မြိတ်၊ ထားဝယ် အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၄၈ ဦး ပြန်လည်လွတ်မြောက်

မြိတ်၊ ထားဝယ် အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၄၈ ဦး ပြန်လည်လွတ်မြောက်
ထားဝယ်အကျဉ်းထောင်မှ လွတ်မြောက်လာသူ အမျိုးသမီးတဦး
ထားဝယ်အကျဉ်းထောင်မှ လွတ်မြောက်လာသူ အမျိုးသမီးတဦး

တနင်္သာရီတိုင်းဒေသကြီး မြိတ်နှင့် ထားဝယ်အကျဉ်းထောင်တို့မှ ရာဇသတ်ကြီးပုဒ်မ ၅၀၅ - က ဖြင့် ပြစ်ဒဏ် ကျခံနေရသည့် အကျဉ်းသား ၃၄ ဦး ပြန်လည်လွတ်မြောက်လာသည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများက ပြော သည်။

လွတ်မြောက်လာသူများသည် ထားဝယ်အကျဉ်းထောင်မှ အကျဉ်းသား ၂၂ ဦးနှင့် အကျဉ်းသူ ၁၂ ဦး၊ မြိတ် အကျဉ်းထောင်မှ အကျဥ်းသား ၈ ဦး၊ အကျဥ်းသူ ၆ ဦး ပါဝင်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောသည်။

“ထားဝယ်အကျဉ်း‌ထောင်ကနေ အကျဉ်းသား/သူ ၃၆  ဦးလွှတ်မယ်လို့ သိရပေမယ့် အကျဉ်းသား ၂ ဦးက တခြားပုဒ်မတွေပါတွဲပြီး ရှိနေတော့ မလွတ်လာဘူး။ အားလုံး ၃၄ ဦးပဲ လွတ်လာတယ်” ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထို့အပြင် ကော့သောင်းအကျဉ်းထောင်မှလည်း အကျဉ်းသား/သူ အချို့ လွတ်မြောက်လာသည်ဟု သိရသော် လည်း အရေအတွက် အတိအကျကိုမူ မသိရသေးပေ။

ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဥ်းသူ ၂၁၅၃ ဦးကို ရာဇ ဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ-၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးသည်နှင့် ပတ်သက်၍ စစ်ကောင်စီက မေလ ၃ ရက်နေ့က နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။

လွတ်ငြိမ်းခွင့်ဖြင့် ပြန်လွတ်လာသူများသည် နောက်တစ်ကြိမ် ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ  ဆက်လက်ကျခံရမည်ဆိုသည့် စည်းကမ်းသတ်မှတ်ချက်ဖြင့် စစ်ကောင်စီက အကျဥ်းသားများကို ပြန်လွှတ်ပေးခြင်းဖြစ်သည်။

Photo Caption - ထားဝယ်အကျဉ်းထောင်မှ လွတ်မြောက်လာသူ အမျိုးသမီးတဦး

July 31, 2026
မလေးရှားအစိုးရက ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ပတ်သက်သည့် မူဝါဒ...
July 30, 2026
မွန်-ကရင်ပြည် အစပ်၊ ဂျိုင်းမြစ်ဒေသအတွင်းရှိ ကျေးရွာအချို့တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်သည်ဟု...
July 27, 2026
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ထောင်ထားသည့် မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့်...
July 23, 2026
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်း-ဖာပွန်လမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့်...