ကျောက်ကြီးတွင် စစ်ကောင်စီတပ်နှင့် KNLA တိုက်ပွဲပြင်းထန်နေ

ကျောက်ကြီးတွင် စစ်ကောင်စီတပ်နှင့် KNLA တိုက်ပွဲပြင်းထန်နေ
ကျောက်ကြီးနှင့် နတ်သံကွင်းကို ချိတ်ဆက်ထားသည့် စစ်တောင်းမြစ်ကူးတံတား ပျက်စီးနေပုံ။ ဓာတ်ပုံ - CJ
ကျောက်ကြီးနှင့် နတ်သံကွင်းကို ချိတ်ဆက်ထားသည့် စစ်တောင်းမြစ်ကူးတံတား ပျက်စီးနေပုံ။ ဓာတ်ပုံ - CJ

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့၊ နတ်သံကွင်း ရဲစခန်းကို ဇွန်လ ၆ ရက်နေ့၊ နံနက် ၄ နာရီခွဲ အချိန်က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် စစ် ကောင်စီတပ်နှင့် KNLA တို့ကြား တိုက်ပွဲပြင်းထန်နေသည်။

နတ်သံကွင်းရဲစခန်းနှင့် စစ်ကောင်စီတပ်စွဲထားသော ရေတွင်းကုန်ကြီး၊ ဘုံသတောနေရာများသို့ ကေအန်ယူ တပ်မဟာ (၃) KNLA ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့မှုကြောင့် မှုကြောင့် ဇွန်လ ၆ ရက်နေ့၊ နေ့လည်ပိုင်း အချိန်ထိ တိုက်ပွဲပြင်းထန်နေခြင်း ဖြစ်သည်။

နတ်သံကွင်းမြို့ခံတစ်ဦးက “နတ်သံကွင်း နယ်မြေရဲစခန်းကို မနက်စောစောက ဝင်စီးတယ်။ မကြာဘူး… နှစ်ဖက် ပစ်ခတ်သံတွေ ကြားရတာ။ မနက် ၇ နာရီအထိ တိုက်ပွဲဖြစ်နေတုန်း။ စစ်တပ်က ရဟတ်ယာဉ်တွေနဲ့ ရဲစခန်း အနီးကို ဗုံးကြဲသွားတယ်။ အနားက နေအိမ်တွေလည်း ထိသွားတယ်။ ကျနော်လည်း အခု ရွာကနေ အမြန် ရှောင်ရတော့ ရွာထဲမှာ မီးလောင်နေတာ လှမ်းတွေ့နေရတယ်။ နေ့လယ် ၁၁ နာရီကျော်ထိ တိုက်ပွဲဖြစ်နေ တုန်းပဲ” ဟု ပြောသည်။

နံနက် ၇ နာရီကျော်တွင် စစ်ကောင်စီတပ် Mi-35 အမျိုးအစား တိုက်ခိုက်ရေးရဟတ်ယာဉ် (၃) စီးသည် နတ်သံ ကွင်း မြို့နှင့် အနီးအနားကို ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

လက်နက်ကြီးပစ်ခတ်မှု၊ တိုက်ပွဲပြင်းထန်နေမှုတို့ကြောင့် ကျောက်ကြီးမြို့နှင့် နတ်သံကွင်းကို ဆက်သွယ်ထား သည့် စစ်တောင်းမြစ်ကူးတံတားမှာ ကျိုးကျပျက်စီးသွားခဲ့သည်။

“ကျောက်ကြီးနဲ့ နတ်သံကွင်း ဆက်ထားတဲ့ တံတားကျိုးကျသွားတာ။ ရဟတ်ယာဉ်နဲ့ ပစ်ခတ်တဲ့အသံရော၊ လက်နက်ကြီးပစ်တဲ့ အသံရောကြားရပြီး မကြာဘူး၊ တံတားထက်ပိုင်း ကျိုးကျသွားတာ။ အခု ရွာထဲကလူတွေ စက်လှေနဲ့ပဲ သွားလို့ရတော့တယ်။ တံတားဘက်မှာလည်း ရဟတ်ယာဉ်နဲ့ကော၊ လက်နက်ကြီးပါ ပစ်နေတာဆို တော့ လုံးဝ ထွက်ပြေးမရသူလည်းရှိတယ်” ဟု ထွက်ပြေးလွတ်မြောက်လာသူ နတ်သံကွင်းမြို့ခံ နောက်တစ်ဦး က ပြောသည်။

နေ့လယ် ၁၂ နာရီ အချိန်ထိ နှစ်ဖက်တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားနေကာ ဒေသခံများ သေဆုံးဒဏ်ရာရမှု အချို့ ရှိ နေပြီး ဒေသခံလူဦးရေ ၁၅,၀၀၀ ကျော်မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကေအန်ယူ တပ်မဟာ (၃) သတင်းအရင်းအမြစ်ထံမှ သိရသည်။

ကေအန်ယူ တပ်မဟာ (၃) သတင်းအရင်းအမြစ်က “သိရသလောက် သေဆုံးတဲ့သူက ၁၀ ဦးလောက် ရှိနေတယ် လို့ ပြောကြတယ်။ အတိအကျတော့ စာရင်းမရသေးဘူး။  မြို့ထဲရပ်ကွက်တွေပါ  ရဟတ်ယာဉ်ရော၊ လက်နက် ကြီးနဲ့ပါ ပစ်တာဆိုတော့ ဒဏ်ရာရတဲ့သူ တွေမနည်းဘူး။ တမြို့လုံးနီးပါး ရှောင်နေရတဲ့ သဘောဖြစ်နေတယ်” ဟု ပြောသည်။

မြို့နယ်ချင်းဆက် စစ်တောင်းမြစ်ကူးတံတား ပြိုပျက်နေသဖြင့် ဒေသခံများသွားလာရေးတွင် အခက်အခဲများစွာ ရှိနေပြီး အခြားဒေသများနှင့်လည်း အဆက်အသွယ် ပြတ်တောက်နေသည်ဟု နတ်သံကွင်းမြို့ခံများက ပြောဆို ကြသည်။

နတ်သံကွင်း တိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပေ။

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းမြို့သည် ကေအန်ယူ တပ်မဟာ (၃) နယ်မြေတစ်ခုဖြစ်ပြီး စစ်ကောင်စီတပ်နှင့် KNLA၊ ဒေသခံကာကွယ်ရေးအဖွဲ့(PDF) တို့ကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

Most read this week

စစ်အုပ်စုတပ်၏ တိုက်လေယာဉ်များကို တွေ့ရစဉ်။ / GETTY IMAGES
September 18, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ စစ်အုပ်စုတပ်၏ ယခင် တပ်စခန်းဟောင်းနေရာများကို စစ်အုပ်စုတပ်က...
ရသေ့တောင်မြို့ဝင် ဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / Crd
September 17, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နှင့် နယ်နိမိတ် ထိစပ်နေသည့် ရသေ့တောင်မြို့နယ်၊ မေယုတောင်တန်းအနီးရှိ...
စစ်အုပ်စုတပ်၏ ဂျက်ဖိုက်တာများ စစ်ရေးလေ့ကျင့် ပျံသန်းနေစဉ်။ / MOI
September 17, 2026
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ပြည်၊ စစ်တွေနယ်စပ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ...
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ ကုန်တင်ယာဉ်အချို့။ / Credit: DMG
September 16, 2026
အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးလမ်းကြောင်း နယ်စပ်၌ ဒေသခံလူငယ်များနှင့် ရခိုင် စက်လှေသမားများ အချေ...