တအာင်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ တတိယမူကြမ်းအား အတည်ပြု

တအာင်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ တတိယမူကြမ်းအား အတည်ပြု

တအာင်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ တတိယမူကြမ်းအား မတ်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့ က ကျင်းပခဲ့သည့် နှီးနှောဖလှယ်ပွဲတွင် အတည်ပြုလိုက်ပြီဖြစ်သည်။

အဆိုပါ နှီးနှောဖလှယ်ပွဲကို နမ့်ဆန်မြို့နယ်တွင် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) က ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးပွဲသို့ အရပ်ဖက်အဖွဲ့အစည်း၊ နိုင်ငံရေးနှင့် EAO အစုအဖွဲ့အပါ အဝင် လူဦးရေ ၁၅၀ ကျော် တက်ရောက်ခဲ့ကြသည်။

တအာင်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခန်း (၁၂) ခန်း ပါဝင်ပြီး အခန်းအများစုကို တက်ရောက် လာကြသည့် ကိုယ်စားလှယ်များက အပြန်အလှန်ဆွေးနွေးကာ ပြင်ဆင်ဖြည့်စွက်မှုလုပ်ဆောင်ခဲ့ကြ သည် ဟု နှီးနှောဖလှယ်ပွဲသို့ တက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။

တအာင်း အမျိုးသားအလံ၊ အမျိုးသားသီချင်းနှင့် အမှတ်တံဆိပ်အပါအဝင် တမျိုးသားလုံးနှင့် သက်ဆိုင် သည့် ကိစ္စအချို့ကိုမူ တအာင်းအမျိုးသားညီလာခံကျင်းပမှသာ အတည်ပြုသွားမည်ဖြစ်ကြောင်း သိရ သည်။

တအာင်းပြည်နယ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမမူကြမ်းအား ၂၀၁၅ ခုနှစ်ကကျင်းပခဲ့သည့် ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၏ ဗဟိုကော်မတီ ၆ လပတ် အစည်းအဝေး၌ အတည် ပြုခဲ့ပြီး ဒုတိယမူကြမ်းကို ၂၀၂၁ ခုနှစ် မေလတွင် TPCC က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

PSLF/ TNLA သည် မြန်မာစစ်တပ်နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ရေးထိုးထားခြင်းမရှိသောတပ်ဖွဲ့တစ်ခုဖြစ်ပြီး ရက္ခိုင့်တပ်တော် (AA) ၊ ကိုးကန့် တပ်မတော် (MNDAA) တို့နှင့် မဟာမိတ်ဖွဲ့ထားသည့် မြောက်ပိုင်းညီနောင် မဟာမိတ်အဖွဲ့ဝင်လည်း ဖြစ်သည်။

လက်ရှိတွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်တပ်တို့အကြား မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေ သည်။

စာတည်း။ ။ ‌နောင်နောင်

စာမူတည်းဖြတ်။ ။စောဖေ

ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...
September 9, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ငါးရှာသွားသည့် အသက် ၁၆ နှစ်ဝန်းကျင်အရွယ်...
စစ်အုပ်စုတပ်က ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲ တစ်ခု။ / Crd
September 8, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန်...