စစ်တွေတွင် ရေပြတ်လပ်မှုမဖြစ်ရေး မျက်ခြေမပြတ် ဆောင်ရွက်နေဟု ပြည်နယ်စစ်ကောင်စီပြော

စစ်တွေတွင် ရေပြတ်လပ်မှုမဖြစ်ရေး မျက်ခြေမပြတ် ဆောင်ရွက်နေဟု ပြည်နယ်စစ်ကောင်စီပြော
စစ်တွေမြို့၊ သင်္ဂနက်ကျေးရွာအနီးတွင် မြေအောက်ရေတူးဖော်နေမှုအား ပြည်နယ်စစ်ကောင်စီအဖွဲ့မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့စဉ်။ ဓာတ်ပုံ - ရခိုင်နေ့စဉ်
စစ်တွေမြို့၊ သင်္ဂနက်ကျေးရွာအနီးတွင် မြေအောက်ရေတူးဖော်နေမှုအား ပြည်နယ်စစ်ကောင်စီအဖွဲ့မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့စဉ်။ ဓာတ်ပုံ - ရခိုင်နေ့စဉ်

နွေရာသီရောက်တိုင်း နှစ်စဉ်ရေရှားပါးမှု ပြဿနာဖြင့် ကြုံတွေ့နေရသည့် စစ်တွေမြို့တွင် ယခု နွေရာသီတွင် ရေပြတ်လပ်မှု မဖြစ်နိုင်သလို ရေပြတ်လပ်မှု မဖြစ်စေရန် မြေအောက်ရေ ထုတ်ယူသုံးစွဲနိုင်ရေးကို မျက်ခြေမပြက် ကြိုးစားဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ်စစ်ကောင်စီက ဆိုသည်။

မိုးရာသီ မတိုင်မီအထိ စစ်တွေမြို့တွင် ရေမပြတ်အောင် စီစဉ်ထားရှိပြီး မေလကုန်အထိ အားထည့်ဆောင်ရွက်ရန် ကြိုးပမ်းနေကြောင်း ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း၏၏ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ဧပြီလ ၁၈ ရက်နေ့က ရေးသားထားသည်။

“စက်ရေတွင်း တူးစက်တွေက တူးဆဲပါ။ ရေထွက်တွင်းတွေလည်း များလာပါတယ်။ ထွက်တဲ့ရေတွေကို ကန်တော်ကြီးထဲ ပိုက်နဲ့ တိုက်ရိုက်ထည့်ထားပါတယ်။ ကန်တော်ကြီးရေနဲ့ မြို့တွင်း အဝီစိရေကို စုဆောင်းပြီး စစ်တွေမြို့တွင်းသို့ ရေပေးဝေနေပါတယ်။ တစ်နေ့လိုအပ်ချက် ဂါလံ (၁ ဒသမ ၉)သန်းကို အပြည့်အဝ မပေးနိုင်သော်လည်း ရေဂါလံ (၁ ဒသမ ၃)သန်းလောက် လွှတ်ပေးနေတယ်လို့ သိရပါတယ်”ဟု ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် ပြည်နယ်စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ယခုနှစ် ဒုတိယအကြိမ် ရခိုင်ပြည်ခရီးစဉ်တွင် စစ်တွေ၌ ရေရှားပါးမှု မဖြစ်ပေါ်စေရေး၊ ကန်တော်ကြီးရေ မပြတ်လတ်စေရေးကိစ္စနှင့်ပတ်သက်ပြီး ဆောင်ရွက်သွားမည်ကို ပြောဆိုခဲ့ပြီးနောက် မြေအောက်ရေများတူးဖော်ပြီး လုပ်ဆောင်လာခြင်းဖြစ်သည်။

လက်ရှိတွင် စစ်တွေမြို့ရှိ ရပ်ကွက်အချို့၌ ကန်တော်ကြီးရေကို တစ်ပတ်တွင် နှစ်ကြိမ်ခန့် အချိန်အကန့်အသတ်ဖြင့် ဖြန့်ဝေပေးနေသော်လည်း ကန်တော်ကြီးရေပေးဝေသည့်အချိန်တွင် လျှပ်စစ်မီး ပြတ်တောက်နေလျှင် ရေတင်ရန် အဆင်မပြေဖြစ်ရသည်ဟု မောလိပ်ရပ်ကွက်မှ ဒေါ်တင်ဌေးကပြောသည်။

