ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်ချင်းဆက် လမ်းမကြီးကို စစ်ကောင်စီတပ် ဖျက်ဆီး

ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီး မြို့နယ်ချင်းဆက် လမ်းမကြီးကို စစ်ကောင်စီတပ် ဖျက်ဆီး

ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ကို ဆက်သွယ်ထားသည့် တောင်ကြာ အင်းကျေးရွာရှိ လမ်းမကြီးကို ယနေ့ မေလ ၁၄ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီတပ်က ဘူဒိုဇာမြေတူးကားဖြင့် ဖျက်ဆီးပစ်လိုက်သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ လမ်းမကြီးပေါ်ရှိ အဓိက ချောင်းကူးတံတားကြီး တစ်စင်းဖြစ်သည့် တောင်ကြာအင်းတံတားကို ပြီးခဲ့ သည့် မေလ ၆ ရက်နေ့မှ စတင်၍ လူထုများ ဖြတ်ကူးသွားလာခွင့် ပိတ်လိုက်ပြီးနောက် တစ်ပတ် အကြာတွင် တံတားအနီးရှိ လမ်းမကြီးပေါ်တစ်နေရာတွင် ယခုကဲ့သို့ ဘူဒိုဇာမြေတူးကားဖြင့် ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် အဆိုပါ လမ်းမကို ဘူဒိုဇာဖြင့် လာရောက်ဖျက်ဆီးခြင်း မပြုလုပ်ခင် ရှေ့တစ်ရက်တွင် တောင်ကြာအင်းကျေးရွာ ပတ်လည်ကို ကင်းပုန်းဝပ် လုံခြုံရေး အပြည့်ယူထားပြီးမှ လမ်းဖျက်ဆီးမှုကို လုပ် ဆောင်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “သူတို့ လမ်းမကြီးကို ဒီလိုတူးပြီးဖျက်ဆီးပစ်လိုက်တာက ဘာသေဘောလဲတော့မသိဘူး။ အစက တံ တား ပိတ်တယ်။ အခုက လမ်းမကြီးကို ဖျက်ဆီးလိုက်တယ်ဆိုတော့ အခြေအနေက ဘယ်လိုလာမလဲ မသိ တော့ဘူး။ ဒီဟာကို လာမတူးခင်မနေ့ကစပြီး ရွာထဲမှာ ကင်းပုန်းဝင်ဝပ်တယ်။ လာတူးတာက စစ်တပ်ကပဲ။ သူ တို့တူးပြီး အဲဒီကင်းပုန်းဝပ်လုံခြုံရေးယူတဲ့သူတို့လူတွေကလည်း မတွေ့တော့ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

တောင်ကြာအင်းတံတား စတင်ပိတ်ပစ်လိုက်သည့် အချိန်မှစတင်၍ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီ၏ ခြေလျင် တပ်ရင်း-ခလရ (၉၇)တပ်မှ ညစဉ်လက်နက်ကြီး လှမ်းပစ်ခတ်လျက်ရှိရာ မေလ ၁၄ ရက်နေ့၊ နံနက်တွင် အဆိုပါ လမ်းမကို လာရောက်ဖျက်ဆီးပြီးသည့် အချိန်၌လည်း ကျေးရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က ယခုကဲ့သို့ လမ်းမကြီးကို ပိတ်ဆို့ဖျက်ဆီးလိုက်သည့်အတွက် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ဒူးပလာယာခရိုင် (တပ်မဟာ ၆ နယ်မြေ) ၏ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နယ်နှင့် နို့တကော မြို့ နယ်ထဲရှိ ဒေသခံများ စားဝတ်နေရေးထိခိုက်ရကာ ဒေသအတွင်းရှိ ကျေးရွာများတွင်လည်း အခြေခံ စားသောက် ကုန် ပစ္စည်းများ နည်းပါးလာသည်ဟု ဒေသခံများက ပြောသည်။

ဥယျာဉ်ခြံလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူ အမျိုးသမီးတစ်ဦးက “အခု ရွာကဆိုင်တွေမှာ စား သောက်ကုန်ပစ္စည်းတွေ သိပ်မရှိတော့ဘူး။ တောင်ကြာအင်းတံတား စပြီး ပိတ်က တည်းက ပိုဆိုးလာတာ။ အခု လမ်းမကြီးပါဖျက်လိုက်တော့ တော်တော်ခက်သွားတယ်။ ပြီးတော့ ဒီအချိန်မှာ ဒူး ရင်းသီး၊ မင်းကွတ်သီး မှည့် တဲ့အချိန် ဒီလို လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာတော့ လာဝယ်တဲ့ လူနည်းလာရင် အသီးစျေးနှုန်းတွေ ကျလာ မှာ စိုးရိမ်တယ်” ဟု ပြောသည်။

အလားတူ မေလ ၁၃ ရက်နေ့တွင်လည်း ကော့ကရိတ်မြို့ တောင်ပိုင်းဘက်ခြမ်းရှိ  မြို့တွင်း ဝင်လာသည့် ကမိုင် ကုန်းလမ်း၊ မြေနီလမ်းနှင့် ကျိုက်ဒုံလမ်းစသည့် လမ်းကြောင်းအားလုံးကို စစ်ကောင်စီတပ်က ဘူဒိုဇာ မြေတူး စက်ဖြင့် ဖျက်ဆီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

Photo-CJ

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...