မြင်းခြံတွင် ရပ်ကွက်တစ်ခုလျှင် တစ်ဦးနှုန်း စစ်မှုထမ်းရန် အသံချဲ့စက်ဖြင့် ဆော်ဩဖိအားပေး

မြင်းခြံတွင် ရပ်ကွက်တစ်ခုလျှင် တစ်ဦးနှုန်း စစ်မှုထမ်းရန် အသံချဲ့စက်ဖြင့် ဆော်ဩဖိအားပေး
စစ်အုပ်စုတပ်က ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲ တစ်ခု။ / Crd
စစ်အုပ်စုတပ်က ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲ တစ်ခု။ / Crd

မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ က အသံချဲ့စက်ဖြင့် လိုက်လံဆော်ဩ ဖိအားပေးလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့၊ ညပိုင်းက ရပ်ကွက်တိုင်းတွင် အသံချဲ့စက်ဖြင့် လိုက်လံဆော်ဩနေခြင်း ဖြစ် ပြီး စစ်မှုထမ်းကြေးများကိုလည်း လစဉ် ပေးဆောင်နေရသည်။

အဆိုပါ အခြေအနေနှင့် ပတ်သက်၍ မြင်းခြံဒေသခံတစ်ဦးက “မြင်းခြံမြို့ပေါ် လမ်းသွားလမ်းလာတွေ ဆွဲမရတော့ တစ်ရပ်ကွက်ကို တယောက်ပေးရမယ်။ စစ်မှုထမ်းရမယ်ဆိုပြီး မိုက်နဲ့လိုက်အော်နေတယ်။ အရင်လတွေ က ပိုက်ဆံလည်း ပေးရတယ်” ဟု ပြောသည်။

မြင်းခြံမြို့ပေါ်တွင် အိမ်ထောင်စု တစ်စုလျှင် ကျပ် ၃၀,၀၀၀ မှ ကျပ် ၄၀,၀၀၀ အထိ ရပ်ကွက်အလိုက် လစဉ် ပေးဆောင်နေရသည်။

အိမ်ထောင်ကျပြီး သားသမီးများသည် မိဘများနှင့် အတူတူ တစ်အိမ်တည်း နေထိုင်ပါက အိမ်ထောင်သည် သားသမီးက အိမ်ထောင်စု တစ်စု၊ မိဘများက အိမ်ထောင်စု တစ်စုဟု သတ်မှတ်ကာ နှစ်စုစာ ပေးဆောင်နေ ရခြင်း ဖြစ်သည်။

ထိုသို့ ငွေကြေးကောက်ခံမှုများ ရှိနေသော်လည်း လက်ဖက်ရည်ဆိုင်ထိုင်နေသည့် လူငယ်များနှင့် လမ်းသွား လမ်းလာများကို တပ်သားစုဆောင်းမှုများ ပြုလုပ်လျက်ရှိသည်။

မြို့ခံတစ်ဦးက “လူငယ်တွေမကဘူးဆွဲတာ၊ အသက်မပြည့်သေးတဲ့ ၁၄၊ ၁၅ နှစ်တွေလည်းပါတယ်။ သီတာယုမွန်က ပါးစပ်ကသာ စစ်မှုထမ်းကြေး မကောက်ဘူး၊ ပေါ်တာ မဆွဲဘူးသာ ပြောတာ၊ ဒီရက်ထဲ ဆွဲနေတာ အများကြီး။ ခမရ (၁၅) ကို ပို့ထားတာ” ဟု ပြောသည်။

မြင်းခြံမြို့ပေါ်တွင် စစ်မှုထမ်းရန်အတွက် တပ်သားစုဆောင်းမှုကို ကြောက်လန့်ကြသဖြင့် စစ်မှုထမ်းအကျုံးဝင် သည့် အသက်အရွယ်ရှိ လူငယ်အများစုမှာ နိုင်ငံရပ်ခြားသို့ ထွက်ခွာသွားကြရာ လူငယ်အနည်းစုသာ မြို့ပေါ်၌ ကျန်ရစ်ပြီး ၎င်းတို့မှာလည်း ညနေပိုင်းမှစ၍ အပြင်ထွက် သွားလာခြင်း မရှိကြပေ။

စစ်အုပ်စုတပ်သည် မြင်းခြံမြို့နှင့် ကျေးရွာများကို “ဖြတ်လေးဖြတ်” ပုံစံမျိုးဖြင့် လူ၊ ဆိုင်ကယ်နှင့် မော်တော် ယာဉ် သွားလာမှုများကို ကန့်သတ်ထားသည့်အပြင် ကျေးရွာဘက်မှ ကုန်စိမ်း၊ ကုန်ခြောက် စသည့် ကုန်ပစ္စည်း များ ဝယ်ယူခွင့်ကို တားမြစ်ထားသလို ကျေးရွာများမှ မြို့သို့ ဆန် လာရောက်ဝယ်ယူမှုကိုလည်း ပိတ်ပင်ထား သည်။

စစ်အုပ်စုတပ်သည် ယခု စက်တင်ဘာလအထိ မြင်းခြံ၊ မိတ္ထီလာ၊ စစ်ကိုင်းမြို့များ သာမက ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင်ပါ ခပ်စိပ်စိပ် တပ်သားစုဆောင်းမှုများ ပြုလုပ်လျက်ရှိသည်။

ရွာသစ်တောကျောင်းကို စက်တင်ဘာလ ၆ ရက်က ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ပျံလွန်တော်မူသည့် သံဃာတော် / CJ
September 8, 2026
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်အုပ်စုတပ်၏ ဒရုန်းဖြင့် ဗုံးကြဲချမှုကြောင့်...
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် / Crd
September 7, 2026
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ‘FREE HER’ လှုပ်ရှားမှုကို စတင်လိုက်ပြီ...
ဓာတ်ပုံ - ကလေးမြို့တွင် စက်တင်ဘာလ ၆ ရက်နေ့က ရေစီးနှင့်အတူ မျောပါသွားသူ လူငယ်တစ်ဦးကို ဒေသခံများက ဝိုင်းဝန်းရှာဖွေနေစဉ်။
September 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ...
လက်လီဆန်ဆိုင်တစ်ဆိုင်တွင် ဆန်များ ရောင်းချရန် ပြင်ဆင်ထားစဉ်။ / MOI
September 7, 2026
လက်လီဆန်ဈေးကွက်အတွင်း ဆန်ကြမ်းနှင့် ဆန်ချောဈေးနှုန်းများ အရှိန်အဟုန်ဖြင့် မြင့်တက်လာပြီး ယခုလ...