ဒုဋ္ဌဝတီတော်လှန်ရေးအင်အားစု ဖြိုခွင်းခံရပြီး တပ်ဖွဲ့ဝင်အများအပြား ဖမ်းဆီးခံရ

ဒုဋ္ဌဝတီတော်လှန်ရေးအင်အားစု ဖြိုခွင်းခံရပြီး တပ်ဖွဲ့ဝင်အများအပြား ဖမ်းဆီးခံရ

မန္တလေးအခြေစိုက် မြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သော ဒုဋ္ဌဝတီတော်လှန်ရေးအင်အားစုကို၊ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ဖြိုခွင်းရာ တပ်ဖွဲ့ဝင်အများအပြား ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် မန္တလေး-ပြင်ဦးလွင်ကားလမ်းဘေးကျေးရွာတစ်ခုဖြစ်သော သမ္မတောကျေးရွာတွင် မတ်လ ၁၄ ရက်နေ့ည ၉ နာရီဝန်းကျင်ခန့်က ဖြိုခွင်းခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသခံနှင့်မန္တလေးတော်လှန်ရေး အင်အားစုတို့ထံက သိရသည်။

“ညဘက်ကြီး အင်အားအများအပြားနဲ့ဝင်စီးတော့၊ ရုတ်တရတ်ရှောင်ချိန်မရလိုက်ဘူးထင်ပါတယ်၊ ဒလန်သတင်းပေးလို့ စကစတပ်တွေက ဝင်စီးတာလို့လည်းပြန်ကြားရတယ်၊ အဲဒီနေ့ညက သေနတ်သံတွေလည်းကြားရတယ်၊ ဒီထက်တော့ဘာမှမသိရသေးဘူး” ဟု သမ္မတော ကျေးရွာအနီးဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့်ဝင်ရောက်စီးနင်းပြီး၊ တပ်ဖွဲ့ဝင်များအားဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ ထိုကြောင့် မိဘပြည်သူများအနေနှင့် ဒုဋ္ဌဝတီတော်လှန်ရေးအင်အားစု Facebook Page ကိုဆက်သွယ်ခြင်းမပြုကြပါရန် အသိပေးအပ်ကြောင်း ဟူ၍လည်း၊ မန္တလေးတော်လှန်ရေးအင်အားစုတစ်ခုဖြစ် သည့် သပြေညိုသတင်းလွှာက သတင်းထုတ်ပြန်အသိပေးထားသည်။

“သူတို့ဖေ့စ်ဘွတ်ပေ့ချ်တော့ ဖျက်သွားပြီ၊ ဒီသတင်းနဲ့ပတ်သက်ပြီး စကစလော်ဘီတွေဘက်ကလည်း သတင်းဖြန့်တာမတွေ့ဘူး၊ နောက်ထပ်စောင့်ဖမ်းစရာတွေရှိလို့ ဖြစ်နိုင်တယ်” ဟု တော်လှန်ရေးသတင်းများ စောင့်ကြည့်လေ့လာသူတစ်ဦးက မှတ်ချက်ပြုသည်။

မန္တလေးမြို့တွင် ယမန်နှစ် ဧပြီလလယ်ခန့်(သင်္ကြန်အလွန်)ကစ၍၊ တော်လှန်ရေးအင်အားစုများ ဆက်တိုက်ဖြို ခွင်းခံနေရ ပြီး၊ အကျိုးဆက်အားဖြင့် ၎င်းအင်အားစုများ တခြားဒေသများသို့ သွားရောက် အခြေစိုက်နေထိုင်နေကြရကြောင်း သိရသည်။

လက်ရှိမန္တလေးမြို့၏အခြေအနေသည်၊ ပြောက်ကျားတိုက်ခိုက်မှုတို့ မရှိသလောက်အခြေအနေဖြစ်နေပြီး၊ ပုံမှန်သွားလာလုပ်ကိုင်လည်ပတ်သူများဖြင့် ပြန်လည်စည်ကားနေသည်ကို တွေ့ရသည်။

ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...
September 9, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ငါးရှာသွားသည့် အသက် ၁၆ နှစ်ဝန်းကျင်အရွယ်...
စစ်အုပ်စုတပ်က ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲ တစ်ခု။ / Crd
September 8, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန်...