ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး

ပင်လောင်းတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီး

သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် နောင်ပီရွာတွင် တောင်ကျရေကြောင့် စိုက်ခင်းများ ပျက်စီးကုန်ကြောင်း သတင်းရရှိသည်။

မေလ (၂၁)ရက်တွင် ပင်လောင်းမြို့နယ် အပါအဝင် သျှမ်းတောင်တွင် မိုးများရွာသွန်းခဲ့ပြီးနောက် နောင်ပီကျေးရွာတွင် တောင်ကျရေများ ရုတ်တရက်ကျဆင်းကာ ကော်ဖီထုတ်စိုက်ခင်း၊ ပြောင်းစိုက်ခင်းနှင့် ခရမ်းချဉ်စိုက်ခင်းများသို့ ရေဝင်လာသဖြင့် သီးနှံစိုက်ခင်းများ ပျက်စီးဆုံးရှုံး သွားခဲ့ရသည်။

ထိုသို့ သဘာဝဘေးကြုံတွေ့မှုကြောင့် ဒေသခံများ၏ စိုက်ခင်းများ အရှုံးပေါ်တာ အရင်းမရှိတော့သဖြင့် အဆင်မပြေကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“ဒီနှစ်တော့ ရှုံးပြီ။ ဘာမှမကျန်တော့ဘူး။ မိုးများတော့ တောင်ကျရေက ရုတ်တရက်ဆင်းလာတာ ဒီလို တစ်နှစ်မှမကြုံဖူးဘူး၊ စိုက်ထားသမျှ အကုန်ရှုံးတာပဲ ၅ ဧက ဝန်းကျင်လောက်ရှုံးတယ်၊ ဒီသီးနှံတွေကိုပဲ အားကိုးနေရတာကို အခုတော့ ဘာမှမကျန်တော့ဘူး။”ဟု ၎င်းဒေသခံကပြောသည်။

သဘာဝဘေး အန္တရာယ်ကြုံလာရသောကြောင့် ဒေသခံများ၏ စီးပွားရေးများပျက်စီးရပြီး သဘာဝတောတောင် ရေမြေနှင့် သံယံဇာတများကို ထိန်းသိမ်းသင့်ကြောင်း အဆိုပါ အမျိုးသားက ပြောသည်။

ယမန် ၂၀၂၀ ခုနှစ်တွင် ရာသီဥတုဖောက်ပြန်မှုများသည် အခြေနေသိသာစွာ ဖောက်ပြန်မှုမရှိခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သဘာဝသယံဇာတ များကို အထိန်းကွပ်မဲ့စွာ ထုတ်ယူသုံးစွဲနေမှု‌ကြောင့် ရာသီဥတုဖောက်ပြန်ပြောင်း လဲခြင်းများ ပိုမိုကြုံတွေ့လာရကြောင်း သဘာဝပတ်ဝန်းကျင်ရေး တက်ကြွလှုပ်ရှားသူ ပင်လောင်းဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

“အခုဆို ဘယ်နားကြည့်ကြည့် သစ်ပင်တွေဘာမှ မရှိတော့ဘူး၊ သဘာဝကပေးတဲ့ အရင်းမြစ်တွေကို စီမံအသုံးပြုမှု မရှိတော့ ခုတ်ချင်သလို ခုတ် သုံးချင်သလို သုံးနေကြတာ၊အာဏာရှင် လက်ထက်ဆိုတော့ လက်နက်ရှိတဲ့သူက ပိုလုပ်ကြတယ်၊ ဥပဒေက စိုးမိုးမှုအားနည်းတော့ သယံဇာတ တွေလည်း ထုတ်ချင်သလို ထုတ်လာကြတယ်၊ ‌ရေတွေညစ်ညမ်းတယ်၊ နောက်ဆုံး ပြည်သူတွေပဲ အဆိပ်သင့်ရတယ်။”ဟု အဆိုပါ အမျိုးသမီးတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလ ပထမပတ်တွင်လည်း ရွာငံမြို့တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် တောင်အောက်ကျေးရွာရှိ ဆည်ကျေးရွာတွင် တောင်ကျရေများ စီးဆင်းကာ နေအိမ်အတွင်း ဝင်ရောက်မှုကြောင့် ရွှေ့ပြောင်းခဲ့ရပြီး သီးနှံများ ပျက်စီးခဲ့ကြသည်။

ဖယ်ခုံမြို့နယ်အတွင်း စစ်အုပ်စုတပ် မီးရှို့ခဲ့သည့် နေအိမ်များ။
September 3, 2026
သျှမ်း - ကရင်နီ (ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်အုပ်စုတပ်နှင့်...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
September 2, 2026
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ...
ဓာတ်ပုံ - (ညောင်ရွှေမြို့နယ် စစ်ဆေးရေးဂိတ်တစ်ခု - ပုံဟောင်း / Crd)
August 31, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့ပေါ်နှင့် အင်းလေးဒေသဘက်တွင် လှုပ်ရှားဆောင်ရွက်နေသည့်...
ဓါတ်ပုံ - (နယ်စပ်ဖြတ်ကျော်မြစ်ရေကိစ္စ စစ်အုပ်စုခေါင်းဆောင်နှင့် ထိုင်းဝန်ကြီးချုပ် လက်မှတ်ထိုး / Crd)
August 31, 2026
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ခမ်းနားထည်ဝါလှသော Queen Sirikit National Convention Center အတွင်း...