ဖားကန့်တွင် PDF နဲ့ တော်လှန်ရေးအင်အားစုတွေ အလင်းဝင်ပါက ဆုငွေပေးမယ်လို့ ကြေညာ

ဖားကန့်တွင် PDF နဲ့ တော်လှန်ရေးအင်အားစုတွေ အလင်းဝင်ပါက ဆုငွေပေးမယ်လို့ ကြေညာ

ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေ အပါအဝင် လက်နက်ကိုင်ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းအတွင်း ရောက် ရှိနေသူတွေနဲ့ ဥပဒေ ပြင်ပရောက်ရှိနေသူများကို ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရင် ကူညီမှုတွေနဲ့ ဆုကြေးငွေတွေ ချီးမြင့်မယ်လို့ ဖားကန့်မှာ စစ်တပ်က စာလိုက်ကပ်ထားပါတယ်။

PDF တွေ၊ လက်နက်ကိုင်တွေအနေနဲ့ ဥပဒေဘောင်ထဲ ပြန်ဝင်လာမယ်ဆိုရင် ကူညီပံ့ပိုးမှုတွေ ဆောင်ရွက်ပေး သွားမှာ ဖြစ်ပြီး လက်နက်ခဲယမ်း အပ်နှံသူတွေကိုလည်း ဆုကြေးငွေ ထောက်ပံ့ပေးသွားမယ်ဆိုတဲ့ မက်လုံးပေး တဲ့ စာတွေကို စစ်ကောင်စီကနေ လိုက်လံဖြန့်ဝေနေတာ ဖြစ်ပါတယ်။

“ဒီမနက်ကစပြီး ကားမိုင်မြို့ဘက်မှာ အရမ်းလိုက်ကပ်နေပြီတဲ့။ ပြီးတော့ ဒီမနက် ၈နာရီလောက်မှာ ဖားကန့်က ပန်းတင်တံတားမှာ စစ်ကောင်စီ၊ ရဲ ၈ ယောက်က လမ်းသွားလမ်းလာ ပြည်သူတွေကို ဒီစာရွက်တွေ လိုက်ဝေ နေ တယ်။ ဆိုင်ကယ် ကားတွေ အကုန်ကို ဒီစာရွက်လိုက်ဝေနေတယ်တဲ့” လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦး က ပြောပါတယ်။

စစ်ကောင်စီက သူတို့ရဲ့ ဥပဒေဘောင်အတွင်းကို လက်နက်ခဲယမ်းတွေနဲ့အတူ ဝင်ရောက်လာရင် လက်နက် အမျိုး အစားအလိုက် ကျပ် (၂) သိန်းကစပြီး ကျပ်သိန်း (၇၅) အထိ ဆုကြေးငွေထောက်ပံပေးသွားမယ်လို့ မက်လုံးပေး ရေးသားထားတာကို တွေ့ရပါတယ်။

မေလ ၁၂ ရက်နေ့၊ မနက်ကစပြီး ဖားကန့်မြို့ ပန်းတင်တံတားနဲ့ ကားမိုင်းမြို့ဘက်မှာ  အထက်ပါ စာတွေကို လိုက် လံဖြန့်ဝေနေတာပါ။

အဲ့ဒီစာရွက်မှာ  နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီက CRPH၊ NUGနဲ့ NLD အစွန်းရောက် PDF အဖွဲ့တွေကို ဥပဒေမဲ့ အကြမ်းဖက်အဖွဲ့များ အဖြစ် ကြေညာခဲ့ပြီဖြစ်ကြောင်း လက်ရှိအချိန် နိုင်ငံတော် ဖွံဖြို့တိုးတက်ရေး တည်ငြိမ် အေးချမ်ရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးအတွက် အတူတကွ ပူပေါင်းဆောင်ရွက်ကြရမယ့် အချိန်အခါ ဖြစ် တယ်လို့ ရေးသားထားပါတယ်။

စစ်ကောင်စီကနေ PDF နဲ့ လက်နက်ကိုင်ဆန့်ကျင်သူတွေကို အလင်းဝင်ပြီး လက်နက်ခဲယမ်းတွေ အပ်နှံခဲ့ရင် ဆုကြေးငွေတွေ ချီးမြှင့်သွားမယ့်ကြောင်း အခုရက်ပိုင်းအတွင်း နေရာအနှံအပြားမှာ လိုက်လံကြေညာနေတာ လည်း ဖြစ်ပါတယ်။

ပြည်သူ့ကာကွယ်ရေး PDF တွေအပါအဝင် အဖွဲ့အစည်း နာမည်အမျိုးမျိုးခံပြီး လက်နက်ကိုင် ဆန့်ကျင်နေတဲ့  အဖွဲ့အစည်းတွေကို လက်နက်၊ ခဲယမ်းတွေနဲ့ အတူ အလင်းပြန်ဝင်လာရင် ဆုကြေးငွေ ထောက်ပံ့ပေးသွားမှာ ဖြစ်ကြောင်း မေလ ၉ ရက်နေ့မှာ စစ်တပ်က မက်လုံးပေးပြီး မြူဆွယ်နေတာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ပြောဆိုချက်ထဲ အလင်းပြန်ဝင်ပြီး ရိုင်ဖယ်အုပ်စုဝင်သေနတ် (၁) လက်ပါရင် ကျပ် (၁၅) သိန်း၊ ပစ္စတိုအုပ်စုဝင် သေနတ် (၁) လက်ရှိပါက ကျပ် (၂၀) သိန်း၊ ပြောင်းချောသေနတ် (၁) လက်ရှိပါက ကျပ် (၃၀) သိန်း၊ စိန်ပြောင်း၊ လောင်ချာ၊ အာပီဂျီဆိုတဲ့ လက်နက်တွေ (၁) လက်ပါရှိပါက ကျပ် (၇၅) သိန်းနဲ့ ဗုံးဖောက် ခွဲရေး အတွက် အသုံးပြုနိုင်တဲ့ Drone (၁) စင်းရှိပါကရင် ကျပ် (၅၀) သိန်း ဆုကြေးငွေ ထောက်ပံ့ပေးသွားမယ် လို့ ကြေညာထားပါတယ်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...