Burma Act ကနေ အထောက်အပံ့တွေရရှိဖို့ ဆွေးနွေးနေဆဲလို့ NUG ပြော

Burma Act ကနေ အထောက်အပံ့တွေရရှိဖို့ ဆွေးနွေးနေဆဲလို့ NUG ပြော
ဓာတ်ပုံ - NUG
ဓာတ်ပုံ - NUG

Burma Act ကနေ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAOs) တွေနဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF)တွေ အပါအဝင် တော်လှန်ရေး အင်အားစုတွေဆီ အထောက်အပံ့တွေ ရရှိဖို့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေနဲ့ ထိတွေ့ဆွေးနွေးတာတွေရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

Burma Act မူကြမ်းကို အမေရိကန် အစိုးရအနေနဲ့ ဘယ်လိုအကောင်အထည်ဖော်ရမယ်ဆိုတာတွေ ဆုံးဖြတ်ချက် ပြည့်ပြည့်စုံစုံ မချရသေးပေမယ့် အထောက်အပံ့တွေရရှိဖို့ ထိတွေ့ဆွေးနွေးတာတွေ ရှိနေတယ်လို့ အမျိုးသား ညီ ညွတ်ရေးအစိုးရ (NUG) သမ္မရုံးပြောခွင့်ရ ဦးကျော်ဇော်က ပြောပါတယ်။

“အမေရိကန်အစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေအနေနဲ့ အဲဒီဥပဒေကြမ်းကို ဘယ်လိုအကောင်အထည်ဖော်ရမယ်ဆိုတာ သူတို့ရဲ့ မူဝါဒအကောင်အထည်ဖော်မှုကို မဆုံးဖြတ်ခင်မှာ မြန်မာနိုင်ငံကသက်ဆိုင်တဲ့ State Holder တွေ အဲဒီ ဥပဒေကြမ်းမှာ ဖော်ပြထားတဲ့ State Holder တွေနဲ့ တွေ့ဆုံဆွေးနွေးတာ ဖြစ်ပါတယ်။ အဲ့ဒီမှာအမျိုးသား ညီ ညွတ်ရေး အစိုးရအဖွဲ့ ပါပါတယ်။ နောက်တိုင်းရင်းသားအဖွဲ့တွေလည်း ပါရှိပါတယ်။ အခုတော့ သူတို့နဲ့ ကျွန် တော်တို့ အမြင်တွေ သူတို့ရဲ့အမြင်တွေ နောက်ကျွန်တော်တို့ လိုအပ်ဖို့ Burma Act ကနေပြီးတော့ သူတို့ပေးလို့ ရတယ်လို့ ယူဆတဲ့အကူအညီတွေပေးဖို့ ဆွေး နွေးတာတွေ ရှိပါတယ်။ အခုချိန်မှာ ကျွန်တော် သိသလောက် က တော့ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက ဒီဟာဘယ်နေရာမှာ ပေးမယ်၊ ဘယ်လောက် ပေးမယ်၊ ဘာတွေ ပေးမယ်ဆိုတာ သူတို့တွေဆုံးဖြတ်ချက် အားလုံးပြည့်ပြည့်စုံစုံတော့ မချရသေးဘူးလို့ သိရပါတယ်” လို့ ပြောပါ တယ်။

အမေရိကန်အစိုးရရဲ့ ၂၀၂၃ ခုနှစ်အတွက် အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့်ဆိုင်ရာ အက်ဥပဒေ (NDAA) ပါ မြန်မာ့အရေးနဲ့ဆိုင်တဲ့ Burma Act ကို ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းမှာ လွှတ်တော်နှစ်ရပ်ကနေ အတည်ပြုပြီးနောက် သမ္မတဘိုင်ဒင်က လက်မှတ်ရေးထိုးခဲ့တာပါ။

အဲဒီဥပဒေမှာ ၂၀၂၃ ကနေ ၂၀၂၇ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံအတွက် ဒီမိုကရေစီရေး၊လူ့အခွင့် အရေးနဲ့ ဖက် ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ပါဝင်နေကြတဲ့ အဖွဲ့အစည်းတွေကို စစ်လက်နက်မဟုတ်တဲ့ နည်း ပညာတွေ ထောက်ပံ့ပေးမယ့်အကူအညီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Burma Act ကို အတည်ပြုလက်မှတ်ရေးထိုးပြီး ၅ လကြာတဲ့အထိ EAOs တွေနဲ့ တော်လှန်ရေး အင်အားစုတွေကို ပံ့ပိုးပေးမယ့် အကူအညီတွေဟာ ဒီကနေ့အချိန်အထိ အကောင်အထည် မဖော်နိုင်သေးပါဘူး။

