စစ်ကောင်စီဒုခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည့် ပင်းတယဒေသခံ စီးပွားရေးလုပ်ငန်း (၆)ခုကိုသပိတ်မှောက်ကြရန် ဒေသခံများတောင်းဆို

စစ်ကောင်စီဒုခေါင်းဆောင်နှင့် တွေ့ဆုံခဲ့သည့် ပင်းတယဒေသခံ စီးပွားရေးလုပ်ငန်း (၆)ခုကိုသပိတ်မှောက်ကြရန် ဒေသခံများတောင်းဆို

မေဘယ်လ်သူ — စစ်ကောင်စီ ဒုတိယဥက္ကဌ ဗိုလ်ချုပ်စိုးဝင်း၏ ပင်းတယခရီးစဥ်တွင် သွားရောက်တွေ့ဆုံခဲ့သည့် မြို့ခံ စီးပွားရေးလုပ်ငန်းများကို စားသုံးသူများအနေဖြင့် သပိတ်မှောက်ကြရန် ပင်းတယဒေသခံများကတောင်းဆိုသည်။

စစ်ကောင်စီ ဒုတိယဥက္ကဌ ဗိုလ်ချုပ်စိုးဝင်းသည် ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့သို့ မတ်လ ၁၈ရက်နေ့က လာရောက်စဉ် ပင်းတယမြို့မှ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းရှင်များနှင့် ဒေသခံအချို့တက်ရောက်ခဲ့သည့်အပေါ် မြို့နေလူထုက ဝေဖန်နေကြောင်းဒေသတွင်းသတင်းများဖော်ပြနေသည့် Voice of Pindaya (VOP) က ရေးသားဖော်ပြထားသည်။

“တွေ့ဆုံပွဲကိုသွားရောက်ခဲ့တဲ့ လုပ်ငန်းရှင်တွေကို ဒေသခံတွေအချင်းချင်းလည်း သပိတ်မှောက်ကြဖို့လိုတယ်။ ဘာအကြောင်းပြချက်နဲ့ပဲသွားတွေ့ပါစေ။ ဒေသခံတွေဘက်ကလည်း သူတို့ရဲ့ထုတ်ကုန်တွေကို မသုံးစွဲခြင်းအားဖြင့် သပိတ်မှောက်ကြဖို့ တိုက်တွန်းပါတယ်” ဟု ပင်းတယမြို့မှ ဒေသခံတဦးကပြောသည်။

စစ်ကောင်စီဒုတိယခေါင်းဆောင်ကို ဒေသခံစီးပွားရေးလုပ်ငန်းရှင်များဖြစ်သော ချယ်ရီတောင်တန်းလက်ဖက်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမအသင်းမှ ဦးဘစီ ၊ ရွှေတက်လမ်းအာလူးအစုအဖွဲ့မှ ဦးအောင်ဆုထိုက်၊အမေ့အိမ်စားသောက်ကုန်နှင့် လူသုံးကုန်ထုတ်လုပ်ရေးလုပ်ငန်းရှင် ဒေါ်ဟန်နီကို ၊ဓနုညီနောင်ကော်ဖီထုတ်လုပ်ရေးလုပ်ငန်းရှင် ဦးအောင်သန်း ၊ ရွှေတောင်တန်းကော်ဖီထုတ်လုပ်ရေးလုပ်ငန်းရှင် ဦးဇော်မျိုးနိုင်နှင့် Holidayကော်ဖီထုတ်လုပ်ရေးလုပ်ငန်းရှင် ဒေါ်နှင်းနွယ်စိုးတို့က သွားရောက်တွေ့ဆုံခဲ့ကြကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာအချို့တွင် ဖော်ပြထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်းမှ လုပ်ငန်းရှင်အမျိုးသားတဦးကလည်း စစ်ကောင်စီနှင့် ပူးပေါင်းသူများသည် ဒေသခံလူထုအပြင် စားသုံးသူများကိုပါ စော်ကားလိုက်ခြင်းဟု မှတ်ချက်ပြုသည်။

" ကိုယ့်နယ်မြေမှာတင် ထောင်ချခံရသူတွေရှိတယ်။အိမ်တွေ ချိပ်ပိတ်ခံရသူတွေရှိတယ်။ အရင်တုန်းက သူတို့ကို Boycott List ထဲမထည့်ခဲ့ဘူး။ အခုကတော့ ထည့်ကိုထည့်ရတော့မယ်။ စားသုံးသူတွေလည်း ဒီတံဆိပ်တွေကို Boycott လုပ်ပေးဖို့တောင်းဆိုပါတယ်"ဟု ပြောသည်။

“သူတို့(‌ဗိုလ်ချုပ်စိုးဝင်းကို သွားရောက်တွေ့ဆုံသူများ)က အွန်လိုင်းကနေရော၊ ရန်ကုန်မှာရော ဆိုင်ခွဲတွေနဲ့ ဖြန့်ချီရေးကိုယ်စားလှယ်တွေကနေတဆင့် ဖြန့်နေတာတွေလည်းရှိတယ်။ တရားမျှတမှုအပေါ်မှာ မြတ်နိုးတယ်၊ ခုံမင်တယ်ဆိုရင် boycott လုပ်သင့်တဲ့ပစ္စည်းတွေကို အားမပေးစေချင်ဘူး။ ဒီလိုလူတွေနဲ့ပေါင်းမိပြီး တရားမမျှတတဲ့ကိစ္စတွေကိုဆောင်ရွက်မယ်ဆိုရင် social punishment တွေခံရမယ်ဆိုတာ ပြတ်ပြတ်သားသားသိစေချင်တယ်”ဟု ဒေသခံတဦးက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းမှ ပင်းတယနှင့် ရွာငံမြို့သည် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ပါဝင်သည်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့သည် ကြံ့ခိုင်ရေးပါတီဝင်များဖြင့် ဖွဲ့စည်းထားပြီး စစ်ကောင်စီ၏ ရုပ်သေးရုပ် ဒေသဦးစီးအဖွဲ့အဖြစ် လူထုက မှတ်ချက်ပြုသည်။

စစ်ကောင်စီဒုတိယခေါင်းဆောင် ဗိုလ်ချုပ်စိုးဝင်းကို သွားရောက်တွေ့ဆုံခဲ့သည့် ဒေသခံလုပ်ငန်းရှင်များအား ဆက်သွယ်ရန်ကြိုးစားသော်လည်း မရခဲ့ပေ။

ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...
September 9, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ငါးရှာသွားသည့် အသက် ၁၆ နှစ်ဝန်းကျင်အရွယ်...
စစ်အုပ်စုတပ်က ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲ တစ်ခု။ / Crd
September 8, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန်...