တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ မောတောင်မြို့နှင့် မောတောင်–ထုံခါး လမ်းပိုင်းတစ်လျှောက်တွင် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား ဩဂုတ်လ ဒုတိယပတ်မှစတင်ကာ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက် ရှိကြောင်း ဒေသတွင်း တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။
မောတောင်–ထုံခါး လမ်းတစ်လျှောက် သွားလာလှုပ်ရှားနေသည့် စစ်အုပ်စုတပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ခြုံခိုတိုက်ခိုက်မှုများ ပြုလုပ်၍ တိုက်ပွဲဖော်ဆောင်နေသည့်အပြင် စစ်အုပ်စုတပ်ဘက်မှလည်း အင်အား ၈၀၀ မှ ၁,၀၀၀ ဝန်းကျင်အထိ အသုံးပြုထားသည်။
အဆိုပါ စစ်ရေးအခြေအနေနှင့် ပတ်သက်၍ Black Cobra Column အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “တိုက်ပွဲ ဖြစ် တာက ထုံခါး–မောတောင်လမ်းပေါ် တစ်လျှောက်ဖြစ်ပါတယ်။ အခုရက်ပိုင်းတွေမှာ ပိုဖြစ်လာပါတယ်။ လက် နက်ကြီးနဲ့ ပစ်ခတ်တာတွေရှိတယ်၊ ကျွန်တော်တို့ဘက်က ပြောက်ကျားစစ်ဆင်ရေးနဲ့ တိုက်ခိုက်နေတယ်” ဟု ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လအတွင်းမှစ၍ ယနေ့အထိ စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲ အကြိမ် ၂၀ နီးပါး ဖြစ်ပွားခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်မှုအပါအဝင် စစ်အုပ်စုတပ်ဖွဲ့ဝင် ၂၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိ ကာ ၅ ဦးထက်မနည်း သေဆုံးခဲ့သည်။
အဆိုပါ တိုက်ပွဲများနှင့် စစ်ရေးတင်းမာမှုများကြောင့် ထုံခါး–မောတောင် လမ်းတစ်လျှောက်ရှိ သဲဖြူ၊ ချောင်းနှစ် ပေါက်နှင့် သိန်ခွန်းရွာ စသည့် ကျေးရွာအများအပြားမှ ဒေသခံများသည် ဘေးလွတ်ရာသို့ စစ်ဘေးရှောင်နေကြ ရသည်။
စစ်အုပ်စုတပ်က စစ်ဘေးရှောင် ဒေသခံများကို ရွာအတွင်း ပြန်လည်နေထိုင်ရန် ဖိအားပေး ခေါ်ဆောင်နေသော် လည်း ပြန်လည်ဝင်ရောက်လာသူများကို ရွာအပြင်ဘက်ရှိ တောင်ယာနှင့် ဥယျာဉ်ခြံများသို့ သွားလာခွင့် မပေး သည့်အတွက် ဒေသခံများမှာ လုပ်ကိုင်စားသောက်ရန် အခက်အခဲများ ကြုံတွေ့နေရသည်။
Black Cobra Column မှ တာဝန်ရှိသူက “သဲဖြူရွာဆိုရင် ရွာလုံးကျွတ်နီးနီး စစ်ရှောင်နေကြပါတယ်။ စစ်တပ် က ရွာသားတွေကို ရွာထဲမှာ ပြန်လာနေခိုင်းပေမဲ့ ရွာထဲမှာ ပြန်လာနေရင် ရွာအပြင် ပြန်ပေးမထွက်ဘူး။ တောင် ယာ၊ ဥယျာဉ်ခြံ ပေးမသွားဆိုတော့ တချို့ရွာသားတွေက ဝင်ငွေမရှိတော့ အဆင်မပြေလို့ ရွာထဲပြန်မနေရဲကြ ဘူး။ စားဝတ်နေရေးရော ကျန်းမာရေးရောပါ အခက်အခဲဖြစ်နေကြတယ်။ လမ်းတစ်လျှောက်က တခြားရွာ တွေမှာလည်း အကုန်စစ်ရှောင်နေကြရတာ” ဟု ဆက်ပြောသည်။
လက်ရှိတွင် စစ်ဘေးရှောင်နေရသည့် ဒေသခံများအနေဖြင့် စားဝတ်နေရေးအပြင် ကျန်းမာရေးစောင့်ရှောက်မှု ရရှိရေးအတွက်လည်း အခက်အခဲများစွာ ရင်ဆိုင်နေရသည်။
ထို့ပြင် ပြီးခဲ့သည့်လက ကျွဲထိန်းကုန်းကျေးရွာသို့ စစ်အုပ်စုတပ်ဖွဲ့ဝင်များ ရောက်ရှိလာချိန်တွင် ဒေသခံ ၄၀ မှ ၅၀ ခန့်ကို ဖမ်းဆီး၍ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့သည်။
စစ်အုပ်စုတပ်က ပြန်လည်ထိန်းချုပ်ထားသည့် မောတောင်မြို့အပါအဝင် ထုံခါး–မောတောင် လမ်းပိုင်းရှိ ကျေးရွာများမှ လူမရှိသော နေအိမ်များကို ဖောက်ထွင်းကာ အိမ်အသုံးအဆောင်ပစ္စည်းများ၊ မော်တော်ယာဉ် များနှင့် ဆိုင်ကယ်များကိုလည်း အဓမ္မသိမ်းယူမှုများ ပြုလုပ်လျက်ရှိသည်။
တော်လှန်ရေးအဖွဲ့များဘက်က စစ်ရေးအခြေအနေအရ ထိရောက်သည့် တိုက်ခိုက်မှုများကို ဆက်လက်ဖော် ဆောင်သွားမည်ဖြစ်၍ အရပ်သားပြည်သူများအနေဖြင့် ထုတ်ပြန်ချက်များနှင့် သတိပေးချက်များကို စနစ်တကျ လိုက်နာကြရန် တိုက်တွန်းထားသည်။







