မွန်ပြည်နယ် အိမ်ခြံမြေ အရောင်းအဝယ်အေးနေ

မွန်ပြည်နယ် အိမ်ခြံမြေ အရောင်းအဝယ်အေးနေ

မွန်ပြည်နယ် အိမ်ခြံမြေ အရောင်းအဝယ်စျေးကွက်သည် လွန်ခဲ့သည့် ၆ လခန့်ကစပြီး အရောင်းအဝယ် အေးလာသည်ဟု မွန်ပြည်နယ် အိမ်ခြံမြေဝန်ဆောင်မှုအသင်းတာဝန်ရှိသူတို့က ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်း၌ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းလာပြီး ငွေရှိသူတို့က အိမ်ခြံမြေများ ဝယ်ယူစုဆောင်းလာသည့်အတွက် အိမ်ခြံမြေအရောင်းအဝယ် ကောင်းခဲ့သည်ဟုလည်း ဆိုသည်။

“စစ်အစိုးရတက်လာတဲ့နောက်ပိုင်းမှာ မြန်မာငွေကျပ်တန်ဖိုးက ကျလာတယ်၊ ပြီးတော့ ဘဏ် ဘဏ်လုပ်ငန်းရပ်တန့်လုနီးပါးဖြစ်သွားတော့ လူတွေက ဘဏ်အပေါ်ယုံကြည်မှုလျော့နည်းသွားတာ၊ မြန်မာငွေအပေါ် ယုံကြည်မှု လျော့နည်းလာပြီးတော့ ငွေကြေးဖောင်းပွမှုက ပိုပြီးဖြစ်လာတော့ လူတွေက လက်ထဲမှာရှိတဲ့ငွေတွေ တန်ဖိုးမရှိတော့မှာ စိုးရိမ်လို့ အိမ်ခြံမြေတွေကို ပြေးဝယ်ကြတယ်။ လူတွေပြေးဝယ်ကျတော့ အိမ်ခြံအရောင်းအဝယ်က ခန ရောင်းအားကောင်းခဲ့တယ်” ဟု မွန်ပြည်နယ် အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း ဥက္ကဋ္ဌက ပြောသည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလခန့်ကစပြီး မြန်မာငွေကျပ်တန်ဖိုး အခြေအနေတည်ငြိမ်လာသည်နှင့် အိမ်ခြံမြေစျေးကွက်လည်း အေးလာသည်ဟု ဆိုသည်။

“အဲဒီကနေပြီးတော့ လွန်ခဲ့တဲ့ ၆ လလောက်ကနေ အခုထိပေါ့လေ အခြေအနေငြိမ်သွားတယ်။ ငွေကြေးဖောင်းပွမှုအခြေအနေငြိမ်သွားတယ်။ လူတွေရဲ့ စိုးရိမ်မှု ဘဏ်တွေအခြေအနေလည်း အနည်းငယ်ငြိမ်သွားတယ်။ ပြောရရင် အခြေအနေက ပုံမှန်ပြန်ဖြစ်သွားတယ်။ ၂၀၁၉ မတိုင်ခင်က အခြေအနေလို ပြန်မရောက်ပေးမယ့် အခြေအနေက နဲနဲပြန်ငြိမ်သွားတယ်။ ပုံမှန်ဖြစ်သွားတယ်” ဟု အထက်ပါ အိမ်ခြံမြေဝန်ဆောင်မှုအသင်း ဥက္ကဌက ပြောသည်။

ပြည်နယ်အတွင်း၌ အိမ်ခြံမြေစျေးကွက် အရောင်းအဝယ်အေးနေသော်လည်း အိမ်ခြံမြေဈေး ကျဆင်းသွားခြင်း မရှိဘူးလို့လည်း အိမ်ခြံမြေအကျိုးဆောင်တို့ထံမှ သိရသည်။

မြို့တွင်း ခြံမြေဈေးနှုန်းသည် ပေ ၄၀X၆၀ ပတ်လည်တစ်ကွက်လျှင် သိန်း ၄၀၀ ကျပ် မှ သိန်း ၈၀၀ကျပ်အထိ ပေါက်‌ဈေးရှိနေပြီး မြို့ပြင် ခြံမြေစျေးနှုန်းသည် ပေ ၄၀X၆၀ ပတ်လည်တစ်ကွက်လျှင် သိန်း ၂၅၀ ကျပ် မှ သိန်း ၄၀၀ ကျပ်အကြား ပေါက်ဈေးရှိနေသည်။

Photo Caption - အိမ်ခြံမြေ အရောင်းအဝယ်

ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေစဉ်။ / Crd
September 10, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာပြီး...
September 10, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ ကမာဝက်-အဘစ်လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှုများအပြင်...
မွန်ပြည်အတွင်း ရောင်းချနေသည့် ထိုင်းကုန်ပစ္စည်းအချို့ / Crd
September 9, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် တရားမဝင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်...
မောတောင်မြို့အဝင် ဆိုင်းဘုတ် / Crd
September 9, 2026
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့နှင့် မောတောင်–ထုံခါး လမ်းပိုင်းတစ်လျှောက်တွင်...