မွန်တိုင်းရင်းသာစာပေအတွက် ဖတ်စာအုပ် သုံးသောင်းကျော် ထုတ်ဝေ

မွန်တိုင်းရင်းသာစာပေအတွက် ဖတ်စာအုပ် သုံးသောင်းကျော် ထုတ်ဝေ

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် အစိုးရအခြေခံပညာကျောင်းများ၌ သင်ကြားနေသည့် မွန်တိုင်းရင်းသား စာပေ အတွက် မွန်ဖတ်စာအုပ် ၃ သောင်း ၁ ထောင်ကျော် ထုတ်ဝေပြီး ဖြန့်ချီပေးလျှက်ရှိသည်။

မွန်တိုင်းရင်းသားစာပေ သင်ကြားနေသည့် မြို့နယ်ပေါင်း ၉ မြို့နယ်ရှိ ကျောင်းများမှ G-1 , G-2, G-3,G-4, G-5 ကျောင်သား ကျောင်းသူများအတွက် မွန်ဖတ်စာအုပ်များကို ထုတ်ဝေပြီး မြို့နယ်အလိုက် ဖြန့်ချီပေးနေသည်ဟု မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီအတွင်းရေးမှု နိုင်မွန်ရာဇာက ပြောသည်။

“မနှစ်ကဆို အခက်ခဲများကြီးဖြစ်သွားတယ်။ ကျောင်းကလည်းဖွင့် စာအုပ်ကလည်းမရှိ၊ အဲ့ဒါကြောင့် မွန်စာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ကျောင်းသားဦးရေစာရင်းတွေ ချုပ်ပြီး ကျောင်းမဖွင့်ခင် ဖတ်စာအုပ်တွေရဖို့ တိုင်းရင်းသားရုံး ကနေ တစ်ဆင့် တင်ပြတယ်။ အဲကနေတစ်ဆင့် ရလာတယ်ပေါ့။ ဒီနှစ်အတွက် ဖတ်စာအုပ်တွေ အရမ်းပြည့်စုံ တာ မဟုတ်ရင်တောင် လုံလုံလောက်လောက်တော့ ရှိတာပေါ့” ဟု သူကပြောသည်။

တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် အစိုးရစာသင်ကျောင်းတွင် မွန်စာပေသင်ကြားနေသည့် ကျောင်းသားပေါင်း ၃ သောင်း ၃ ထောင်ကျော်ရှိနေသည့်အတွက် လက်ရှိဖြန့်ဝေပေးသည့်စာအုပ်အရေအတွက်သည် လုံလောက်မှု မရှိကြောင်း ဆရာ၊ ဆရာမများက ပြောသည်။

သံဖြူဇရပ်မြို့နယ်မှ မွန်တိုင်းရင်းသားစာပေသင်ကြားနေသည့် ဆရာမတစ်ဦးက “အမတို့ မြို့နယ်မှာကျတော့ မရသေးဘူး။ မြို့နယ်ပညာရေးရုံးက ဝေပေးဖို့မအားတာလည်းဖြစ်မယ်ပေါ့။ မနှစ်က ရှိတဲ့ စာအုပ်နဲ့ပဲ သင်နေရ တယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် စာသင်နှစ်က ဖတ်စာအုပ် မလုံလောက်မှုကြောင့် မိတ္တူဆွဲသင်ကြားနေရသည့် အနေအထားအထိ ရှိခဲ့ ကြောင်းလည်း တိုင်းရင်းသားစာပေသင်ကြားနေသည့် ဆရာ ဆရာမများက ပြောသည်။

ကျောင်းသုံး မွန်ဖတ်စာအုပ်များကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က တစ်ကြိမ်ထုတ်ဝေခဲ့ပြီးနောက် ယခု ပြန်လည် ထုတ် ဝေခဲ့ခြင်းဖြစ်သည်။

မွန်ပြည်နယ်တွင် အစိုးရစာသင်ကျောင်းများ၌ မွန်၊ ကရင်နှင့် ပအိုဝ်းတိုင်းရင်းသားစာပေများ သင်ကြားလျက် ရှိပြီး သင်ကြားနေသည့် ဆရာ၊ ဆရာမများသည် အစိုးရဝန်ထမ်း ကျောင်းဆရာ၊ ဆရာမများရှိသလို ပြင်ပမှ လာရောက်သင်ကြားပေးနေသည့် ဆရာ၊ ဆရာမများလည်းရှိနေသည်။

မွန်ပြည်နယ်တွင် မွန်နှင့် ကရင် တိုင်းရင်းသား စာပေသင်ကြားနေသည့် မြို့နယ် ၈ မြို့နယ်၊ ပအိုဝ်းစာပေ သင် ကြားနေသည့် မြို့နယ် ၄ မြို့နယ်ရှိသည်။

မွန်စာပေသင်ကြားနေသည့်ကျောင်း ၂၇၀ ကျောင်း၊ ကရင်စာပေသင်ကြားနေသည့်ကျောင်း ၂၇၃ ကျောင်း၊ ပအိုဝ်း စာသင်ကြားနေသည့် ကျောင်း ၃၀ ကျောင်းခန့်ရှိသည်ဟု ပြည်နယ်ပညာရေးမှူးရုံးရှိ စာရင်းအရ သိရသည်။

July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...
July 30, 2026
မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု...
July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...
July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...