Burma Act နဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရအနေနဲ့ တာဝန်ရှိတဲ့ ဝန်ကြီးဌာနတွေအပါအဝင် အထက် လွှတ် တော်နဲ့ အောက်လွှတ်တော်မှာရှိတဲ့ သက်ဆိုင်ရာ လွှတ်တော် ကော်မတီတွေနဲ့ ညှိနှိုင်းလုပ်ဆောင်ရမှာဖြစ်ပြီး NUG ကလည်း သက်ဆိုင်ရာဝန်ကြီးဌာနတွေက အစီအစဉ်ဆွဲထားတဲ့အတိုင်း လိုအပ်တဲ့အချက်တွေ တင်ပြထား တာရှိတယ်လို့ ဆိုပါတယ်။

မကြာခင် အချိန်တွင်းမှာ အမေရိကန်အစိုးရကနေ ဘယ်လိုအကူညီတွေ ဘယ်လောက်ပေးမယ်ဆိုတဲ့ မူအတိ အကျ ထွက်ရှိလာဖို့ မျှော်လင့်ရပြီး အကူအညီတွေ ရလာတဲ့အခါ ရရှိတဲ့အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး လိုအပ်တဲ့ နေရာနဲ့လူထုတွေဆီ အမြန်ဆုံးရောက်ဖို့ ညှိနှိုင်းပြင်ဆင်ထားတယ်လို့ ဦးကျော်ဇော်က ဆက်ပြောပါတယ်။

“မကြာခင် အချိန်တိုတိုအတွင်းမှာ အမေရိကန် ပြည်ထောင်စုကနေပြီးတော့ ဘယ်လိုအကူအညီတွေ ဘာတွေ ဘယ်လောက်ပေးမယ်၊ ဘယ်လိုနေရာတွေမှာအသုံးချမယ်၊ ဘယ်အဖွဲ့အစည်းတွေကနေပေးမယ်ဆိုတဲ့ဟာ သူတို့ ဆီကနေ အတိအကျ မကြာခင်မှာ ထွက်ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။ အချိန်အတိုင်းအတာကိုတော့ ကျွန် တော်တို့လည်း ပြောလို့မရပါဘူး။ ဒါအမေရိကန်ပြည်ထောင်စု အစိုးရရဲ့ တာဝန်ရှိတဲ့ဝန်ကြီးဌာနတွေ၊ အစီအစဉ် ဆွဲ ဆုံးဖြတ်ရမှာ၊ အောက်လွှတ်တော်၊ အထက်လွှတ်တော်မှာရှိတဲ့ သက်ဆိုင်တဲ့ လွှတ်တော်ကော်မတီတွေနဲ့ လည်း သူတို့ညှိနှိုင်းပြီး လုပ်ရမယ်ဆိုတာ နားလည်ထားပါတယ်။”

Burma Act မှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားအတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည် ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ပြုလုပ် သူတွေကိုလည်း ထောက်ပံ့ပေးမယ့် အစီအစဉ်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အရပ်ဘက်အုပ်ချုပ်ရေးကို ပြန်လည်ထူထောင်ဖို့ အားပေးတဲ့ စစ်တပ်က တပ်ဖွဲ့ဝင်ဟောင်း (CDM) ပြုလုပ်သူတွေနဲ့ ပတ်သက်တဲ့ ကူညီထောက်ပံ့မှုတွေလည်း ထည့်သွင်းထား တာပါ။

စစ်ကောင်စီကတော့ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ Burma Act ကို ထည့်သွင်းပြဌာန်းထားတဲ့ အမေရိကန်အစိုးရရဲ့ အမျိုးသားကာကွယ်ရေးအက်ဥပဒေ NDAA ဟာ အချုပ်အခြာအာဏာကို ထိပါးရာရောက်တယ်လို့ နိုင်ငံခြာရေး ဝန်ကြီးဌာနကနေ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

Most read this week

Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...
December 18, 2025
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လူငယ် ၁၀၀ ကျော်ကို စစ်ကော်မ...