးရွာနဲ့ နီးစပ်တဲ့ ထိုမာကျေးရွာ၊ သာစည်၊ သာယာကုန်း ထောက်ကြန့်စတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ သူတို့နေရပ် ကို ပြန်နိုင်တဲ့ အခြေအနေ မရောက်သေးဘူးလို့ ဇင်းကလင်းကျေးရွာက ဒေသခံကပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ကြောင်းထိုးလာပြီးနောက် တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပွားနိုင်တာကြောင့် ကလေးမြို့နယ် တောင်ပိုင်းက ကလေး-ဂန့်ဂေါလမ်းမကြီးကို အသုံးပြုတဲ့သူတွေမရှိတော့ဘူးလို့ အဲ့ဒီကျေးရွာ တွေက ဒေသခံတွေကပြောပါတယ်။

April 25, 2026
ချင်းပြည်နယ် ၊ ဖလမ်းမြို့နယ်မှာ ဧပြီလ ၂၃ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း...
April 24, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေနဲ့ ဖလမ်းမြို့နားမှာ...
April 23, 2026
ဇိုဂမ် (Zogam) နယ်မြေအတွင်းကို ဘယ်ပြင်ပအဖွဲ့အစည်းကမှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်တာကို...
April 22, 2026
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က NCA ကာလတုန်းက မူဟောင်းကြီးကို ပြန်အစဖော်ပြီး CNF အပါအဝင်...