စစ်ရှောင်ပြည်သူ ၄ သိန်းကျော်အတွက် အကူအညီတွေလိုအပ်နေတယ်လို့ KNU ပြော

စစ်ရှောင်ပြည်သူ ၄ သိန်းကျော်အတွက် အကူအညီတွေလိုအပ်နေတယ်လို့ KNU ပြော

ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ စစ်ရေးပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ရှောင် ပြည်သူ လူထု ၄ သိန်းကျော်အတွက် လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ်လိုအပ်လျက်ရှိနေတယ်လို့ ကရင် အမျိုးသားအစည်းအရုံး KNU ဗဟိုက မေ ၁၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း စစ်တပ်အာဏာသိမ်းပြီးတဲ့အချိန်ကစပြီး ဒီကနေ့အချိန်အထိ စစ်ကောင်စီ တပ်နဲ့ BGF တပ်တွေရဲ့ စစ်ရေးလှုပ်ရှားမှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တနေ့တခြား ပိုမိုတိုးမြင့် လုပ် ဆောင်လာတဲ့အတွက် ပြည်သူလူထု ၄ သိန်းကျော်ဟာ ကြောက်ရွံ့စွာနဲ့ အသက်ရှင်နေကြရပြီး အသက် ဘေး လွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေမှုနဲ့ စစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ပြည်သူလူထု တစ်သိန်းကျော် လုပ်ကိုင်စားသောက်တဲ့ လုပ်ငန်းတွေ ပျက်စီးခဲ့ရပြီး ပြည်သူလူထု အများအပြားက စားဝတ်နေ ရေး အခက်အခဲတွေများစွာ ရင်ဆိုင်ကြုံတွေ့နေရတာပါ။

KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက “လူထုတွေကတော့ အခုလက်ရှိမှာ တော်တော်တော့ ဒုက္ခရောက်နေ တယ်ဆိုတာကတော့ ဒါကတော့ ကမ္ဘာသိဖြစ်တာပေါ့နော်။ နောက်တခုက ဘယ်လို ဆောင်ရွက်ထားခဲ့သလဲ ဆို တာတော့ ကျွန်တော်တို့ ကော်မတီတွေ ဖွဲ့ပြီးတော့ တာဝန်တွေပေးအပ်ပြီးတော့ နိုင်ငံတကာက အကူအညီ ပေးတဲ့အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီးတော့ ဆောင်ရွက်နေတာရှိတယ်။ လောလောဆယ်မှာကတော့ လူထုအတွက် တချို့က တိမ်းရှောင်နေရပေမယ့်လည်း ကောင်းမွန်တဲ့လုံခြုံတဲ့အမိုးအကာအောက်မှာ နေလို့ရတာပေါ့နော်။ တချို့ကလည်းပဲ တောထဲတောင်ထဲမှာ ပုန်းအောင်းနေရတဲ့ အခြေအနေတွေလည်း ရှိနေပါတယ်”  လို့ သံလွင် တိုင်းမ်ကို ပြောပါတယ်။

အခုနှစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီလကစပြီး ကရင်အမျိုးသားအစည်းအရုံး KNU က ပြည်သူလူထုဦးရေ ၈၅,၀၀၀ အတွက် စားနပ်ရိက္ခာတွေကို လစဉ်အားပေးထောက်ပံ့ပေးလျက်ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိ ပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေဟာ စားနပ်ရိက္ခာမလုံလောက်မှုတွေ၊ နေရာထိုင်ခင်းတွေအတွက် အမိုးအကာ မလုံ လောက်မှုတွေ၊ ကျန်းမာရေးဆိုင်ရာ ဆေးဝါးမလုံလောက်မှု ပြဿနာတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရပြီး စစ်ဘေး ရှောင်တွေအတွက် အရေးပေါ်လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လို အပ်လျက်ရှိတယ်လို့ KNU က ဆိုထားပါတယ်။

