မွန်ပြည်နယ်ထွက် ဆားကြမ်းစျေး ဆက်တိုက်ကျ

မွန်ပြည်နယ်ထွက် ဆားကြမ်းစျေး ဆက်တိုက်ကျ

မွန်ပြည်နယ်ထွက် နေလှန်းဆားစျေး ဆက်တိုက်ကျဆင်းလာပြီး လက်ရှိတွင် တစ်ပိဿာ ကျပ် ၁၀ဝ ဝန်းကျင်သာ ရှိတော့သည်ဟု ဆားတောင်သူတို့ထံမှ သိရသည်။

ဆားကြမ်းစျေးသည် သင်္ကြန်မတိုင်ခင်က တစ်ပိဿာ ကျပ် ၁၆၀ ဝန်းကျင် ပေါက်ဈေးရှိခဲ့ရာမှ သင်္ကြန်နောက်ပိုင်းတွင် ဆားကြမ်းတစ်ပိဿာလျှင် ကျပ် ၁၀၀ အထိ စျေးကျသွားခဲ့သည်ဟု ဆားစျေးကွက်အတွင်းမှ သိရသည်။

“အခုက ဂိုထောင်မှာလည်း ဆားတွေပြည့်လာတာကြောင့် ထားစရာနေရာလည်းမရှိဘူး။ ဖြစ်တဲ့စျေးနဲ့ပဲ ရောင်းနေရတာပေါ့” ဟု ဆားတောင်သူ နိုင်ဘရှိန်က ပြောသည်။

ယခုနှစ် ဆားထုတ်လုပ်ရာသီတွင် ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ဆားထုတ်လုပ်မှုကုန်ကျစရိတ်ကြီးမြင့်ခဲ့သည့်အတွက် ဆားကြမ်းစျေး တစ်ပိဿာ ကျပ် ၁၅၀ ရရှိမှသာ တွက်ခြေကိုက်မည်ဟု ဆားတောင်သူတို့က ပြောသည်။

“ဒီနှစ်ဆားရာသီမှာ စက်သုံးဆီဈေးကြီးတာရယ်၊ အလုပ်သမားစရိတ်တိုးမြှင့်ပေးရတာတွေကြောင့် ဆားကြမ်းဈေးနှုန်း တစ်ပိဿာ အနည်းဆုံး ၁၅၀ ကျပ် ပေါက်ဈေးရှိမှပဲ အဆင်ပြေမယ်” ဟု ပငကျေးရွာမှ ဆားတောင်သူတစ်ဦးက ပြောသည်။

ဆားထုတ်လုပ်မှုကုန်ကျစရိတ်ကြီးမားပြီး ဆားစျေးဆက်တိုက်ကျဆင်းနေသည့်အတွက် ယခုနှစ်တွင် ဆားတောင်သူများ အရှုံးနှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟုလည်း ဆားတောင်သူတို့က ပြောသည်။

မွန်ပြည်နယ်အတွင်း နေလှမ်းဆားထုတ်လုပ်မှုလုပ်ငန်းကို မိုးအကုန် စက်တင်ဘာလလယ်ခန့်တွင် စတင်လုပ်ကိုင်ကြပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီတို့တွင် ဆားကြမ်းများစတင် ထုတ်လုပ်ကြလေ့ရှိကြောင်းသိရသည်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပငကျေးရွာတွင် ဆားကွင်းဧကပေါင်း ၂၉၀၀ ခန့်ရှိပြီး၊ ရာသီဥတု မဖျက်ပါက ပုံမှန်အားဖြင့် ဆားပိဿာချိန် သိန်း ၃၀၀ ခန့်ထွက်ရှိနေသည်ဟု ဆားထုတ်လုပ်သူတို့ထံမှ သိရသည်။



မွန်ပြည်နယ်တွင် ဆားထုတ်လုပ်မှုကို သံဖြူဇရပ်မြို့နယ် ပငကျေးရွာအပြင် ကျိုက္ခမီ၊ စက်စဲနှင့် ဝဲကလောင်းကျေးရွာတို့တွင်လည်း ဆားလုပ်ငန်းများ လုပ်ကိုင်လျှက်ရှိကြောင်း၊ ထို့အပြင် ရေးမြို့နယ်နှင့် ပေါင်မြို့နယ်တို့တွင်လည်း နေလှမ်းဆားထုတ်လုပ်ငန်းများရှိကြောင်း သိရသည်။

Photo caption - မွန်ပြည်နယ်ရှိ ဆားကွင်းများ

Most read this week

Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...
December 9, 2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် စစ်ကော်မရှင်ဆောက်လုပ်ရန်ပြင်ဆင်နေသည့်...
December 8, 2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကလိုင်ပဒေါကျေးရွာအရှေ့ဘက်ရှိ တောင်ပေါ်ဘုရားတွင်...
December 4, 2025
နိုင်ငံရေးမတည်ငြိမ်မှုများအကြား၌ မွန်ပြည်နယ်အတွင်းရှိ မသန်စွမ်းသူများ ထောက်ပံ့ငွေမရရှိသည့်အပြင်...