ဒီးမော့ဆိုမြို့နယ်တွင် ပြည်သူ ၁၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရ

ဒီးမော့ဆိုမြို့နယ်တွင် ပြည်သူ ၁၀,၀၀၀ ကျော် စစ်ဘေးရှောင်နေရ

ဂျူချန်း — ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးလာ သဖြင့် ဒေသခံ ၁၀,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း စစ်ဘေးရှောင်များအရေးကူညီ ဆောင်ရွက်ပေးနေသူများထံမှ သိရသည်။

“ သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်နေလို့ စစ်ရှောင်နေတာ ၁၀ ရွာနဲ့ အထက်ရှိပါတယ်။ အတိအကျကိုတော့ စာရင်းကောက်နေတုန်းပါ။ လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့လည်း ပစ်တာရှိပါတယ်” ဟု စစ်ရှောင် အရေးကူညီပေးနေသူ ဦးဇော်မင်းထိုက်က မဇ္ဈိမသို့ပြောသည်။

စစ်ကောင်စီတပ်သည် ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှနေ၍ စစ်ကြောင်းသုံးကြောင်းခွဲကာ အင်အားရာကျော် အသုံးပြု၍ မတ်လ ၁၁ ရက်နေ့မှ ယနေ့ ၁၃ ရက်နေ့အထိ ထိုးစစ်ဆင်နေခြင်းဖြစ်ကာ လမ်းတစ်လျှောက် ရှိကျေးရွာများကို မီးရှို့ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများလည်းရှိကြောင်း ၎င်းကဆိုသည်။

ထို့ကြောင့် ဒေါပဲ့တူ၊ ဒေါညေးခူ၊ ဒေါတမကြီး၊ ဒေါစဲ၊ နန်းမတွေ၊ ဒေါတမြေး၊ ဒေါတမူး၊ ဒေါဆိုဖြ စသည့် ကျေးရွာများအပါအဝင် ကျေးရွာပေါင်း ၁၀ ရွာထက်မနည်းမှ ကလေးငယ်များအပါအဝင် ဒေသခံပြည်သူ ပေါင်း ၁၀,၀၀၀ ကျော်သည် ဘေးလွတ်ရာသို့တိမ်းရှောင်နေရခြင်းဖြစ်သည်။

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များ ဖြစ် ကြသည့် ကရင်နီတပ်မတော်-KA ၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF တို့ကြား တိုက်ပွဲပြင်း ထန်လျက်ရှိကာ စစ်ဘေးရှောင်များ နေထိုင်စားသောက်ရေးအတွက် အကူအညီများ လိုအပ်လျက်ရှိ ကြောင်း သိရသည်။

စစ်အာဏာသိမ်းချိန်မှစ၍ စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးမှုများကြောင့် ကရင်နီပြည်နယ် တစ်ခုလုံး တွင် စစ်ဘေးရှောင်ဦးရေ ၂၀၀,၀၀၀ (နှစ်သိန်း) ဝန်းကျင်အထိရှိနေကြောင်းလည်း စစ်ရှောင်အရေး ကူညီ ပေးနေသူများက ပြောသည်။

စာတည်း ။ ။ Alden

စာမူတည်းဖြတ်။ ။စောဖေ

ရှမ်းပြည်အတွင်းရှိ စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၂) သို့ ပို့ဆောင်ခံရသည့် တပ်သားစု ဆောင်းခံရ သူများကို ၂၀၂၅ ခုနှစ်၊ ဧပြီလအတွင်းက တွေ့ရစဉ်။ / (Photo: MOI)
September 10, 2026
ရန်ကုန်မြို့တွင် မြို့တွင်း၌ နေ့ခင်းဘက်ပါ ဖမ်းဆီးမှုများ ပြုလုပ်နေသဖြင့် တပ်သားစုဆောင်းမှု...
September 10, 2026
၈၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ (81st Session of the United Nations General Assembly) ၏...
September 9, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် ငါးရှာသွားသည့် အသက် ၁၆ နှစ်ဝန်းကျင်အရွယ်...
စစ်အုပ်စုတပ်က ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲ တစ်ခု။ / Crd
September 8, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန်...