ပုလောမှာ စစ်တပ်လက်နက်ကြီး ထိမှန်တာကြောင့် ကလေးငယ် ၃ ဦးအပါအဝင် ၇ ဦး ဒဏ်ရာရ

ပုလောမှာ စစ်တပ်လက်နက်ကြီး ထိမှန်တာကြောင့် ကလေးငယ် ၃ ဦးအပါအဝင် ၇ ဦး ဒဏ်ရာရ

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ဝက်တိုးကျေးရွာထဲကို တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၃ ဦးအပါအဝင် ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပုလောကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဧပြီ ၅ ရက်နေ့ မနက် ၉ နာရီခွဲအချိန်လောက်မှာ ဝက်တိုးကျေးရွာထဲကို လက်နက်ကြီး ၄ ခါထက်မနည်းပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ဝက်တိုးကျေးရွာ စာသင်ကျောင်းအနီးရှိ နေအိမ်တွေအပေါ် ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီးကျည်ကြောင့် အသက် ၂ နှစ်အရွယ် မောင်ကောင်းပြည့်ဝ၊ အသက် ၄ နှစ်အရွယ် မဝိုင်းပုံချစ်၊ အသက် ၈ နှစ်အရွယ် မောင်တိုးတက်အောင်နဲ့ မိသားစုဝင် ၇ ဦးစလုံး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။

ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံတွေကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ထားပြီး အဲဒီထဲက ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဒေ သခံတစ်ဦးက ပြောပါတယ်။

ကျေးရွာထဲ လက်နက်ကြီးပစ်ခတ်နေတဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့ ဧပြီ ၆ ရက်နေ့ မနက်ပိုင်းကလည်း ဝက်တိုးကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်တာတွေ ထပ်မံလုပ်ဆောင်ခဲ့တဲ့အတွက် ဒေသခံတချို့ ထွက်ပြေးတိမ်းရှောင်တာတွေ ရှိနေတယ်လို့ သိရပါတယ်။

ပုလောမြို့နယ်မှာ စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲတွေ ခပ်စိတ်စိတ်ဖြစ်လာသလို စစ်ကောင်စီဘက်က လက်နက်ကြီးပစ်လို့ အရပ်သားထိခိုက်သေဆုံးတာတွေလည်း ရှိနေပါတယ်။

သတင်း - သံလွင်တိုင်းမ်

ဓာတ်ပုံ- CJ

Most read this week

ဓာတ်ပုံ - Social Media
September 5, 2026
နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်၊ မြဝတီမြို့နယ်၊...
ဓာတ်ပုံ - MOI
September 4, 2026
ပြည်သူ့စစ်မှုထမ်းအဖြစ် သတ်မှတ်ကာလ ၂ နှစ် တာဝန်ထမ်းဆောင်ပြီးသည့်သူများကို အလုပ်အကိုင် ရရှိရေး...
September 3, 2026
မွန်ပြည်၏ မြို့တော် မော်လမြိုင်မြို့တွင် အများပြည်သူ အသုံးပြုနေသည့် လမ်းပိုင်းအများစု...
September 3, 2026
စစ်အုပ်စုခေါင်းဆောင်၊ ကိုယ်တိုင်ခန့် သမ္မတနှင့် တပ်ချုပ်သစ်တို့၏ ထိုင်းခရီးစဉ်အပြီး လက်နက်ခဲယမ်း...