ဝေးလံခေါင်ဖျား မုန်တိုင်းသင့်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ

ဝေးလံခေါင်ဖျား မုန်တိုင်းသင့်ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေ

ရခိုင်ပြည်အတွင်း ဝေးလံခေါင်ဖျားဒေသက မုန်တိုင်းဘေးဒဏ်သင့်ပြည်သူများမှာ ကျန်းမာရေးစောင့်ရှောက်မှု များ လိုအပ်နေသည်ဟု ဒေသခံများက ပြောသည်။

မုန်တိုင်းအလွန် သောက်သုံးရေရှားပါးမှု၊ မသန့်ရှင်းသည့်ရေများကို သုံးစွဲနေရခြင်းတို့ကြောင့် ဒေသခံများမှာ ဝမ်းပျက်၊ဝမ်းလျှောနှင့် ဖျားနာရောဂါများဖြစ်ပွားနေ၍ ကျန်းမာရေးစောင့်ရှောက်မှုများ လိုအပ်လျက်ရှိသည်။

ရသေ့တောင်မြို့နယ်၊ ပြိန်းတောကျေးရွာတွင် ဝမ်းရောဂါနှင့် နေမကောင်းဖျားနာဖြစ်ပွားသူ ဆယ်ဦး ထက် မနည်း ရှိနေပြီး ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် မြို့ပေါ်သို့ ရေကြောင်းခရီးဖြင့် ၃ နာရီကြာ သွားနေရကြောင်း ဒေသခံများက ဆိုသည်။



ပြိန်းတောကျေးရွာမှ ကိုဝေလျံက “မုန်တိုင်းပြီး ကတည်းက ခြင်တွေပေါလာတယ်။  ရွာမှာက ဆေးရုံဆေးခန်း လည်း မရှိဘူး။ အခုကနေ ခြင်တွေ ဒီလောက်ပေါနေတာ၊ မိုးရာသီဆိုရင် ကိုယ်ဝန်ဆောင်နဲ့ ကလေးတွေအတွက် သိပ်အခက်အခဲ ရှိနိုင်ပါတယ်။ ကျနော်တို့မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ လိုအပ်ပါတယ်” ဟု ပြောသည်။

မုန်တိုင်းကြောင့် နေအိမ်၊ အဆောက်အအုံများ၊ ဆေးရုံဆေးခန်း၊ ကျေးလက်ဆေးပေးခန်း အများအပြား ပျက်စီး သွားသဖြင့် မုန်တိုင်းသင့် ကျေးလက်နေပြည်သူများမှာ နေထိုင်ရေးသာမက ကျန်းမာရေးနှင့်ပတ်သက်၍ အခက် အခဲများ ရှိနေကြသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်မြကျော်ကျေးရွာတွင် လူကြီးနှင့်ကလေးငယ် အများအပြား အရေပြားရောဂါ ဖြစ်ပွား နေသဖြင့် တိုင်းရင်းဆေးဆရာတစ်ဦးခေါ်ယူပြီး ကုသနေရကြောင်း ကျေးရွာသားများက ပြောသည်။

အောင်မြကျော်ကျေးရွာမှ ဒေါ်မလှစိန်က “ကလေးတွေက ခန္ဓာကိုယ်ပေါ်မှာ အဖုတွေ ဖြစ်ကြတယ်။ ဆေးလိမ်း လို့ မကောင်းဘူး ဆေးထိုးရတဲ့အခြေအနေ။ ကောင်းတဲ့သူတွေ ကောင်းသလို မကောင်းတဲ့သူတွေလည်း မကောင်းကြသေးဘူး။ ကျမတို့စိုးရိမ်မိတယ်။ ဒါကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးပို့ တောင်းဆိုချင်ပါ တယ်” ဟု ပြောသည်။

မုန်တိုင်းသင့်ဒေသများတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရန် အခက်အခဲများရှိနေသဖြင့် ရေကြောင့်ဖြစ် သော ရောဂါများနှင့် ကူးစက်ရောဂါများ ဖြစ်ပွားနိုင်ခြေမြင့်မားလျက်ရှိကြောင်း UOCHA က ပြီးခဲ့သည့် မေလ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။

မြောက်ဦးမြို့နယ်၊ ငမဲပြင်ကျေးရွာမှ ဦးဝင်းမောင်က “နေပူလိုက် မိုးရွာလိုက်နဲ့ ခြင်တွေအရမ်းပေါတယ်။ ရွာမှာ က မြို့နယ်ကျန်းမာရေးဌာနကလာပြီး ဆေးကုသပေးတာလည်း မရှိသေးဘူး။ ကျန်မာရေးဌာနက ကျေးရွာတွေ ကို ကွင်းဆင်းပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးစေချင်တယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်ကျန်းမာရေးဌာနအနေဖြင့် ခြင်နှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ ခြင်ထောင်များ ဖြန့်ဝေ ပေးနိုင်ရန်အတွက် အထက်ကို တင်ပြထားပြီး လက်တလောတွင် မရရှိနိုင်သေးသဖြင့် ကျန်ရှိနေသည့် ဆေးဝါး များနှင့်သာ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ဆောင်နေရကြောင်း ပြည်နယ်ကျန်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။

မုန်တိုင်းဒဏ်သင့် ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စစ်ကောင်စီထံ INGO၊ NGO အဖွဲ့အစည်းများက တင်ပြသော်လည်း တိုက်ရိုက်ကူညီထောက်ပံ့ခွင့် မရသောကြောင့် ကျန်းမာရေးနှင့် သက်ဆိုင်သည့် ကူညီထောက်ပံ့ရေးကို မြို့နယ်ကျန်းမာရေးဌာနနှင့် ပူးပေါင်းလုပ်ဆောင်နေရသည်။

မုန်တိုင်းသင့်ပြည်သူများမှာ အကူအညီလိုအပ်ချက် များစွာရှိနေသဖြင့် နိုင်ငံတကာအဖွဲ့များ၊ အရပ်ဖက် အဖွဲ့များ အား ကန့်သတ်ပိတ်ပင်ခြင်းမပြုရန် ရခိုင်အရပ်ဖက်အဖွဲ့အစည်းများ (ACSO) က တောင်းဆိုထားသည်။

ပုံစာ - မိုခါမုန်တိုင်းအလွန် ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသနေ မိသားစုတစ်စု၏ လူမှုဘဝနေထိုင်မှုမြင်ကွင်း။ ဓာတ်ပုံ -  ဓူဝံကြယ်ဖောင်ဒေးရှင်း။

Most read this week

December 22, 2025
နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်နေသည့်...
December 19, 2025
မြောက်ဦးဖြစ်စဉ်နောက်ပိုင်း အာရက္ခတပ်တော် ထိန်ချုပ်ထားသည့် ရခိုင်ပြည်၊ မြို့နယ်များတွင် ယခုအခါ...
December 18, 2025
ရခိုင်ပြည်နှင့်အစပ် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန် ဗျူဟာကုန်းကို စစ်ကောင်စီသည် ပဒါန်းကနေ...
December 17, 2025
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် တော်လှန်ရေးအင်အားစုများထဲက စစ်ရေးအောင်မြင်မှုရှိနေသည့် အဖွဲ့...