ဖားအံတွင် ညထွက်သည့်လူငယ်များကို ဖမ်းဆီးပြီးငွေညှစ်တောင်းခံမှုများပြုလုပ်လျက်ရှိ

ဖားအံတွင် ညထွက်သည့်လူငယ်များကို ဖမ်းဆီးပြီးငွေညှစ်တောင်းခံမှုများပြုလုပ်လျက်ရှိ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်ထားခြင်းမရှိဘဲ အာဏာသိမ်း စစ်ကောင်စီက ညအချိန် အပြင်ထွက်သည့် လူငယ်များကို ဖမ်းဆီးငွေညှစ်တောင်းခံမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့ ည၈နာရီဝန်းကျင်ခန့်တွင် ညအချိန်အပြင်ထွက်သည့်လူငယ်နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး မိသားစုများကို တစ်ဦးလျှင် ကျပ်ငွေငါးသိန်းဖြင့်လာရောက် ရွေးထုတ်ခိုင်းခဲ့ကြောင်း ၎င်းမိသားစုဝင်များ နှင့် နီးစပ်သူတစ်ဦးက ယခုလိုပြောသည်။

၎င်းက “ရှစ်နာရီခွဲလောက်ပဲရှိမယ်။ လမ်းမှာပဲ ဖမ်းခံမိသွားတာ။ Grace ဟိုတယ်အနောက်လမ်း ၊ ရေကျော်ဘက်မှာ။ ဖမ်းခံထိပြီးသိပ်မကြာဘူး၊ သူတို့ဘက်ကဖုန်းဆက်လာတယ်။ တစ်ယောက်ကို ငါးသိန်းနဲ့လာရွေးခိုင်းတယ်။ မနေ့ညကပဲပြန်လွှတ်လာတာ။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ညအချိန်တွင်လူငယ်များကိုအဓိက ပစ်မှတ်ထား၍ အိမ်စီးကားများဖြင့် ကင်းလှည့်လည်ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိနေပြီး မထင်မှတ်ထားသည့် အချိန်များတွင် ဧည့်စာရင်းဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ကိုယ်တိုင် ကြုံတွေ့သူများပြောစကားအရ သိရသည်။

ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ လူငယ်တစ်ဦးက “ခါတိုင်းက ညမထွက်ရဘူးဆိုရင် ရပ်ကွက်လူကြီးတွေက လိုက်ပြောတယ်။ အဲ့လိုလိုက်မပြောတာလည်းကြာပြီး လူတိုင်းက ပုံမှန်တိုင်းပဲ ထွက်နေကြတာ။ ဒါပေမဲ့ သူတို့က လူငယ်တွေကို အဓိကထားစစ်နေတာ။ ကျနော်အပြင်ထွက်တုန်းကဆို အိမ်စီးကားနဲ့ကျနော့်အနောက်ကို လိုက်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

အလားတူ ကော့ကရိတ်မြို့တွင်လည်း ညအချိန်များတွင် စစ်ကောင်စီတပ်များက ကော့ကရိတ်မြို့အနီး တစ်ဝိုက်ကို လက်နက်ကြီးများနှင့် ပစ်ခတ်နေသည့်အပြင် မြို့ထဲတွင်လည်း ကင်းလှည့်ကာ ဧည့်စာရင်း စစ်ခြင်းနှင့် လိုက်လံဖမ်းဆီးမှုများကိုပါ ပြုလုပ်နေကြောင်း ဒေသတွင်းသတင်း အရင်းမြစ်များထံမှသိရသည်။

ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က ထုတ်ပြန်ထားသည့် စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေး နယ်မြေ များတွင် ကရင်ပြည်နယ်တွင် ကော့ကရိတ်နှင့်ကြာအင်းဆိပ်ကြီးမြို့နယ်ပါဝင်သော်လည်း ယခုလို ဖမ်းဆီးမှုပြုလုပ်ခဲ့သည့် ဖားအံမြို့နယ်တွင်မူ ညမထွက်ရ အမိန့်ကြေညာထားခြင်းမရှိသလို စစ်အုပ်ချုပ်ရေးဒေသလည်း မဟုတ်ကြောင်း သိရသည်။

Most read this week

September 4, 2026
ဧရာဝတီတိုင်းဒေသကြီးရှိ ရေဘေးသင့်ဒေသများသို့ ရေဘေးကူညီကယ်ဆယ်ရေးပစ္စည်းများ လုံခြုံမြန်ဆန်စွာ...
KIC / ဌာနေတိုင်းရင်းသားများ၏ မိရိုးဖလာ စီမံအုပ်ချုပ်ရေးစနစ် နယ်မြေ ‘ကော်’ များ လက်မှတ်ရေး ထိုးမှုကို တွေ့ရစဉ်
September 4, 2026
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း ဧကပေါင်း ၃၈၀,၉၈၄ ဒသမ ၁ ရှိ ဌာနေတိုင်း...
September 3, 2026
ကွယ်လွန်သူ ကရင်တေးရေး၊ အဆိုတော် ဟက်ပီးပိုး ရေးစပ်ပြီး Kpaw Joy သီဆိုထားသည့် “ထွီဝါးခီး” သီချင်း...
ဓာတ်ပုံ - Saw Chaint Phaung
September 3, 2026
ကရင်ပြည်၊ ဖားအံမြို့ အပါအဝင် မဒေါက်၊ ပဲခူးနှင့် ရွှေကျင်မြို့တို့တွင် မြစ်ရေများ...