မြဝတီမြို့နယ် မဲကနယ်ဒေသဘက်မှာ တိုက်ပွဲပြင်းထန်နေ

မြဝတီမြို့နယ် မဲကနယ်ဒေသဘက်မှာ တိုက်ပွဲပြင်းထန်နေ

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၆)နယ်မြေ မြဝတီမြို့နယ် မဲကနယ်ဒေသမှာ ဧပြီလ (၁၁) ရက်နေ့က စစ်ကောင်စီနယ်ခြားစောင့်တပ် BGFနဲ့ KNLA ပူးပေါင်းစစ်ကြောင်းတို့အကြား တိုက် ပွဲပြင်းထန်နေသလို စစ်ကောင်စီဘက်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်မှု အများအပြား အသုံး ပြုတိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းတွေအရ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ တစ်ရက်တည်း လေကြောင်းတိုက်ခိုက်မှု လေးကြိမ် လာရောက် ပြုလုပ်ခဲ့သလို ပေါင် ၅၀၀ ဗုံးတွေကိုပါ အသုံးပြုတိုက်ခိုက်သွားတယ်လို့ မြေပြင်သတင်းရင်း မြစ်တွေက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ သင်္ဃန်းညီနောင်စစ်ဗျူဟာကလည်း လက်နက်ကြီးတွေနဲ့ မဲကနယ်ကျေးရွာဘက်ကို အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် လတ်တလောမှာ ထိ ခိုက်သေဆုံးမှုကိုတော့ မသိရှိရသေးဘဲ တိုက်ပွဲတွေအတွင်း နှစ်ဖက်ထိခိုက်မှုရှိခဲ့တယ်လို့ မြေပြင်သ တင်းရင်းမြစ်တွေက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကလည်း မြဝတီမြို့ ကုန်သွယ်ရေးဇုန်နဲ့ သင်္ဃန်းညီနောင်က ရဲစခန်းတပ်စ ခန်းတွေကို KNLA ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီးတဲ့နောက်ပိုင်း မဲကနယ်ကျေးရွာဘက်ကို စစ်ကောင်စီ BGF တပ်တွေက စစ်ကြောင်း(၃)ကြောင်း တပ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက် ခိုက်နေတာဖြစ်ပါတယ်။

မြဝတီမြို့နယ် မဲကနယ်ကျေးရွာဘက်မှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီ BGF ဘက်မှ (၃၀)နီးပါး သေဆုံးခဲ့ပြီး အရာရှိအပါအဝင် ဒဏ်ရာရရှိသူ (၃၀)ကျော်ရှိကာ လက်နက်ခဲယမ်း အချို့ကိုလည်း သိမ်းဆည်းရမိခဲ့သလို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မဲကနယ်ကျေးရွာထဲက လူနေအိမ်တွေ၊ ပိုင်ဆိုင်မှုတွေ ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ KNLA ပူးပေါင်းစစ်ကြောင်းဖြစ်တဲ့ ကော်ဘရာစစ်ကြောင်းက ဧပြီ(၁၀) ရက်နေ့က ထုတ်ပြန်ထားပါတယ်။

KNU တပ်မဟာ(၆)နယ်မြေအတွင်းရှိ မဲကနယ်ကျေးရွာဘက်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲကြောင့် ဖားချောင်း၊ ရွာသစ်၊ အတွင်းမဲကနယ်၊ အပြင်မဲကနယ်၊ နို့ဖို့စတဲ့ ကျေးရွာတွေက ဒေသခံပြည်သူထောင်ချီဟာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေတယ်လို့ ကရင်လူမှုအဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။

သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ - Cobra Column

ဓာတ်ပုံ-CJ
May 1, 2026
မွန်ပြည်နယ်မှာ အစိုးရအဖွဲ့သစ် အပြောင်းအလဲ ဖြစ်ပေါ်လာပေမယ့် လောင်းကစားဝိုင်းတွေကို အကြီးအကျယ်...
April 30, 2026
မွန်ပြည်နယ်မှာ လျှပ်စစ်ဓာတ်အား တိုးမြှင့်ပေးမယ်လို့ ပြည်ထောင်စု ဝန်ကြီး ပြောဆိုပြီးနောက်...
April 29, 2026
မွန်ပြည်နယ် ရေးမြို့နယ် ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း အာဏာဖီဆန်ရေး မလုပ်ထားတဲ့...
ဓာတ်ပုံ-Social Media
April 28, 2026
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းထံ‌ စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်း ထိခိုက်သေဆုံးမှု...