ပြည်တွင်းရွှေစျေးမြင့်တက်နေပြီး အရောင်းအဝယ်မဖြစ်ဟု လုပ်ငန်းရှင်များဆို

ပြည်တွင်းရွှေစျေးမြင့်တက်နေပြီး အရောင်းအဝယ်မဖြစ်ဟု လုပ်ငန်းရှင်များဆို

မေဘယ်လ်သူ — ပြင်ပဈေးကွက်တွင် အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၂၈ သိန်း ဝန်းကျင်အထိ စျေးမြင့်တက်နေကာ အရောင်းအဝယ်မဖြစ်ဟု ရွှေလုပ်ငန်းရှင်များက ဆိုကြသည်။

ယနေ့ မတ်လ ၁၄ ရက်တွင် ကမ္ဘာ့ရွှေဈေးမြင့်တက်နေပြီး တစ်အောင်စလျှင် ဒေါ်လာ ၁၉၁၂ အထိ စျေးတက်နေသကဲ့သို့ ပြည်တွင်းရွှေစျေးနှုန်းလည်း တက်နေခြင်းဖြစ်သည်။

“ရက်ပိုင်းအတွင်း ကမ္ဘာ့ရွှေစျေးလည်းတက်နေတာ့ ပြည်တွင်းရွှေစျေးလည်း တက်နေတာပါ။ ဒါပေမယ့် အရောင်းအဝယ်ကတော့ မဖြစ်ဘူး။ ပြည်တွင်းရဲ့ထုံးစံအတိုင်း သင်္ကြန်ကာလမှာတော့ အရောင်းအဝယ် ပြန်ဖြစ်မယ်လို့ ထင်တယ်” ဟု မိတ္ထီလာမြို့နယ်မှ ရွှေလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း၏ ရည်ညွှန်းစျေးနှုန်းမှာ မတ်လ ၁၄ ရက်နေ့၌ အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ၂၂ သိန်းကျော်အထိ မြင့်တက်နေသည်။

ကမ္ဘာ့ရွှေဈေးမှာမြင့်တက်လာခြင်းမှာ အမေရိကန်ရှိ Signature Bank ပိတ်သိမ်းသွားမှုကြောင့်လည်း ဖြစ်နိုင်ကြောင်း ရွှေလုပ်ငန်းရှင်အချို့က သုံးသပ်သည်။

“ ဘဏ်ပိတ်သိမ်းမှုနဲ့နောက်ဆက်တွဲကြောင့် ပြည်တွင်းရွှေစျေးကွက်ကိုလည်း ရိုက်ခတ်လာတဲ့ သဘော ပေါ့။ လက်ရှိမှာတော့ ရွှေအရောင်းအဝယ်လည်းအေးနေပေမယ့် ပြင်ပမှာ တကယ်အရောင်းအဝယ် မဖြစ် တဲ့ စျေးနှုန်းတွေနဲ့ လေပတ်ကားရောင်းဝယ်သူတွေလည်း ရှိပါတယ်” ဟု မန္တလေးမြို့မှ ရွှေလုပ်ငန်းရှင် တစ်ဦးက မဇ္ဈိမသို့ပြောသည်။

ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...
September 9, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ငါးရှာသွားသည့် အသက် ၁၆ နှစ်ဝန်းကျင်အရွယ်...
စစ်အုပ်စုတပ်က ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲ တစ်ခု။ / Crd
September 8, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန်...