စစ်ရှောင်ပြည်သူတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက “လောလောဆယ်မှာ မိုးတွင်းကာလကို ရောက်ရှိလာတော့မှာဖြစ်တဲ့အတွက် တောထဲမှာနေတဲ့ လူထုတွေ အတွက်တော့ ကျွန်တော်တို့ပိုပြီးတော့ စိုးရိမ်မှုတွေဖြစ်တယ်။ သို့သော်ငြားလည်းပဲ ကျန်တဲ့လူထုတွေ အတွက် လည်းပဲ ကျွန်တော်တို့စားနပ်ရိက္ခာနဲ့ ပတ်သက်ပြီးတော့လည်း လိုအပ်ချက်တွေကတော့ အများကြီးရှိ နေတယ် ဆိုတာကတော့ ကျွန်တော်တို့ဘက်က ခေါင်းဆောင်တွေနဲ့ တာဝန်ရှိတဲ့ခေါင်းဆောင်တွေကနေပြီးတော့ တိုင်ပင် ဆွေးနွေးမှုတွေ တောင်းဆိုမှုတွေလုပ်ထားတာရှိပါတယ်” လို့ ဆက်ပြောပါတယ်။

KNU ကတော့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကိုလည်း ကြိုးစာကိုင်တွယ်ဖြေရှင်းလျက်ရှိပြီး စစ်ရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ လူသားချင်းစာနာမှု အကူအညီ တွေကို ဝိုင်းဝန်းပံ့ပိုးပေးမယ့်သူတွေကို ကြိုဆိုလျက်ရှိတယ်လို့ ထုတ်ပြန်ထားချက်မှာ ပါရှိပါတယ်။

ကော်သူလေး အုပ်ချုပ်နယ် မြေထဲမှာ စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ ဆက် လက် လိုအပ်လျက်ရှိနေသလို မြေပြင်ကနေတစ်ဆင့် ကူညီပံ့ပိုးပေးမှုအခြေအနေလည်း အားနည်းနေသေးတယ် လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးကလည်း ပြောပါတယ်။

“လူသားချင်းစာနာထောက်ထားမှု အကူအညီတွေဟာ ဆိုလို့ရှိရင်တော့ ခရိုင်တိုင်းမှာ အထူးသဖြင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ ပြည်သူတွေဆီကိုတော့ ဆက်လက်ပြီးတော့မှ အဘက်ဘက်ကနေ ဝိုင်းဝန်းအားဖြည့်ပေးဖို့ ပံ့ပိုးကူညီပေးဖို့အတွက် လိုအပ်နေတုန်းပဲပေါ့နော်။ အခက်အခဲတွေအနေနဲ့ကျတော့ ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ မလုံခြုံမှုတွေကြောင့် ဒီလူသားချင်းစာနာထောက်ထားမှု အကူအညီတွေကကျတော့ စစ်ရှောင်တွေ ဆီကို အချိန်နဲ့တပြေးညီ လုံလောက်စွာတော့ ပံ့ပိုးကူညီနိုင်စွမ်းတော့ အားနည်းနေသေးတယ်လို့ပဲ ပြောရမှာ ပေါ့” လို့ စောနန္ဒဆူးက ပြောပါတယ်။

တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတဲ့ KNU နယ်မြေထဲမှာ အခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ စစ်ကောင်စီ၊ BGF နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့ကြား တိုက်ပွဲကြီးငယ်ပေါင်း ၁၆၀၀ ကျော် ဖြစ်ပွားခဲ့ပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီ၊ BGF ဘက်က တပ်ရင်းမှူး ၄ ဦး၊ ဒုတပ်ရင်းမှူး ၅ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၁၇၀၀ ကျော် သေဆုံးခဲ့ပြီး KNU ဘက်က တိုင်းပြည်နဲ့လူမျိုးအတွက်  ၅၉ ဦးအသက်ပေးလှူခဲ့ရပြီး ၁၉၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

Most read this week

Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...
December 18, 2025
တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း လူငယ် ၁၀၀ ကျော်ကို စစ်ကော်မ...