KNU/KNLA-PC စစ်ရေးချုပ် ဗိုလ်ချုပ်‌ စောအယ်ခူ မိမိကိုယ်ကို အဆုံးစီရင်ခဲ့

KNU/KNLA-PC စစ်ရေးချုပ် ဗိုလ်ချုပ်‌ စောအယ်ခူ မိမိကိုယ်ကို အဆုံးစီရင်ခဲ့

ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) စစ်ရေးချုပ်ဖြစ်သူ ဗိုလ်ချုပ်‌စောအယ်ခူသည် ယနေ့ ဧပြီလ ၁၁ ရက်နေ့နံနက်တွင် မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း အဖွဲ့၏ ပြောခွင့်ရသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က အတည်ပြုပြောဆိုသည်။

ဗိုလ်မှူးကြီး စောကျော်ညွန့်က “ဒီနှစ်အတွင်းမှာလည်း ကိုယ်ခန္ဓာကဝလာပြီး ဆီးချိုလား၊ သွေးတိုးလားအမျိုးမျိုး ခဏခဏ ဖြစ်လာပြီးဆေးသောက်ရတယ်။ ဒါလည်း စိတ်အားငယ်ပြီးစိတ်ထိခိုက်မှုတွေရှိနိုင်တယ်။ နောက်တစ်ခုက မနေ့ တစ်နေ့က နယ်မြေအတွင်းမှာ ဖြစ်ပွားတဲ့တိုက်ပွဲအတွက်လည်းကြားမှာ သူနေရတယ်။ တိုက်ပွဲတွေ ကျယ်ကျယ် ပြန့်ပြန့်မဖြစ်ပွားဖို့ ‌လျော့နည်းဖို့ ကူညီလုပ်ဆောင်တာဟာ ဖိအားတွေအမျိုးမျိုးရှိမယ်။ သူ့ရောဂါအမျိုး မျိုးခံစားရတာ နယ်မြေအတွင်းတိုက်ပွဲဖြစ်ပွားမှုမှာ ဖိအားအမျိုးမျိုးခံစားရပြီး စိတ်အားငယ်ပြီး စိတ်ထိခိုက်မှု တွေရှိနိုင်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အသက် (၆၀)ကျော်အရွယ် ဗိုလ်ချုပ်စောအယ်ခူသည် ကရင်ငြိမ်းချမ်ရေးကောင်စီ၏ အလုပ်အကိုင်လမ်းစဉ်၊ လုပ်ငန်း စဉ်ကို တသွေမတိမ်း လိုက်နာလုပ်ဆောင်သူတစ်ဦးဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီးစောကျော်ညွန့်က ဆက်ပြောသည်။

 

"ပဋိပက္ခ ဖြစ်ပွားမှုအတွင်း တစ်ယောက်၏ အမြင်၊ အတွေးအခေါ်၊ ကြုံတွေ့မှုအမျိုးမျိုးရှိနိုင်တယ်။‌ သေချာပြော နိုင်တာက ဗိုလ်ချုပ်စောအယ်ခူဟာ ကိုယ့်အဖွဲ့အစည်းရဲ့ လမ်းစဉ်၊ လုပ်ငန်းစဉ်ကို အတိအကျလိုက် နာတဲ့သူဖြစ်တယ်။ အထက်လူကြီးလည်း လက်နက်ကိုင်အချင်းချင်းတိုက်ပွဲတွေဆက်မဖြစ်ဖို့ ပူးပေါင်း ကာကွယ်လုပ်ဆောင်ရန် အဓိကပဲ။ ကိုယ့်နယ်မြေအတွင်း နေထိုင်တဲ့ပြည်သူတွေ စစ်ဒဏ်ကိုမခံရဖို့ ကရင် လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးပူးပေါင်းလုပ်ဆောင်တယ်"ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၅ ရက်နှင့် ၆ ရက်နေ့တို့တွင်ဖြစ်ပွားခဲ့သော နယ်ခြားစောင့်တပ် (BGF) ထိန်းချုပ်ရာရွှေကုက္ကိုလ် မြို့သစ်အနီးတိုက်ပွဲတွင် ပါဝင်ခဲ့သူ KNU/KNLA-PC တပ်ရင်း(၇၀၈) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး စောကျော်ကရောနှင့် အမှတ် (၂) စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စောလက်ကိုင်တို့ နှစ်ဦးကို အဖွဲ့အစည်းမှ ထုတ်ပယ်လိုက်ကြောင်းကို စစ်ရေးချုပ်ဖြစ်သူ ဗိုလ်ချုပ် စောအယ်ခူကိုယ်တိုင် လက်မှတ်ရေးထိုးကာ ထုတ်ပြန်ကြေညာခဲ့သေးသည်။

Most read this week

December 23, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ သထုံခရိုင်ရှိ ကျေးရွာနှစ်ရွာသို့ ယမန်နေ့ (ဒီဇင်ဘာလ...
December 22, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်ရှိ CDM ဆရာမနှင့်အမျိုးသားဖြစ်သူကို လူသတ်မှုကျူးလွန်ခဲ့သည့်...
December 22, 2025
မောင်ကျော်စွာ — ရွေးကောက်ပွဲ နီးလာလေလေ ရွေးကောက်ပွဲရဲ့ သရုပ်လက္ခဏာဟာ...
December 19, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ရှိ ဖလူးကျေးရွာအုပ်စု၊ ဖလူးလေးကျေးရွာထိပ်ပိုင်းတွင် ယနေ့ ဒီဇင်ဘာ...