စာသင်ခန်းတွင် နိုင်ငံရေးအကြောင်း မသင်ကြားရန်အတွက် စစ်ကောင်စီ မှာကြား

စာသင်ခန်းတွင် နိုင်ငံရေးအကြောင်း မသင်ကြားရန်အတွက် စစ်ကောင်စီ မှာကြား

ယခု ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းဆရာ/ဆရာမများကို နိုင်ငံရေးအကြောင်း မသင်ကြားရန် စစ် ကောင်စီက မှာကြားထားကြောင်း စုံစမ်းသိရှိရသည်။

စစ်အာဏာသိမ်း ၂ နှစ်ကျော် နောက်ပိုင်း စာသင်ကျောင်းများတွင် နိုင်ငံရေး မသင်ကြားရန်နှင့် ကျောင်းသားများ ကို နိုင်ငံရေးနှင့် ပတ်သက်သည့်ကိစ္စ မပြောဆိုရန် မှာကြားထားသည်ဟု CDM ဆရာများက ပြောသည်။

“နိုင်ငံရေး အကြောင်းတွေ မသင်နဲ့တဲ့။ ကျောင်းသားတွေကိုလည်း နိုင်ငံရေး အခြေနေတွေကို မပြောပြဖို့ မသင် ဖို့မှာ ထားတယ်တဲ့။ သင်ရင် ဘာလုပ်မလဲဆိုတာတော့ မပြောဘူး” ဟု သျှမ်းပြည်တွင်း CDM ပြုလုပ်နေသည့် ဆရာမများက ပြောသည်။

အလားတူ ယခုနှစ်  ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်ကို စနစ်သစ် အထက်တန်းကျောင်းကို ၁၂ တန်းထိ ထားရှိသွားမည် ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ထိုသို့ အထက်တန်း တက္ကသိုလ်ဝင်တန်း ၁၂ တန်းထိ ထားရှိလိုက်သောကြောင့် အကြောင်းအမျိုးမျိုးဖြင့် ၁၀ တန်း ကျရှုံးသူများ နှင့် ၁၀ တန်း မဖြေဆိုသူများ အနေဖြင့် ယခု ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် ကျောင်းတက် ခွင့် မရှိတော့ကြောင်း သိရသည်။

အဆိုပါ ၁၀ တန်းကျသူများ ကျောင်းတက်ခွင့် မရခြင်းသည် ပြင်ပကျောင်းတွင် လေ့လာပြီး ၁၂ တန်းကို ဖြေဆိုရ မည်ဖြစ်ကြောင်း Nice Education Service က တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အကြောင်းအမျိုးမျိုးကြောင့် ၁၀ တန်းကျထားတဲ့သူတွေ၊ ၁၀ တန်း မဖြေထားတဲ့ သူတွေကတော့ ကျောင်း တက်လို့ မရတော့ဘူး။ သူတို့ ဘာသာ အပြင်မှာ ကိုယ်တိုင်လေ့လာရမှာပေါ့။ ဒါပေမယ့် သူတို့က ၁၂ တန်းစာကို လေ့လာရမှာ။ ကျောင်းမလာတက်ရတော့ဘူး။ စာဖြေတဲ့ အချိန်မှ လာဖြေပေါ့။ ပြင်ပကျောင်းမှာ ကိုယ်တိုင် ရှာပြီး လေ့လာရမှာပေါ့” ဟု ၎င်းကပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း အွန်လိုင်းစနစ်ဖြင့် စာ သင်ပေးမှုလည်း ရှိနေသည်။

ထိုသို့ NUG မှ ဖွင့်လှစ်သင်ကြားပေးသည့် ပညာရေးစနစ်ကို တက်ရောက်နေသူများကို စစ်ကောင်စီက ဖမ်းဆီး လျက်ရှိသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလထဲတွင် သျှမ်းပြည် မူဆယ်မြို့နယ်ထဲရှိ NUG ကျောင်းကို တက်ရောက်နေသည့် ကျောင်းသူ၏ မိဘက စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။

“ကလေးကိုတော့ မဖမ်းသွားဘူး။ သူ့အမေကို ဖမ်းသွားတာပေါ့။ အခုထိတော့ ပြန်မလွတ်လာသေးဘူး။ အချုပ် ခန်းထဲမှာကိုပဲ အမှုစစ်ဆေးနေတယ်တဲ့။ NUG က ဖွင့်တဲ့ ကျောင်းကိုတက်နေရင်တော့ သူတို့ လာဖမ်းသွား တယ်။ မူဆယ်မှာတော့ ဖမ်းခံရတာ ၁ ယောက်ပဲရှိသေးတယ်” ဟု မူဆယ်မြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြော သည်။

ထိုသို့ စစ်ကောင်စီက ကျောင်းသူကျောင်းသားများအနေဖြင့် ပညာရေးလေ့လာခွင့်ကို ပိတ်ပင်ထားသည့် အတွက် ကြောင့် ကျောင်းဆက်မတက်လိုကြောင်း လဲချားမြို့ ၁၀ တန်းကျောင်းသူတစ်ဦးက သျှမ်းသံတော်ဆင့်က ပြော သည်။

“နိုင်ငံရေးမဖြစ်ခင်တုန်းကတော့ ၁၀ တန်း တက်ထားတယ်။ ဒါပေမယ့် အပြီးထိ မတက်ရဘူး။ နိုင်ငံရေးဖြစ် တော့ ဆက်မတက်တော့ဘူး။ CDM လုပ်လိုက်တာ။ အခု ၁၀ တန်းက တက်လို့မရတော့ဘူး။ စစ်ကောင်စီက ပညာသင်ကြားပေးတာ ပိတ်ပင်တယ်လေ။ အခုတော့ တခြား ဘာသာတွေကို လေ့လာနေတာ” ဟု ၎င်းက ပြော သည်။

ပြီးခဲသည့် ၂၀၂၂ - ၂၀၂၃ ခုနှစ် စစ်ကောင်စီ ၏ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ စာရင်း ၁ သိန်း ၇ သောင်းကျော်ရှိခဲ့သည်။

Most read this week

December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...
Photo credit - CJ
December 18, 2025
သျှမ်းပြည် ဖယ်ခုံနှင့် ပင်လောင်းနယ်စပ်ရှိ တောင်စလုံးကျေးရွာကို စစ်ကော်မရှင်တပ်နှင့် ၎...
December 17, 2025
နေ့စဉ်နှင့်အမျှ ကြီးထွားလာနေသည့် ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်မှု ကိစ္စများကြောင့်...
December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...