“ကန်တော်ကြီးရေက အခုပေးနေပြီလို့တော့ ကြားတယ်။ ဒါပေမယ့် ကျမတို့က ကန်တော်ကြီးရေကို မသုံးဖြစ်ဘူး။ ဘာလို့လဲဆိုတော့ အလုပ်တစ်ဖက်နဲ့ဆိုတော့ အလုပ်က ပြန်ရောက်တဲ့အချိန် ကန်တော်ကြီးရေပေးချိန်နဲ့ ကိုက်ညီနေရင်တောင် မီးကပြတ်နေတယ်။ အဲလိုမျိုး အခက်အခဲတွေရှိတယ်”ဟု ၎င်းကပြောသည်။

စစ်ကောင်စီက စစ်တွေမြို့တွင်း ရေဂါလံ (၁ ဒသမ ၃)သန်းခန့်ကို ဖြန့်ဝေပေးနေသည်ဆိုသော်လည်း မြို့နေလူထုများမှာ သောက်သုံးရေအခက်အခဲကို လက်ရှိအချိန်အထိ ကြုံတွေ့နေကြရကြောင်း စစ်တွေမြို့ခံများက ပြောသည်။

စစ်တွေမြို့၊ မြို့သူကြီးရပ်ကွက်မှ ကိုစောဝင်းက “ကန်တော်ကြီးရေ မရတာ သုံးလလောက်ရှိပြီ။ သောက်ရေက ရေသန့်ဗူးတွေ ဝယ်သောက်ရတယ်။ သုံးရေကတော့ မော်တာနဲ့ ရေတင်ရတယ်။ အဲဒါက မီးပြတ်နေရင် ရေတင်လို့ မရဘူး”ဟု ပြောသည်။

ထိုသို့ ရေအခက်အခဲဖြစ်သည့်အတွက် မြို့ပေါ် ရပ်ကွက်အချို့တွင် ရေကို ဝယ်ယူအသုံးပြုနေကြပြီး အချို့ရပ်ကွက်များတွင် အဝီစိတွင်းရေများကို အဓိကထား အသုံးပြုနေကြရသည်ဟု စစ်တွေမြို့၊ ဓညဝတီရပ်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။

“(စစ်ကောင်စီ)က မြေအောက်ရေတူးပြီး စစ်တွေမှာ ဖြန့်ပေးမယ်ဆိုတော့ ကျနော်တို့က ဝမ်းသာနေကြတာ။ ဒီနှစ်ကတော့ ရေသိပ်မရှားလောက်ဘူးဆိုပြီးတော့လေ။ ဒါပေမယ့် အခုအထိတော့ ရေက လုံးဝကို မရသေးတာ။ ကိုယ့်ဟာကိုယ်ပဲ ဝယ်သုံးနေရတယ်”ဟု ၎င်းကပြောသည်။

စစ်တွေမြို့တွင် နေထိုင်သူများမှာ ကန်တော်ကြီးရေကန်နှင့် ဗျိုင်းဖြူရွာရေကန်ကို ရေရရှိရန် အဓိက အားထားနေကြရခြင်းဖြစ်သည်။

စစ်တွေမြို့နယ်၊ ဘာဆာ မူဆလင်ကျေးရွာမှ မိသားစုတစ်စုကို ၂၀၂၃ ခုနှစ်အတွင်း တွေ့ရစဉ် / DMG
September 3, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်ရှိ မူဆလင်ကျေးရွာများနှင့် ဒုက္ခသည်စခန်းများတွင် ဝမ်းပျက်ဝမ်းလျှော...
လောင်တလိုင်မြို့ တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။ / DMG
September 3, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်း၌ စက်တင်ဘာလ ၁ ရက်မှစ၍...
ဓာတ်ပုံ - (ကျောက်တော်မြို့နယ်၊ ယိုးချောင်းဒေသရှိ ကျေးရွာတစ်ရွာကို တွေ့ရစဉ် / DMG)
September 2, 2026
ရခိုင်ပြည်အတွင်းရှိ ဝေလံခေါင်ဖျားဒေသများနှင့် သွားလာရခက်ခဲသော ကျေးလက်ဒေသများတွင် ဆေးရုံ၊...
ဓာတ်ပုံ - (အာရက္ခမှုခင်းနှင့် သတင်းထုတ်ပြန်ရေး / DLEPS က ထုတ်ပြန်လာသည့် ယခုနှစ်အတွင်း ရခိုင်မှ ထွက်ခွာစဉ် ဖမ်းဆီးခံထားရသူများ)
September 1, 2026
ရခိုင်ဒေသအတွင်း လူကုန်ကူးမှု တားဆီးကာကွယ် နှိမ်နင်းနိုင်ရေးအတွက် အရှိန်အဟုန်မြှင့်...