ကော့ကရိတ်တွင် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ အပါအဝင် အရပ်သားပြည်သူ ၄၀ ကျော် ဖမ်းဆီးခံရ

ကော့ကရိတ်တွင် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ အပါအဝင် အရပ်သားပြည်သူ ၄၀ ကျော် ဖမ်းဆီးခံရ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်များ အပါအဝင် အရပ် သားပြည်သူ အယောက် ၄၀ ကျော် စစ်ကောင်စီတပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရသည်ဟု ကော့ကရိတ်မြို့ ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မေလ ၉ ရက်နေ့မှ ယနေ့ ၁၁ ရက်နေ့အထိ ၃ ရက်တာအတွင်း ဖမ်းဆီးခံရသူပေါင်း ၄၀ ဦး ကျော်ရှိ သွားပြီ ဖြစ်သည်။

ဖမ်းဆီးခံရသူနှင့် နီးစပ်သူတစ်ဦးက “အပေါ်ကနေ စာနဲ့နာမည်နဲ့လာတာကြားတယ်။ ပုလဲဖြူက ကိုမြတ်ထိုက် လည်း ဖမ်းခံထိတယ်။ သူတို့(စစ်ကောင်စီ) တွေဘာလိုချင်လဲတော့မသိဘူး။ ခုထိဘာမှမသိရသေးဘူး။ ဖမ်းတဲ့ သူ‌တွေစစ်‌ဆေးမေးမြန်းတယ်လို့ ပဲသိရတယ်။ ပေးတော့ပေးမပြန်လာသေးဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုအထဲတွင် ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုမြတ်ထိုက်၊ ကျူရှင်ဆရာဖိုးဝင်း၊ ကိုစိုးစိုး (ရေခဲရောင်း) ဦးလှ မြိုင်၊ အောင်မြင့်ထွန်း (ရေခဲမုန့်ဆိုင်)၊ ကိုအောင်နိုင် (နာ/ကူ)၊ ဒေါ်ပုလဲဖြူနှင့် ကိုဆာယု (မြေစာရင်း) တို့ ပါဝင် သည်ဟု ကော့ကရိတ်မြို့ခံများက ပြောသည်။

ထို့အပြင် ဖမ်းဆီးခံရသူများထဲတွင် လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်၊ သာမန်အရပ်သားများအပြင် စစ်တပ် ထောက်ခံ သူများပါ ပါဝင်သည့်အတွက် မည်သည့်အကြောင်းကိစ္စကြောင့် ဖမ်းဆီးသည်ကိုမူ မသိရ၍ ကော့ကရိတ်မြို့ခံ ပြည်သူများအကြား စိုးရိမ်မှုများ မြင့်တက်‌နေကြသည်။

“သတင်းကြားတာတော့ သူပုန်ထောက်ခံသူတွေ ဖမ်းတယ်လို့ ကြားတယ်။ အခုက ဘာမှမလုပ်တဲ့ ကျူရှင်ဆရာ တွေ၊ ပြည်သူတွေပဲဖမ်းတယ်။ ဖမ်းခံထိတဲ့အထဲမှာ စစ်တပ်ထောက်ခံတဲ့ သူတွေလည်းပါတယ်။ ဘာကိစ္စနဲ့ ဖမ်း လည်းမသိရဘူး။ မြို့ထဲနေတာ အိမ်ပြင်တောင်မထွက်ရဲတော့ဘူး” ဟု ကော့ကရိတ်မြို့ခံတစ်ဦး ကေအိုင်စီသို့ ပြောသည်။

ကော့ကရိတ်မြို့တွင် စစ်ကောင်စီတပ်များသည် အရပ်သားပြည်သူများအပေါ် အကြောင်းမဲ့ ဖမ်းဆီး စစ်‌ဆေးမှု များ လုပ်ဆောင်နေသည့်အပြင် ၎င်းတို့ စခန်းမှနေ၍ မြို့ပြင် ကျေးရွာများဘက်သို့ အကြောင်းမဲ့ လက်နက်ကြီး များနှင့်လည်း နေ့စဉ်လိုလို ပစ်ခတ်လေ့ရှိသည်ဟု ကော့ကရိတ်မြို့ဒေသခံများက ပြောသည်။

ဓာတ်ပုံ - (မယ်လဒုက္ခသည်စခန်း / KIC)
August 28, 2026
ထိုင်း-မြန်မာနယ်စပ်ရှိ အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် မယ်လစခန်းတွင် နာတာရှည်ရောဂါ...
(ဓာတ်ပုံ - KIC)
August 28, 2026
ကရင့်ရိုးရာ လက်ချည်ပွဲတော် ဓလေ့အကြောင်းကို ဖော်ပြရလျှင် ကရင်လူမျိုးများ၏...
ဓာတ်ပုံ - (ကော့ကရိတ် အားကစားရုံမှ မှတ်ပုံတင်ရုံး မြင်ကွင်း - ပုံဟောင်း / Crd)
August 27, 2026
ကရင်ပြည်၊ ကော့ကရိတ်မြို့နယ် စစ်အုပ်စု၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက)...
ဓာတ်ပုံ - CJ
August 27, 2026
ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ပိုင်း၊ ဖလူး-မင်းလက်ပံဒေသတွင် စစ်အုပ်စုတပ်နှင့်...