SSPP တပ်သားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်၊ ၃ ဦးကို ဖမ်းဆီခေါ်ဆောင်သွား

SSPP တပ်သားတစ်ဦးကို စစ်ကောင်စီ ပစ်သတ်၊ ၃ ဦးကို ဖမ်းဆီခေါ်ဆောင်သွား

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ၏ တပ်သား ၁ ဦးကို စစ်ကောင်စီက သေနတ် ဖြင့် ပစ်သတ်ပြီး ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည်။

ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့တွင် မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယကျေးရွာအုပ်စု၌ စခန်းချ နေထိုင်သည့် SSPP/SSA တပ်သား ၄ ဦးသည် ရွာပြင်ဘက် ဟင်းစားရှာထွက်နေစဥ် စစ်ကောင်စီ စစ်ကြောင်း နှင့် တိုးမိပြီး တစ်ဦး ပစ်သတ်ခံရကာ ၃ ဦးမှာ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

ယင်းကိစ္စ နှင့် ပတ်သက်ပြီး SSPP/SSA ၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ကြီး သီဟရာဇာက “ဟုတ်ပါတယ် ကျနော် တို့ တပ်သား ၄ ယောက် ဟင်းစားရှာထွက်တဲ့ အချိန်မှာ စစ်ကောင်စီ စစ်ကြောင်းနဲ့ တိုးမိပြီးတော့ တစ်ဦး ပစ် သတ်ခံရတယ်။ ၃ ဦးကို စစ်ကောင်စီက ဖမ်းသွားတယ်။ အခုလည်း ပစ်ခံရသူရဲ့ စျာပနာ အဖို့ လုပ်ဆောင် နေပါ တယ်” ဟု ပြောသည်။

SSPP/SSA တပ်သားများကို ဖမ်းဆီး ပစ်သတ်သည့် စစ်ကောင်စီ တပ်ဖွဲ့သည် ခြေမြန်တပ်ရင်း (ခမရ) ၃၁၅ မှ ဖြစ်သည်ဟု ဗိုလ်ကြီးသီဟရာဇာက ဆက်ပြောသည်။

လက်ရှိတွင် ပစ်သတ်ခံရသည့် တပ်သား၏ ဈာပနာအတွက် ပြင်ဆင်နေလျက်ရှိပြီး ဖမ်းဆီးခံရသည့် တပ်သား များ ပြန်လည်လွတ်မြောက်လာရေး အတွက်လည်း ဌာနချုပ်မှ ကြိုးစားနေကြောင်း ဗိုလ်ကြီး သီဟရာဇာက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဗိုလ်ကြီး သီဟရာဇာက “တိုက်ပွဲဖြစ်တာ၊ အချင်းချင်းပစ်ခတ်ကြတာ မရှိဘဲနဲ့ အင်အားချင်းလည်း မမျှတဲ့သူကို စစ်ကောင်စီတို့က ပစ်သတ်တာ လုံးဝ မဖြစ်သင့်ပါဘူး၊ အခုလို ဖြစ်သွားတဲ့အတွက်လည်း ကျနော်တို့ တပ်သား အတွက် စိတ်မကောင်းဖြစ်ရတယ်။ ဖမ်းဆီးခံရတဲ့ သူတွေ ပြန်လည်လွတ်လာရေးအတွက်လည်း ကြိုးစားနေပါ တယ်” ဟု ပြောဆိုထားသည်။

လက်ရှိအချိန်ထိ ဖမ်းဆီးခံရသည့် SSPP/SSA တပ်သားများကို မည်သည့် နေရာတွင် ဖမ်းဆီးခေါ်ဆောင် ထားသ ည်ကို အတိအကျ မသိရသေးကြောင်းလည်း သူက ဆက်ပြောသည်။

စစ်ကောင်စီမှ နိုင်ငံတော် အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ NSPNC နှင့် SSPP/SSA တို့သည် သုံးကြိမ်ထက်မနည်း တွေ့ဆုံမှု ရှိနေသည့် လက်နက်ကိုင် တပ်ဖွဲ့ တစ်ဖွဲ့ ဖြစ်သည်။

ထို့အပြင် စစ်ကောင်စီ တပ်ဖွဲ့သည် အပစ်ရပ်ကြေညာထားသော်လည်း တိုင်းရင်းသား လက်နက်ကိုင်များ၏ ဌာန ချုပ်/တပ်ရင်းနေရာများကို မြေပြင်မှ ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များအား ဆက်လက်လုပ်ဆောင်နေသည့်အပြင် ယခုကဲ့သို့ ရပ်ရွာထဲတွေထဲ ပစ်ခတ်မှု များ ကိုလည်း လုပ်နေခြင်း ဖြစ်သည်။

April 7, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ် ရွှေတစ်ဂူဒေသတွင် အမျိုးသမီးတစ်ဦးသည် ချောင်းနံဘေး၌...
April 4, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ အွန်လိုင်း လောင်းကစားရုံတစ်ခု...
April 3, 2026
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ...
April 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ဟိုပုံးမြို့နယ် နောင်တောင်းကျေးရွာအပါဝင် ညောင်ပင်ကျေးရွာအနီးနားရှိ...