ကျိုင်းတုံလေဆိပ်ကို အိမ်နီးချင်းနိုင်ငံများမှ လေယာဉ်များ တိုက်ရိုက်ဆင်းသက်နိုင်ရန် အဆင့်မြှင့်မည်ဟု စစ်ခေါင်းဆောင်ပြော

ကျိုင်းတုံလေဆိပ်ကို အိမ်နီးချင်းနိုင်ငံများမှ လေယာဉ်များ တိုက်ရိုက်ဆင်းသက်နိုင်ရန် အဆင့်မြှင့်မည်ဟု စစ်ခေါင်းဆောင်ပြော

သျှမ်းပြည်နယ်၊ ကျိုင်းတုံလေယာဉ်ပြေးလမ်း အဆင့်မြှင့်တင်နိုင်ရန် အတွက် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောဆိုခဲ့သည်။

မေလ ၁၁ ရက်နေ့၊ ညနေပိုင်းအချိန်၌ ကျိုင်းတုံမြို့သို့ ရောက်ရှိခဲ့ပြီး ကျိုင်းတုံလေဆိပ်ကို ပြည်တွင်းတွင် အသုံး ပြုနေသည့် လေယာဉ်ကြီးများ ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဟု စစ်ကောင်စီ ခေါင်းဆောင်က ပြောဆိုလိုက်သည်။

ထို့အပြင်အိမ်နီးနားချင်းနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင်လည်း လာအိုနိုင်ငံ၊ တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံ များမှ လေယာဉ်များ ကျိုင်းတုံလေဆိပ်သို့ တိုက်ရိုက် ပျံသန်းဆင်းသက်နိုင်ရေး အဆင့်မြှင့်တင် ဆောင်ရွက်မည် ဖြစ်သည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

“ကျနော်တို့ ကျိုင်းတုံက ထိုင်းနဲ့လည်း နီးသလို တရုတ်နဲ့လည်း နီးတယ်လေ။ အစိုးရတွေကသာ တကယ်လုပ်နိုင် တော့ ဒီနေရာမှာ လေယာဉ်တွေ ဆင်းနိုင်ပါတယ်။ ဆက်သွယ်လို့ရတယ်။ သူတို့က ဟန်ပြလုပ်နေတာပါ။ သတင်းမီဒီယာတွေမှာတော့ မြေသားကို ညီညာအောင် လုပ်နေတာတော့ ဓာတ်ပုံတွေ တွေ့တယ်“ ဟု ကျိုင်းတုံ မြို့ဒေသခံ တစ်ဦးက ပြောသည်။

လက်ရှိ ကျိုင်းတုံလေဆိပ်ကို လေယာဉ်ကြီးများ ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့်တင် ဆောင်ရွက်သွားမည့် အပေါ် စစ်ကောင်စီသည် ဟန်ပြသာလုပ်ပြနိုင်ခြင်း ဖြစ်ပြီး တကယ်လက်တွေ့ ၌ ဆောင်ရွက်နိုင်ဖို့အတွက် အားနည်းနေသေးသည်ဟု ဒေသခံများက ဝေဖန်ပြောဆိုနေသည်။

အလားတူ ဒေသခံတစ်ဦးက “ကျိုင်းတုံလေဆိပ်မှာ လေယာဉ်ကြီးတွေ ဆင်းသက်နိုင်တော့ ကောင်းတာပေါ့။ တကယ်လို့ ကျနော်တို့ ကျိုင်းတုံက ပြည်သူတွေ ချင်းမိုင်သွားချင်ရင် လွယ်လွယ်နဲ့ သွားလို့ရမယ်လေ။ ရန်ကုန်၊ မန္တလေးတောင် သွားစရာ မလိုတော့ဘူး။ ခရီးသွားတဲ့နေရာမှာ ပိုပြီး အဆင်ပြေသွားမှာပေါ့ “ ဟု ပြောသည်။

ထို့အပြင် တာချီလိတ်လေဆိပ်ကိုလည်း လေယာဉ်ကြီးများ ဆင်းသက်နိုင်သည်အထိ အဆင့်မြှင့် တိုးချဲ့သွားရန် အာဏာသိမ်း စစ်ခေါင်းဆောင် က ပြီးခဲ့သည့် ဧပြီလတွင် အသိပေး ပြောဆိုထားခဲ့သည်။

ပြီးခဲ့သည့် ၁၉၅၀ ခုနှစ်ကတည်း စ၍ ကျိုင်းတုံလေဆိပ်ကို စတင်ရှိလာခဲ့ခြင်း ဖြစ်သည်။

Most read this week

December 17, 2025
နေ့စဉ်နှင့်အမျှ ကြီးထွားလာနေသည့် ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်မှု ကိစ္စများကြောင့်...
December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...
December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...