ဒေါညေးခူကျေးရွာ နဲ့ ဘောလခဲ သွားလမ်းမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီ(၈)ဦးသေဆုံး၊ တစ်ဦးအရှင်ဖမ်းမိ

ဒေါညေးခူကျေးရွာ နဲ့ ဘောလခဲ သွားလမ်းမှာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီ(၈)ဦးသေဆုံး၊ တစ်ဦးအရှင်ဖမ်းမိ

ယမန်နေ့(ဧပြီလ ၁၉ရက်) မွန်းလွဲ အချိန် ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ ဒေါညေးခူကျေးရွာ နဲ့ ဘောလခဲဖက် သွားလမ်းမှာ ရိက္ခာပို့ဖို့သွားနေတဲ့ စစ်ကောင်စီတပ် ခလရ (၈၀) နဲ့ ကရင်နီတပ်မတော်(KA) ၊ KNDFတို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၈)ဦးသေဆုံးပြီး တစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ကရင်နီပြည်အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနမှ ဝန်ကြီး ခူညေးရယ်က ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။

“ ဘောလခဲနဲ့ ဒေါညေးခူကြားထဲမှာ သူတို့ ရိက္ခာလာပို့တာ အဲမှာ မိုင်းနင်းမိသွားတယ်။ ကားက မိုင်းနင်းမိပြီးတော့မှ ကားပက်လက်လှန်သွားတယ်ပြောတယ်။ နောက်ပြီးတော့မှ တိုက်ပွဲဆက်ဖြစ်တယ်ပေါ့။ စကစ (စစ်ကောင်စီ) တပ် ၈ယောက်သေတယ်။ တစ်ယောက် အရှင်မိတယ်။ လက်နက်ကတော့ ၆လက်ရတယ်။ သူတို့ ဒေါညေးခူကို ရိက္ခာပို့ဖို့လေ။ သူတို့ ဘောလခဲဖက်ကနေ တက်လာတာ။” လို့ ဝန်ကြီး ခူညေးရယ်က ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ စီးနှင်းလာတဲ့ စစ်ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့ပြီး လက်နက်ငယ် (၆)လက် နဲ့ ကျည်အချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါတမကြီးကျေးရွာအုပ်စုဖက်မှာ စစ်ကောင်စီတပ်ဟာ လက်ရှိအချိန်ထိ တပ်စွဲနေဆဲဖြစ်ပြီး ဒေါညေးခူကျေးရွာအနီးမှာ ဧပြီ ၁၆၊ ၁၇၊ ၁၈ ရက်တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က လေကြောင်းသုံးတိုက်ခိုက်မှုနဲ့ လက်နက်ကြီး အမြောက်အများပစ်ခတ်ခဲ့ပါတယ်။

၂ရက်တိုက်ပွဲအတွင်း စစ်ကောင်စီဖက် ၃၀ဦးဝန်းကျင် သေဆုံးခဲ့ပြီး ကရင်နီတပ်မတော် KAဖက် ရဲဘော်တစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒီးမော့ဆိုအရှေ့ဖက်ခြမ်းမှာ မတ်လဆန်းကနေ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ဒီကနေ့အထိ တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေလည်း ရှိနေတာဖြစ်ပါတယ်။

Most read this week

December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...
December 16, 2025
မြလေးကုန်းဆိုတဲ့ စစ်ရှောင်စခန်းအတွင်းက အေးချမ်းတဲ့ ဆောင်းမနက်ခင်းတခုရဲ့ နံနက်ခင်းလေးမှာ...
December 15, 2025
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အတွင်းက သုံးနှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တစ်ဦးကို...
December 10, 2025
ကရင်နီပြည် ၊ လွိုင်ကော်မြို့၊ ပန်ကန်းရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသားနှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ...