လဲချားမြို့ စာပေဟောပြောပွဲ ပြည်ထောင်စုအင်စတီကျုဒါရိုက်တာ ဦးခွန်စိုင်းပထမအကြိမ်ဟောပြောခွင့်ရ

လဲချားမြို့ စာပေဟောပြောပွဲ ပြည်ထောင်စုအင်စတီကျုဒါရိုက်တာ ဦးခွန်စိုင်းပထမအကြိမ်ဟောပြောခွင့်ရ
by -
သျှမ်းသံတော်ဆင့်
သျှမ်း(ရှမ်း)ပြည််တောင်ပိုင်း လဲချားမြို့နယ် တွင်ကျင်းပသော စာပေဟောပြောပွဲတွင် ပြည်ထောင်စုအင်စတီကျုဒါရိုက်တာ ဦးခွန်စိုင်း ပြည်တွင်း၌ပထမဆုံးအကြိမ် အဖြစ်အောက်တိုဘာ ၁၂ ရက်နေ့တွင် ဟောပြောခဲ့သည်။

လဲချားမြို့စွမ်ဆိုင်ခန်းမ၌ ဒေသခံလူငယ်များ ကျင်းပသော အဆိုပါ စာပေဟောပြောပွဲသို့ ပြည်ထောင်စု အင်စတီကျုဒါရိုက်တာ ဦးခွန်စိုင်း၊ ဆရာတော် ဒေါက်တာ စဝ်တင်းတိုင်း၊ စိုင်းမြင့်အောင် (ကော်တိုင်း) နှင့် စာရေးစိုင်းကော်မိန်းတို့မှ ဟောပြောခဲ့ကြသည်။

တက်ရောက်နားထောင်သူ ၅၀၀ ကျော်ရှိသောအဆိုပါဟောပြောပွဲတွင် ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ၊ သျှမ်းသံတော်ဆင့်သတင်းဌာနတည်ထောင်သူ ဦးခွန်စိုင်းက သျှမ်းဘာသာစကားပျောက်ကွယ်မှာ လားဟူသည့်ခေါင်းစဉ်အား ဟောပြောရာ- သျှမ်းဘာသာစကားကို မြန်မာနိုင်ငံရှိသျှမ်းများအပြင် သျှမ်းမျိုးနွယ်ဖြစ်သော ထိုင်း၊လောဝ် ၊အာဟုံ အာသံသျှမ်းများပါနားလည်နိုင်သောအသုံးအနှုန်း များကိုရွေးချယ်သုံးနှုံးပြောဆိုသင့်ကြောင်း၊ Speak Universally, Write Locally ကိုကျင့်သုံး သင့်ကြောင်းတိုက်တွန်းသွားခဲ့သည်။

စာပေဟောပြောပွဲ တက်ရောက်သူ လုံးစန်းမာလာက “ ဦးလေး အတွက်တော့ စာပေဟောပြောပွဲလာတာ ပထမဆုံးအကြိမ်ပဲ၊ ဦးခွန်စိုင်း ပြောသွားတဲ့ စကားတွေထဲမှာ ဦးလေးအတွက် ဗဟုသုတများစွာ ရရှိစေပါတယ်။ နောက်ပိုင်း ကိုယ့်မျိုးဆက်တွေ အသိပညာတိုးလာအောင် သျှမ်းလူမျိုးသည် သျှမ်းစကားတတ်ရမည် သျှမ်းယဉ်ကျေးမှု မြတ်နိုးရမည် ဆိုတာကို ဟောသွားတာတွေရှိတယ်။ ဒါကြောင့် လာတက်ရောက်နားထောင်ရတာ ဦးလေးကိုယ့်ကိုယ်ကိုဂုဏ်ယူမိတယ်” ဟု ပြောသည်။

စာပေဟောပြောပွဲ လုပ်ရခြင်း၏ ရည်ရွယ်ချက်သည် မျိုးဆက်သစ် လူငယ်များ မိမိလူမျိုး ဘာသာစာပေယဉ်ကျေးမှု မြတ်နိုးတတ်အောင် လုပ်ရခြင်း ဖြစ်ကြောင်း စိုင်းလှိုင်းဟိန်း ကပြောသည်။

“ ကျနော်တို့ သျှမ်းလူငယ်တွေက စာဖတ်အားနည်းတယ်၊ ဒါကြောင့် ဒီလို စာပေလာဟောပြောရင် စာဖတ်တာထက် ဒီလိုစာပေဟောပြောပွဲလုပ်တာ ပိုပြီးစိတ်ဝင်စားမယ်လို့ ထင်တယ်၊ နောင်လာမယ့် မျိုးဆက်တွေ သိရှိလာအောင်ရည်ရွယ်ပြီး ကျင်းပရတာဖြစ်တယ်” ဟု လဲချား သျှမ်းလူငယ်ခေါင်းဆောင် စိုင်းလှိုင်းဟိန်း ကပြောသည်။

စာပေဟောပြောပွဲကို အောက်တိုဘာ ၁၂ ရက်နေ့ မနက် ၉ နာရီမှ ညနေ ၄ နာရီ ထိ ကျင်းပခဲ့သည်။

စာပေဟောပြောပွဲတွင် ဆရာတော် ဒေါက်တာ စဝ်တင်းတိုင်း မှ ရဲရင့်ခြင်းနှင့်လေလွင့်ခြင်းအကြောင်း ၊ ဗုဒ္ဓမြတ်စွာဘုရားအကြောင်း၊ သျှမ်းဧကရာဇ် စဝ်ဆေခန်ဖှတို့အကြောင်း ဟောပြောသွားသည်။ ပြည်ထောင်စုအင်တီကျုဒါရိုက်တာ ဦးခွန်စိုင်းကမူ သျှမ်းဘာသာစကားပျောက်ကွယ်မှာလား ၊ ကော်တိုင်းအဖွဲ့မှ စိုင်းမြင့်အောင်က လူမှုအသိုင်းအဝိုင်းနှင့် ၄င်း၏တန်ဖိုး၊ စလေးကော်မှိုင်းက အရိပ်စသဖြင့် အသီးသီး ပြောသွားခဲ့သည်။

April 1, 2026
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးခရိုင်အတွင်း စက်သုံးဆီ ရှားပါးလာမှုကြောင့် ပရဟိတ...
March 31, 2026
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့်...
March 30, 2026
ကာချုပ်တာဝန်ကနေ အနားယူလိုက်တဲ့ ဗိုလ််ချုပ်မှူးကြီးမင်းအောင်လှိုင် ၊ KIO ဒုဥက္ကဋ္ဌဟောင်း...
March 30, 2026
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ၁၅ နှစ်ကြာ တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်မှူးကြီး...