ရာသီဥတုပူပြင်းလာသဖြင့် အိမ်မွေးတိရစ္ဆာန်များ သေဆုံးမှုများပြားလာ

ရာသီဥတုပူပြင်းလာသဖြင့် အိမ်မွေးတိရစ္ဆာန်များ သေဆုံးမှုများပြားလာ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ယခုလဆန်းပိုင်းမှစ၍ ရာသီဥတုပူပြင်းလာသည့် ဒဏ်ကြောင့် ကျွဲ၊ နွား၊ ကြက်၊ ဝက်စသည့် အိမ်မွေးတိရစ္ဆာန်များ အသက်သေဆုံးမှုများပြားလာကြောင်း ကော့ကရိတ် မြို့နယ်တွင်း တစ်နိုင်တစ်ပိုင်မွေးမြူသူများက ပြောသည်။

ယခုလို ရာသီဥတုပူပြင်းလာသည့်အတွက် ကြက်၊ ဝက်၊ ကျွဲ၊ နွား စသည့် အိမ်မွေးတိရစ္ဆာန်များမှာ ရောဂါများဖြစ်ပွားပြီး သေဆုံးမှုများပြားလာသည်ဟု ကော့ကရိတ်မြို့နယ်မှ ဒေသခံရွာသားတစ်ဦးက ယခုလို ပြောသည်။

“ကြက်တွေ ရောဂါတော်တော်ထိတယ်။ ကြက်ရောဂါလာတာ မွေးထားတဲ့ကြက်တွေကုန်တော့မယ်။ အခုထိ ကြက်ရောဂါဖြစ်နေတုန်းပဲ။ အခြားရွာတွေမှာဆိုကျွဲ တွေနွားတွေ၊ ဝက်တွေပါရောဂါဖြစ် လာပြီးကြားတယ်။ ကျနော်တို့ရွာမှာတော့ မရောက်သေးဘူ”ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။

အလားတူ ယင်နှစ်များက အိမ်မွေးတိရစ္ဆာန်များတွင် တစ်နှစ်တစ်ကြိမ်သာရောဂါဖြစ်ပွားလေ့ရှိပြီး ယခုနှစ်ပိုင်းများတွင် တစ်နှစ်ကို ၃ ကြိမ်ခန့်ရောဂါဖြစ်ပွားလေ့ရှိသည်ဟု တစ်နိုင်တစ်ပိုင် ကြက်မွေးမြူသူတစ်ဦးကလည်း ပြောသည်။

ရာသီဥတုပူပြင်းချိန်တွင် ကျွဲ၊ နွားများသည် ရောဂါအမျိုးမျိုးဖြစ်တတ်ပြီး ကုသမှုမလုပ်လျှင် အများအပြားသေဆုံးနိုင်ကြောင်း ကျေးလက်တိရစ္ဆာန်ကုသသူများက ပြောသည်။

“ပူပြင်းတဲ့အချိန်မှာ ကျွဲ၊ နွားတွေ ရောဂါအမျိုးမျိုးဖြစ်ပွားတတ်တယ်။ ထောင့်သန်း၊ ခွာနာ၊ လျှာနာစသဖြင့်အမျိုးမျိုးရှိတယ်။ ခုကကျွဲ၊ နွားတွေ ထောင့်သန်းရောဂါဖြစ်တာများတယ်။ ရောဂါဖြစ် ပြီးဆိုရင် ကာကွယ်ဆေးအရင်ထိုးလို့မရဘူး။ ကာကွယ်ဆေးထိုးလိုက်ရင် သေသွားတတ်တယ်။ ကုသ ဆေးထိုးပြီးမှ ကာကွယ်ဆေးထိုးပေးရတယ်။ ထောင့်သန်းရောဂါကြောင့် ကျွဲ၊ နွားတွေအများအပြား သေနေပြီး”ဟု ဒေသတွင်းတိရစ္ဆာန်ကုသည့် ဆရာဝန်တစ်ဦးက ပြောသည်။

ကော့ကရိတ်မြို့နယ်ရှိ ဒေသခံများသည် တစ်နိုင်တစ်ပိုင်မွေးမြူရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများကိုသာ အဓိကအသက်မွေးပြုနေကြသည်။ လတ်တလော ဒေသတွင်း ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် စိုက်ပျိုးရေးလုပ်ကိုင်သူများမှာ အခက်အခဲရှိလာသည့်ပြင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများလည်း အနာရောဂါကျရောက်မှုကြောင့် ဆုံးရှုံးမှုများကြုံတွေ့နေကြရသည်ဟု ကော့ကရိတ်ဒေသခံများက ပြောသည်။

ကရင်ပြည်နယ်ရှိ အချို့မြို့နယ်များတွင်လည်း ယခုလဆန်းပိုင်းမှစ၍ အိမ်မွေးတိရစ္ဆာန်များ အလားတူ သေဆုံးမှု ကြုံတွေ့ရသည်ဟု သိရှိရသည်။

September 10, 2026
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်အတွင်းရှိ ကျေးရွာများသို့ ယခု စက်တင်ဘာလအတွင်း စစ်အုပ်စုတပ်က...
September 10, 2026
ကရင်ပြည်၊ မြဝတီမြို့မြောက်ဘက် ရွှေကုက္ကိုလ်မှ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ဆောင်သူ...
ဓာတ်ပုံ - Việt Nam News
September 7, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်၏ ဗီယက်နမ်ခရီးစဉ်အတွင်း ဗီယက်နမ်နှင့် မြန်မာ နှစ်နိုင်ငံ...
ဓာတ်ပုံ - (KNU)
September 7, 2026
မွန်ပြည်၊ ကေအဲန်ယူ-တပ်မဟာ(၁)၊ သထုံ/ဒူးသထူခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ညောင်ထောက်ကျေးရွာသို့...