မြစ်ကြီးနား-ဖားကန့်လမ်းပေါ်က ဆိုင်းဖရာကျေးရွာနေ ပြည်သူ ၃၀ ဦးအား စစ်ကောင်စီမှ လူသားဒိုင်းကာ အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားဟုဆို

မြစ်ကြီးနား-ဖားကန့်လမ်းပေါ်က ဆိုင်းဖရာကျေးရွာနေ ပြည်သူ ၃၀ ဦးအား စစ်ကောင်စီမှ လူသားဒိုင်းကာ အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားဟုဆို

မြစ်ကြီးနား-ဖားကန့် လမ်းပေါ်က ကပ်မှော်ဇွပ်ကျေးရွာအုပ်စု၊ ဆိုင်းဖရာကျေးရွာမှာရှိတဲ့ ကျေးရွာနေပြည်သူ ၃၀ ကျော်ကို စစ်ကောင်စီကနေ ဒီကနေ့မနက် ၄ နာရီလောက်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ကနေ လာရောက်ဖမ်းခေါ်သွားတဲ့ ပြည်သူ ၅၀နီးပါးခန့် ရှိပေမဲ့ ကလေးအမေနဲ့ အသက်ကြီးပိုင်း အချို့ကို ပြန်လွှတ်ပေးခဲ့ပြီး ဖမ်းဆီခေါ်သွားသူတွေထဲမှာ အမျိုးသမီးအများဆုံး ပါဝင်ကြောင်း ဆိုင်းဖရာဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“အားလုံးကို ဖမ်းခေါ်တယ်။ အိမ်တိုင်းတံခါးရိုက်ဖွင့် သေနတ်ပစ်ခြိမ်းခြောက်ပြီး ဖမ်းခေါ်သွားတာ။ ရွာထိပ်ရောက်ရင်တော့ ကလေးပါတဲ့ ကလေးအမေတွေနဲ့ အသက်ကြီးတဲ့ အမျိုးသမီးတွေကို ပြန်ခိုင်းလိုက်တယ်။ အားသန်တဲ့သူတွေကို ဆက်ခေါ်သွားတယ် “လို့ အထက်ပါဒေသခံက ပြောပါတယ်။

ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် နံနက် ကိုးနာရီလောက်မှာ ဆိုင်းဖရာကျေးရွာအနီး ပစ်ခတ်သံအချို့ ကြားခဲ့ရတယ်လို့လည်း ဒေသခံက ဆိုပါတယ်။

စစ်ကောင်စီအင်အား ၅၀ ကျော်က ဆိုင်းဖရာကျေးရွာသို့ သေနတ်ပစ်ဖောက်ပြီး တစ်အိမ်ဝင်အိမ်ထွက် ဝင်ရောက် ဖမ်းဆီးနေတဲ့အတွက် အနီးအနားမှာရှိတဲ့ ကျေးရွာတွေဘက်ကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“လမ်းဘေးမှာရှိတဲ့ အိမ်ကစပြီး ဖမ်းလာတာ။ ဆိုင်းဖရာတစ်ရွာလုံးနီးပါး တစ်အိမ်ဆင်းတစ်အိမ်တက်ပြီး ဖမ်းသွားကြတာ။ မနက်အစောကြီး ထွက်လာလို့ အခုထိ ထမင်းတောင်မစားရသေးဘူး”လို့ ဆိုပါတယ်။

လက်ရှိ စစ်ကောင်စီတပ်သားတွေဟာ ဆိုင်းဖရာကျေးရွာအထက် ခွမ်စိုင်ယန်ကျေးရွာမှ ရှိနေပြီး စစ်ကောင်စီအင်အားအချို့ တက်လာနေတယ်လို့လည်း သိရပါတယ်။

September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...