AA သံသယနှင့် ထောင်ဒဏ်ကျနေသူ လူငယ်နှစ်ဦး ချုပ်ရက်စေ့ လွတ်မြောက်

AA သံသယနှင့် ထောင်ဒဏ်ကျနေသူ လူငယ်နှစ်ဦး ချုပ်ရက်စေ့ လွတ်မြောက်

ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀-က၊ ၅၂-ကဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံထားရသူနှစ်ဦးမှာ ချုပ်ရက်စေ့၍ မေလ ၅ ရက်နေ့တွင် လွတ်မြောက်လာခဲ့သည်။

စစ်တွေအကျဉ်းထောင်မှ ပြန်လွတ်လာသူတို့မှာ ရသေ့တောင်မြို့နယ်၊ သံချောင်းကျေးရွာမှ ကိုဝေယံစိုး အသက် (၂၅ နှစ်) နှင့် ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်မှ ကိုမောင်မောင်ချေ အသက် (၂၆ နှစ်)တို့ ဖြစ်သည်။

“ကျနော်တို့က ချုပ်ရက်စေ့ပြီးတော့ လွတ်လာတယ်။ ကျန်နေသေးတဲ့ AA နဲ့ပတ်သက်လို့ အကျဉ်းကျနေသူ တွေကိုလည်း လွတ်စေချင်တယ်။ ထောင်ထဲမှာက စားဝတ်နေရေး၊ ကျန်းမာရေးကအစ အခက်အခဲတွေ အများ ကြီး ရှိတယ်။ သူတို့ကိုလည်း သက်ဆိုင်ရာလူကြီးတွေ တာဝန်ယူပြီးတော့ အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်” ဟု လွတ်မြောက်လာသူ ကိုဝေယံစိုးက DMG ကို ပြောသည်။

၎င်းတို့နှစ်ဦးမှာ ၂၀၂ဝ ပြည့်နှစ်၊ ဇွန် ၆ ရက်နေ့၊ ညနေ ၆ နာရီခန့်က ကျောက်တော်မြို့မှ မဟာမြတ်မုနိ ကျေးရွာသို့ သွားစဉ် ကစ္ဆပနဒီတံတားရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးခံရစဉ်အတွင်း စစ်ကောင်စီတပ်ဖွဲ့များက ညှင်းပန်းနှိပ်စက်မှုများရှိကြောင်း ကာယကံရှင်များက ပြော သည်။

ထို့နောက် AA နှင့်ဆက်နွယ်သည်ဟုဆိုကာ ကျောက်တော်အခြေစိုက် ခမရ (၃၇၄) တပ်ရင်းမှ ဗိုလ်ကြီးကျော်မင်း ထွန်း က တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့တွင် မြောက်ဦးခရိုင် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီချမှတ်ပြီး စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

ကိုဝေယံစိုး၏ဖခင် ဦးမောင်သန်းရွှေက “ကျနော်တို့က သားလွတ်မယ့်ရက်ကို စောင့်မျှော်နေတာ။ အခုလို သား လွတ်လာတာ ဝမ်းသာတာပေါ့။ နောက် AA နဲ့ဆက်စပ်တယ်ဆိုပြီးတော့ သံသယနဲ့ ဖမ်းဆီးထားတဲ့သူတွေကို လည်း လွှတ်ပေးစေချင်တယ်” ဟု ပြောသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလကလည်း ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟုဆိုကာ ပုဒ်မ  ၅၂-က ဖြင့် ထောင် ဒဏ်ချမှတ်ခံထားရသည့် ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောက်ဆိပ်ကျေးရွာသားပါ ၅ ဦးမှာ ချုပ်ရက်စေ့၍ လွတ် မြောက်လာခဲ့သည်။

ရခိုင်ပြည်တွင် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလက စတင်ခဲ့သည့် မြန်မာစစ်တပ်နှင့် AA တို့၏ စစ်ရေးကာလအတွင်း AA နှင့်ဆက်စပ်သည်ဆိုသည့် သံသယဖြင့် တရားစွဲဆိုခံရသူ ၂၀၀ ကျော်အထိရှိခဲ့သည်။ ယင်းအထဲမှအချို့မှာ စစ်ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ချုပ်ရက်စေ့၍ လွတ်မြောက်လာခဲ့သော်လည်း အများအပြားမှာ ပြန်လွတ်လာခြင်း မရှိသေးပေ။

ပုံစာ - AA သံသယဖြင့် ထောင်ဒဏ်ချုပ်ရက်စေ့၍ ဖေဖော်ဝါရီလအတွင်းက လွတ်မြောက်လာသူများကို တွေ့ရစဉ်။

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...