မဲကနယ်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်ပြီး လေယာဉ်ဖြင့်ပစ်ကူပေးနေ

မဲကနယ်တွင် တိုက်ပွဲများဆက်လက်ပြင်းထန်ပြီး လေယာဉ်ဖြင့်ပစ်ကူပေးနေ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ မြဝတီမြို့နယ်တောင်ပိုင်းရှိ မဲကနယ်ကျေးရွာ ကျောက်တောင်၊ ကျောက်မဲ နေရာများတွင် ယနေ့ နံနက် ၆ နာရီဝန်းကျင်တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် လာရောက်ပစ်ကူပေးနေကြောင်း မဲကနယ်ဒေသခံ များက ပြောသည်။

ယနေ့နံနက်အစောပိုင်းတွင် ဒေသခံတော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ကာ စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်ဖြင့် ၄ ကြိမ်ထက်မနည်း လာရောက်ပစ်ကူပေးနေရကြောင်း မဲကနယ်ရွာသူတစ်ဦး က ယခုလိုပြောသည်။

“မနက်စောစော ၆နာရီကတည်းက‌ ကျောက်တောင်၊ ကျောက်မဲ နေရာတွေဘက်မှာ တိုက်ပွဲပြင်း ထန်နေတယ်။ ၉ နာရီဝန်းကျင်မှာတော့ စစ်‌ကောင်စီက ရဟတ်ယာဉ်နဲ့စစ်ကူလာပစ်တယ်။ တိုက်ပွဲက မနက်ကတည်းက‌နေ ခုန လေယာဉ်လာပစ်တဲ့အချိန်ပဲ ပစ်ခတ်မှုရပ်သွားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

မဲကနယ်ကျေးရွာသူ၊ ကျေးရွာသားများသည်တိုက်ပွဲ ဆက်လက်ပြင်းထန်နေမှုကြောင့် စစ်ဘေး ဆက်လက် တိမ်းရှောင်နေကြရပြီး မိမိနေရပ်သို့ ပြန်လာချင်သော်လည်း ပြန်လာနေမရဲဖြစ် နေသေးကြောင်း အခြားရွာသား တစ်ဦးက ဆိုသည်။

“ရွာသားတွေတစ်ချို့တော့ပြန်လာနေတယ်။ အခြားလူလည်းပြန်လာချင်တယ်။ တိုက်ပွဲဆက်လက်ပြင်း ထန်တာ ကြောင့်ပြန်လာလို့မရဲသေးဘူ။ ပြန်လာနေတဲ့သူကလည်း စစ်ကောင်စီ စာရင်းတွေ ဓာတ်ပုံတွေ အကုန်ယူထားတယ်”ဟု ကေအိုင်စီသို့ပြောသည်။

အလားတူ ယမန်နေ့ကလည်း စစ်ကောင်စီတပ်သည် မဲကနယ်ကျေးရွာဘက်သို့ KNU ယူနီဖောင်းဝတ် ကာ အသွင်ယူစစ်ကြောင်းထိုးလာသောကြောင့် ဗိုလ်ဒါဘောဦးဆောင်သည့် ကော်ဘရာ စစ်ကြောင်း ၊ စစ်ကြောင်း(၂) Venom Column တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီတပ်သား ၂ဦး သေဆုံးကာ သေနတ် ၂ လက်သိမ်းဆည်းရကြောင်း Venom Column စစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

Photo crd : CJ
May 5, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် စစ်ဘေးကြောင့်နေအိမ်မပြန်နိုင်သေးသော ကျေးရွာ(၅)...
May 4, 2026
“နိုင်ငံတကာမှာရှိတဲ့သတင်းအဖွဲ့အစည်းတွေက လွတ်လပ်သောသတင်းမီဒီယာသမားတွေ ဆက်လက်ရှင်သန်ဖို့အတွက်...
Photo crd: social media
May 4, 2026
မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး...
May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...