စစ်ကောင်စီမှ ဆေးရုံ/ဆေးခန်းအပေါ် ဗုံးကြဲမှု အရှိန်တိုးမြှင့်၊ နိုင်ငံတကာမှ မသိကျိုးကျွန်ပြုနေ ဟု MOH NUG ထုတ်ပြန်

စစ်ကောင်စီမှ ဆေးရုံ/ဆေးခန်းအပေါ် ဗုံးကြဲမှု အရှိန်တိုးမြှင့်၊ နိုင်ငံတကာမှ မသိကျိုးကျွန်ပြုနေ ဟု MOH NUG ထုတ်ပြန်

စစ်ကောင်စီ သည် အရပ်သားများကို ကုသပေးနေသည့် ဆေးရုံ/ဆေးခန်းများအပေါ် ယခုလ (ဧပြီ)အတွင်း လေကြောင်းမှ တဆင့် ဗုံးကြဲတိုက်ခိုက်မှု အရှိန်တိုးမြှင့်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီးဌာန (MOH NUG) က ဧပြီ ၂၈ ရက်တွင် ထုတ်ပြန်သည်။

လက်ရှိမှာ စစ်ကောင်စီသည် ကျန်းမာရေးကဏ္ဍအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားပြီး တိုက်ခိုက်နေခြင်းသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ကို ချိုးဖောက်နေပြီး နိုင်ငံတကာအသိုင်းအဝိုင်းမှ တုံ့ပြန်မှုနှေးကွေးကာ မသိကျိုးကျွန်ပြုနေသည်ဟု MOH NUG ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

စစ်ကောင်စီသည် ဧပြီ ၂၅ ရက်တွင် သျှမ်းပြည်တောင်ပိုင်းဖယ်ခုံမြို့နယ် ယင်နွဲ့ကျေးရွာအုပ်စုရှိ ဆောင်းဖွေးပြည်သူ့ဆေးရုံ၌ လူနာများ၊ကျန်းမာရေးဝန်ထမ်းများနှင့် စစ်ဘေးရှောင်ပြည်သူများရှိနေချိန်မှာပင် တိုက်လေယာဥ်ဖြင့် (၅) ကြိမ်ထက်မနည်း ဗုံးသီး (၁၀) လုံးကျော် ပစ်ခတ်ခဲ့သည်။ ထို ဗုံးကြဲမှုကြောင့် အသက် (၁၅)နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ပြည်သူ(၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကလေးမီးဖွားပြီး (၂)ရက်သာရှိသေးသူ အသက် (၁၈) နှစ်အရွယ်ရှိ မပန်းလဲ့ဦး၏ ဦးခေါင်း ဗုံးစ ဖောက်ဝင်ဒဏ်ရာရရှိပြီး အသက်အန္တရာယ်ရှိနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ဆေးရုံ၊ အဆောက်အအုံ အများစု၊ ဆေးနှင့် ဆေးပစ္စည်းများ၊ဆိုင်ကယ်နှင့်ကားအချို့လည်း ပျက်စီးခဲ့သည်။

“ စစ်ရှောင်တွေ အားကိုးတဲ့ ဆေးရုံ/ဆေးခန်းတွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာဟာ အရမ်းကို ဆိုးရွားတဲ့ အပြုအမူ၊ ယုတ်မာတယ်လို့ပြောရမယ်။ စစ်တပ်ကတော့ ဒီထက်ပိုဆိုးပြီး တိုက်ခိုက်လာဖို့ရှိတယ်” ဟု ဖယ်ခုံမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

စစ်ကောင်စီ လေကြောင်းမှ တဆင့်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းမှ အမြန်ဆုံးအရေးယူပေး စေချင်ကြောင်း၊လက်ရှိ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် စစ်ရှောင်များဆေးကုသနေသော အရေးပေါ်ဆေးပစ္စည်းများ၊ ဆေးများနှင့် ကယ်ဆယ်ရေးအသုံးအဆောင်ပစ္စည်းများကိုလည်း ပါဝင်လှူဒါန်းပေးရန်လည်း ၎င်းက တိုက်တွန်းပြောဆိုလိုက်သည်။

အလားတူ မတ် (၂၄) ရက်တွင်လည်း စစ်ကောင်စီသည် ကရင်နီပြည် ဒီမော့ဆိုမြို့နယ် ဒေါတမကြီးဆေးရုံကို လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံလုံးဝပျက်စီးသွားခဲ့ပြီး ဆေးရုံအနီးရှိ ပြည်သူတစ်ဦး သေဆုံးခဲ့ရကြောင်း MOH NUG က ဧပြီ ၂၈ ရက်ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ဆောက်အအုံအများစု၊ ဆေးနှင့် ဆေးပစ္စည်းများ၊ဆိုင်ကယ်နှင့်ကားအချို့လည်း ပျက်စီးခဲ့သည်။

“ စစ်ရှောင်တွေ အားကိုးတဲ့ ဆေးရုံ/ဆေးခန်းတွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာဟာ အရမ်းကို ဆိုးရွားတဲ့အပြုအမူ၊ ယုတ်မာတယ်လို့ပြောရမယ်။ စစ်တပ်ကတော့ ဒီထက်ပိုဆိုးပြီး တိုက်ခိုက်လာဖို့ရှိတယ်” ဟု ဖယ်ခုံမြို့နယ် ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

စစ်ကောင်စီ လေကြောင်းမှ တဆင့်တိုက်ခိုက်မှုနှင့်ပတ်သက်ပြီး နိုင်ငံတကာအဖွဲ့အစည်းမှ အမြန်ဆုံးအရေးယူပေး စေချင်ကြောင်း၊လက်ရှိ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် စစ်ရှောင်များဆေးကုသနေသော အရေးပေါ်ဆေးပစ္စည်းများ၊ ဆေးများနှင့် ကယ်ဆယ်ရေးအသုံးအဆောင်ပစ္စည်းများကိုလည်း ပါဝင်လှူဒါန်းပေးရန်လည်း ၎င်းက တိုက်တွန်းပြောဆိုလိုက်သည်။

အလားတူ မတ် (၂၄)ရက်တွင်လည်း စစ်ကောင်စီသည် ကရင်နီပြည် ဒီမော့ဆိုမြို့နယ် ဒေါတမကြီးဆေးရုံကို လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးရုံလုံးဝပျက်စီးသွားခဲ့ပြီး ဆေးရုံအနီးရှိ ပြည်သူတစ်ဦး သေဆုံးခဲ့ရကြောင်း MOH NUG က ဧပြီ ၂၈ ရက်ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

May 1, 2026
စိုင်းဆိုင်အိုက် — ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ...
April 30, 2026
စိုင်းခွမ်မိန်း — သျှမ်းပြည် နမ့်ခမ်းမြို့နယ်ရှိ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများတွင်...
April 29, 2026
စိုင်းဟန်လင်း — ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့တွင် အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်)...
April 28, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့်...